ကျွန်တော်တို့ရွာကို လာလည်သူအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ...

Sunday, May 25, 2008

လွမ်းစိတ်..တ..သ..

ငါအိမ်ပြန်ရတော့မှာပါလား..လို့တွေးမိတိုင်း.ကိုယ့်အိမ်ကို.ကိုယ်ပြန်တာဘာကြောင့်
များ.မပျော်ရွှင်နိုင်ရတာပါလိမ့်လို့..ကိုယ့်ကိုယ်ကိုပြန်မေးနေမိတယ်..အမှန်တကယ်
မပျော်ရွှင်တာလားဆိုတော့လဲ.လုံးဝမပျော်တာမဟုတ်ပြန်ဘူး..ဒါဆိုပျော်နေသလား
ဆိုတော့.အဖြေက..ဟင့်အင်..အော်..ခက်လိုက်တဲ့စိတ်..ကိုယ်စိတ်ကိုတောင်နားမ
လည်နိုင်အောင်ဖြစ်နေပြီ.လူတကိုယ်စိတ်နှစ်မျိုးများဖြစ်နေရော့သလားပဲလေအမှန်
ကမပြန်ချင်တာမဟုတ်ဘူး.ပြန်ချင်စိတ်မရှိအောင်အလုပ်ခံထားရတာပါ.ဟုတ်တယ်
လေ.လူတိုင်းမေးကြည့်.ကိုယ့်အိမ်ကို.မပြန်ချင်သူရှိလားလို့..အိမ်နဲ့ခွဲခွါနေရသူတိုင်း
အိမ်လွမ်းစိတ်ကိုယ်စီနဲ့ပါ..နာကြည်းစိတ်မရှိကြဘူးဆိုရင်..ကိုယ့်အိမ်ကိုယ့်ရာကိုပြန်
ချင်ကြသူတွေချည်းပါ.ကျွန်တော်လဲဒီလိုပဲပေါ့ပြန်တော့ပြန်ချင်တာပါပဲ..ပြန်ရတော့
မယ်ဆိုမှ..ခုနေမြဲနေရာကိုနှမြော.တ.သ.နေမိတယ်.လွမ်းမယ်ဆိုလဲလွမ်းလောက်စ
ရာပါပဲလေ..ကိုယ့်ဇာတိဋ္ဌာနေနဲ့က..ဘယ်လိုမှမနှိုင်းယှဉ်နိုင်တာ.လမ်းကြည့်မလား
ကောင်းမှကောင်းပဲ..ရေလား.ရွာတွေအထိရေသန့်စက်နဲ့ကိုပေးတာ.လျှပ်စစ်ဆိုရင်
ကော.မီးပျက်တယ်ဆိုတာ.ယုံတမ်းစကားလိုပဲ..ဆက်သွယ်ရေးဆိုရင်ခလေးကအစ
ဖုန်းတဂွမ်ဂွမ်နဲ့ဗျာ.အင်တာနက်ကတော့ကိုယ်ပိုင်သုံးမလား.ဆိုင်မှာသုံးမလားအား
လုံးအဆင်သင့်..ဒီလိုအစစအရာရာသာနေတာဆိုတော့လဲ..နေမြဲနေရာကို.တရှိက်
မက်မက်တမ်းတနေမိတာပေါ့ဗျာ..ဒီလိုအားလုံးအစဉ်သင့်နေတဲ့နေရာမျိုးဘယ်လို
ပုဂ္ဂိုလ်က.ခွါခြင်ပါ့မလဲဗျာနော.အင်း.ဒါပေမဲ့.ဘယ်တတ်နိုင်မလဲဗျာ..ပြန်မှကိုဖြစ်မှာ
ဆိုတော့.ပြန်ကိုပြန်ကြရတော့မှာပေါ့နောက်ဆုံးတော့လဲ.ခေတ်နောက်ကျနေတဲ့ရွာ
မတိုးတက်သေးတဲ့..မဖွံ့ဖြိုးသေးတဲ့ရွာအစား..စိမ်းစိုနေတဲ့လယ်ကွင်းတွေ.နွေးထွေး
တဲ့ရွာသားတွေရဲ့အပြုံးချိုချိုတွေဧည့်ဝတ်ကျေတဲ့ရွာသားတွေရဲ့.အပြုအစုဒါတွေကိုပဲ
အာရုဏ်မျှော်..ပြုံးတပျော်ပျော်နဲ့ကြိုနေကြမဲ့ရွာသားတွေဆီကိုပြေးလို့သာအရောက်
လှမ်း..မြန်းကြရတော့ မှာပ….

ဘုတလင်
မောင်ညိုချော

1 comment:

အညာသား said...

ဟုတ်ပါ့ဗျာ။ မှန်ပ မှန်ပ။ :)