Friday, June 20, 2008
နယုန်လပြည့် မဟာသမယနေ့
ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ၊ တနှစ်ပတ်လုံးလအလိုက်ပွဲတော်တွေ ကျင်းပလေ့ရှိကြပါတယ်၊တန်ခူးမှာသင်္ကြန်၊ကဆုန်ကြတော့ညောင်ရေသွန်း၊
ဟော..အခုနယုန်ကြပြန်တော့..မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ပွဲ။တချိ့လ
နှင့်တချို့ပွဲတော်တွေက..မြန်မာ့ရိုးရာဓလေ့ပွဲတော်..တချို့ကဘာသာရေးပွဲ၊
အခုကျင်းပတဲ့ပွဲကတော့ဘာသာရေးပွဲတော်စစ်စစ်၊ဗုဒ္ဓဘာသာပွဲတော်ပေါ့ဗျာ၊
မဟာဆိုတာက၊ကြီးမြတ်ခြင်း၊ကြီးကျယ်ခြင်း၊ထူးမြတ်ခြင်းတဲ့၊ သမယ၊ဆိုတာက
တော့၊အခါကာလ၊အချိန်တဲ့၊ ဒီတော့ကား..မဟာသမယ၊ကြီးကျယ် ထူးမြတ်တဲ့
အချိန်ကာလပေါ့ဗျာ၊ဒီနယုန်လပြည့်နေ့ဟာ၊ထူးမြတ်တဲ့နေ့လို့ဆိုလို တာပေါ့ဗျာ၊
နယုန်လပြည့်နေ့ရဲ့ကြီးကျယ်ထူးမြတ်ပုံ၊မဟာသမယလို့အမည်တွင်ပုံ၊
မဟာသမယနေ့ဖြစ်ပေါ်လာပုံတွေက၊ဒီလိုဗျ…ဒီလို…
မြတ်ဘုရားရှင်လက်ထက်က..ကပိလ၀တ်ပြည်သားတွေနှင့်၊ကောလိ ယပြည်သား
တွေပြဿနာဖြစ်ကြသတဲ့၊ ဖြစ်စကတော့နှစ်ပြည်ထောင်လယ်သ မားတွေပါ၊
သိကြတဲ့အတိုင်းပဲလေ၊ လယ်သမားတွေဖြစ်တဲ့ပြဿနာဆိုမှတော့ လယ်ယာမြေ
နှင့်စပ်တဲ့ပြဿနာပေါ့ဗျာ၊လယ်ယာမြေဆိုတာကလဲ၊လယ်သမား တွေရဲ့အသက်
ကိုးဗျ၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊၊ဖြစ်ပုံက၊လယ်ယာမြေစိုက် ချိန်မှာရေလိုကြ
သကိုး၊ ရေကလည်း၊ရောဟိနီမြစ်ကနေမှရပြန်၊ ဒီရောဟိနီမြစ် ဆိုတာကလဲ၊နှစ်
ပြည်ထောင်အလယ်ဗဟိုကနေစီးပြန်ဆိုတော့၊သူအရင်သုံးမည်၊ငါအရင်သုံးမည်၊
ဖြစ်ကုန်ကြတာပေါ့၊နှစ်စဉ်နှစ်တိုင်းတော့အစဉ်ပြေပါရဲ့၊ ဒီနှစ်မှာတော့အစဉ်မပြေ
နိုင်တော့ဘူးလေ၊မိုးကခေါင်တာကိုး၊ဒီနှစ်လယ်သမားတွေအတွက်ရေကလုံလုံ
လောက်လောက်မရနိုင်တော့ဘူးကိုး၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊
..အဲ..လယ်သမားတွေဖြစ်တဲ့ပြဿနာက၊လယ်သမားတွေတင်မ ပြီးဘူး၊နှစ်ပြည်
ထောင်မင်းညီမင်းသားတွေဆီရောက်ပါရော၊ဒီတော့လဲပြဿနာ ကမငြိမ်းတော့ဘူး
လေ၊ကြီးသထက်ကြီးပြီးနှစ်ပြည်ထောင်စစ်ခင်းရမယ့်အခြေအနေရောက်ကရောပဲ၊
တဖက်နှင့်တဖက်အလျှော့မပေးကြပဲ၊သွေးချောင်းစီးစစ် ပွဲကြီးစစ်ခင်းဖို့စိုင်းပြင်ကြ
ပါလေရော၊
ဒီနှစ်ပြည်ထောင်ဆိုတာကလဲ၊သူစိမ်းတွေမှမဟုတ်ကြဘဲ၊၀မ်းကွဲညီကို တူရီးတွေလေ၊မြတ်ဘုရားရှင်ရဲ့ဆွေမျိုးရင်းခြာတွေလေ၊ဒီတော့မြတ်ဘုရားရှင် ကငြိမ်းချမ်းရေးတရား၊စေ့စပ်ရေးတရားတွေဟောကြားကြရတော့တာပေါ့၊ ဒီလိုဟောတဲ့နေရာမှာ၊မြတ်ဘုရားရှင်က၊သာဓကတွေအနေနဲ့၊
1။ ။ဝက်ဝံနှင့်ရုက္ခစိုး၊ရန်ငြိုးထားရာကနှစ်ဦးလုံးပျက်စီးကြရပုံ၊
2။ ။အကြာက်ကြီးပြီး၊စဉ်းစားဆင်ခြင်ဝေဘန်မှုမရှိတဲ့။ယုန်တကောင်စကား
ကြောင့်၊ ဥသျှစ်သီးကြွေတာကို၊ကမ္ဘာပြိုတယ်မှတ်ပြီပြေးကြလို့၊တိရိစ္ဆာန်
တွေဒုက္ခတွေ့ကြရပုံ၊
3။ ။တဖက်သားကိုအားနည်းတယ်ထင်ပြီးအထင်သေးအနိုင်ယူလိုပါကလွယ်
ကူသည့်ကိစ္စမဟုတ်၍အထင်မသေးသင့်ကြောင်းကို၊အားကြီးတဲ့ဆင်ပြောင်
ကြီးကိုနှံစုတ်ငှက် မအနိုင်ယူနိုင်ခဲ့သည့်သာဓကရှိပုံ၊
4။ ။ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့ပိုက်ကွန်မှာငှက်
များအမိခံ ကြရပုံ၊
5။ ။သစ်ပင်များတစုတဝေးတည်းတည်ရှိနေမှုကြောင့်၊လေဒဏ်မိုးဒဏ်ကိုမပြို
မလဲ၊ ကြံ့ကြံ့ခံနိုင်ပုံ၊
6။ ။မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်နိုင်ပုံ၊ ဥပမာ(၆)
ရပ်ပြ ပြီးတရားရေအေး၊ တိုက်ကြွေးကာ၊စေ့စပ်ရေးတရားဟောကြားခဲ့ပါ
တယ်၊ဒီတော့မှနှစ်ပြည်ထောင်သားတွေဟာ၊အမှန်မြင်၊အမှားပြင်လို့ငြိမ်းချမ်း
ရေးရခဲ့ကြပါတယ်၊အဲ..ဒါတင်ကပါရိုးလား…နှစ်ပြည်ထောင်ကမင်းသားပေါင်း
(၅၀၀)ငါးရာ၊သာသနဘောင်ဝင်ပြီးတရားအားထုတ်လိုက်တာ၊ရဟန္တာတွေ
တောင်ဖြစ်ကရောပဲဗျ၊ စင်္ကြာဝဠာကနတ်ဗြဟ္မာတွေနဲ့သတ္တ၀ါတွေကလဲလာ ရောက်တရားနာယူကြရာကတရားထူးတွေရကရောပဲဗျ၊အဲဒီနေ့ဟာ.နယုန်လ
ပြည့်နေ့ပေါ့ဗျာ၊ ဒါကြောင့်ထူးခြားတဲ့နေ့၊ထူးမြတ်တဲ့နေ့၊ကြီးကျယ်မြင့်မြတ်တဲ့
နေ့၊ မဟာသမယနေ့လို့ဆိုသပေါ့ဗျာ၊
အဲ….ဒီလိုထူးခြားတဲ့ကိစ္စတွေနှင့်ပြည့်စုံနေတဲ့နယုန်လပြည့်နေ့မှာ…ထပ် လောင်းထူးခြားစေခဲ့တဲ့အဖြစ်အပျက်တခုကတော့၊သာသနာတော်ကိုအားဖြည့်
ပေးမယ့်ဘိက္ခုနီသာသနာပေါ်လာဖို့စတင်အခြေပျိုးခဲ့တာပါပဲ...ခင်များ...
ဘုတလင်
မောင်ညိုချော

Wednesday, June 4, 2008
အမေ့သားရဲ့ ဝမ်းမြောက်ဖွယ်စကား
ဥသြတွေတွန်ကျူးတဲ့နွေဦးဂိမာန်ကုန်လေပြန်တော့ ကြည်နုးစရာဝသာန်ဦးအခါ
လွန်လို့ ငွေနှင်းတွေခြုံသိုင်းတဲ့ ဟေမာန်ဆောင်းသို့ ရာသီတွေပြောင်းခဲ့ကြပြီ သက္ကရာဇ်တွေအိုမင်း၍ကြီးရင့်ခဲ့လေပြီ ဘယ်လိုပင်အချိန်တွေပြောင်းလို့ နှစ်
တွေဟောင်းခဲ့ပါစေ ခိုလှုံခဲ့ဖူးတဲ့ မေမေ့ရင်ခွင် သားတစ်တနေ့မှ မေ့မရခဲ့ပါ
မေမေ အောင်းမေ့သတိရလွမ်းဆွတ်တမ်းတမိဆဲပါမေမေ သားကိုယ်ထဲမှာ လည်ပတ်နေတဲ့အမေ့ရဲ့သွေးတွေဟာ နွေးထွေးဆဲ ရဲရင့်နေဆဲပါမေမေ “သား
--တစ်တိုင်းတစ်ပြည်မှာ သွားနေတဲ့အခါ အပေါင်းအသင်းတွေကြည့်ပေါင်း
လူတိုင်းနှင့်သင့်မြတ်အောင်ဆက်ဆံ ပညာကိုသာကြိုးစားပါသားရယ်” ဆိုတဲ့အမေထွန်းညှိပေးလိုက်တဲ့အကြင်နာမီးအိမ်လင်းထိန်နေဆဲပါမေမေ---
မေမေ့မှာစကား သား အခါခါကြားယောင်နေမိတယ် တစ်ခါတစ်ရံငယ်စဉ်
တောင်ကျေး ကလေးဘ၀က အမေပြုစုယုယမူတွေကို သားတမ်းတလွမ်း
ဆွေးလျက်ရှိဆဲပါမေမေ--ခုနေခါ သား ပြန်လိုချင်ပါသေးတယ်အမေရယ် ဒါတွေကိုပြန်မရနိုင်သေးမှန်းသားသိပေမယ့် တောင်းတနေမိတဲ့သားကို
ကလေးငယ်ဘ၀က လမင်းကြီးကို “လာပါ--လာပါ” လို့လက်ကလေးယပ်ကာ
ခေါ်နေတဲ့ကလေးဆိုးကြီးလို့ပြောကြမှာလား ဟင်’မေမေ၊သားသားကမေမေ
ကိုသိပ်ချစ်တာပဲသိတယ် ခုလိုနိုင်ငံနဲ့ခွဲ အမေနဲ့ဝေးတဲ့နေရာမှာ သားပညာ
သင်နေရပေမယ့် သားနေပျော်ပါတယ်မေမေရယ်, အမေရွေးချယ်ပေးခဲ့တဲ့
လမ်းကို မမောမပန်း မနွမ်းမခွေလျောက်လှမ်းနေဆဲပါ၊ သား ပျော်ရင်အမေ
ပျော်မှာ အမေ၀မ်းမြောက်မှာ အမေကျေနပ်မှာကို သားနှလုံးသားကသိနေ
ပါတယ်မေမေ ( ၁၃) နှစ်အရွယ်ငယ်ဘ၀က သားကိုရှင်ပြုပေးကြပြီး ဖန်ဝါ
ရောင်ဆင်မြန်း မြတ်သင်္ကန်းဖြင့်တင့်တယ်နေတဲ့သားကိုကြည့်ကာ ပီတိတွေ
ဖုံးလွမ်းနေတဲ့ငွေလမင်းပမာ အမေ့မျက်နှာပြန်မြင်ယောင်နေပါသေးတယ်မေမေ
-- “သားရေ--အရိပ်တွေထဲမှာ ဘုရားရဲ့အရိပ်ဟာ အအေးမြဆုံးအနွေးထွေးဆုံး
တစ်သက်တာဒီအ၀တ်နဲ့ မပြတ်ခါ ပိဋကတ်တွေကို သင်ယူပါ ဗုဒ္ဓရဲ့အမြိုက်ဓမ္မ
အမေ့ကိုဟောပြောပြပြီး ကျေးဇူးဆပ်ပါသားရယ်’’ ဆိုတဲ့မေမေရဲ့ရွှေစကားလေး
ကို သားရဲ့နှလုံးသားထဲ့မှာ တစ်သက်လုံးရင်ဝယ်ပိုက်ပြီး သားကျေးဇူးဆပ်ပါမယ်
လို့ ဒီစာလွှာလေးနဲ့ သားကတိပေးပါရစေမေမေ-- နိုင်ငံရပ်ခြားပညာသင်သွားစဉ်၊ အမေလိုက်ပို့တဲ့ရွာဦးထိပ်ကမြေနီလမ်း ခရီးကြမ်းကလေးမှာ အမေမှာကြားဆုံးမ
စကားလေးကို သားဦးထိပ်ထားဆဲပါမေမေ၊ သား ပညာသင်ယူရမည်နိုင်ငံကို
ရောက်တော့အမေနဲ့ရွာကို သားမေ့မရ၊ပတ်ဝန်းကျင်က အသစ်စက်စက်နဲ့၊အမေ့
သားလေး နေလို့မရခဲ့တာတော့ အမှန်ပါမေမေ-- ဒီနိုင်ငံရဲ့အစားအသောက်က
သူတို့အတွက်တော့ နတ်သုဒ္ဓါပေါ့..မေမေ၊ သားလူလှအတွက်တော့ နတ်သုဒ္ဓါ မဖြစ်နိုင်တာအသေအချာပါမေမေ၊ ဒါပေမယ့် သား-- ကံကောင်းပါတယ် နွေးထွေးအေးမြတဲ့ဆရာတွေရဲ့မေတ္တာကရုဏာ၊ခင်မင်ဖေါ်ရွေတဲ့သူငယ်ချင်း
စာသင်ဖော်တို့ရဲ့မေတ္တာ စေတနာတွေကြောင့် အချိန်တိုလေးအတွင်းမှာသား
နေပျော်လာပါတယ်မေမေ၊ နေ့စဉ်သွားနေကြကျောင်းတော်က သူငယ်ချင်း
တွေကလဲ တနေ့ထက်တနေ့ ပိုပြီးခင်မင်ရင်နှီးလာခဲ့ကြပါတယ်မေမေ၊ မိဘရဲ့
မေတ္တာရိပ်အောက်မှာခိုလုံခွင့် အပြည့်မရနိုင်တဲ့ သားဘ၀ မေမေနဲ့ခွဲ နိုင်ငံနဲ့
ဝေး ဒီမြေလေးမှာ သားပညာသင်ယူနေရတာ မေမေသိနိုင်ပေမဲ့ သားရင်ထဲ
မှာတော့ ဘယ်လိုနေမယ်ဆိုတာ သားမေမေသိနိုင်ပါရဲ့လားမေမေ-- မေမေဆီ
ကိုသာ သားအမြဲတမ်းစိတ်ရောက်နေတယ် လွမ်းဆွေးတမ်းတနေရတယ်
မေမေ အားရပါးရ အမေရယ်လို့ ကမ္ဘာမြေကြီး တုန်ဟီးသွားအောင်အော်
ဟစ်ပြီး သားငယ်စဉ်ဘ၀က ခိုလှုံခဲ့ဘူးတဲ့ မေမေ့ရင်ခွင်ထဲသို့ သားပြေးဝင်
လိုက်ချင်တယ်မေမေ-လောကဓံတရားတွေကိုကြံ့ကြံ့ခံကာ ဘ၀ကိုရုန်းကန်
နေရတဲ့အမေ့ကို သားမကြည့်ရက် မမြင်ရက်ပါဘူးအမေ ဒါကြောင့်လည်း
သားလူဝတ်ကြောင်ဘ၀နဲ့ အမေ့ကို ကျေးဇူးဆပ်ပါရစေလို့ သားပြောခဲ့မိ
တယ် မဟုတ်လားမေမေ-- သားရယ်.. အမေ့ကိုကျေးဇူးဆပ်ချင်ရင် မြင့်
မြတ်တဲ့ရဟန်းဘ၀နဲ့ ဆပ်ပါ တရားနဲ့ဆပ်ပါသားရယ် တခြားနည်းလမ်းတွေ
နဲ့ကျေးဇူးဆပ်တာကို အမေ မလိုချင်ဘူး အခုအတိုင်းလဲ အမေမငတ်ပါဘူး
အမေမပင်ပန်းပါဘူး သားရယ်၊ ကြည်လဲ့လဲ့မျက်ရည်တွေနဲ့ အမေပြောစကား၊
သားရင်ကိုကြေကွဲစေပါတယ်၊ အမေ့စေတနာတွေ သား နှလုံးသားကိုနွမ်း
ဟိုက်မော၊ မပြေလွမ်းမောနွမ်းခွေစေပါတယ်မေမေ-- အမေရယ်သားအပေါ်
ဘာလို့ ဒီလောက်တောင် မေတ္တာစမ်းရည်တွေစီးနေရတာလဲ ဘာလို့ဒီ
လောက်တောင် အကြင်နာလေနုအေးလေးတွေ တိုက်ခပ်ရတာလဲ ဘာလို့ဒီလောက်တောင်စေတနာပန်းတွေပွင့်ပေးခဲ့ရတာလဲ အမေ့ဟာ
သားအတွက်ကိုယ့်ဘ၀တစ်ခုလုံးကို ကျွမ်းမြိုက်ခံကာ အလင်းပေးသွားတဲ့
ဖယောင်းတိုင်လိုပါပဲ မြေနီလမ်းကလေးဘေး၊ ပန်းခရေဖွေးဖွေးကို၊နင်းသူနင်း
ကျော်သူကျော် မြတ်နိုးလို့ပန်လိုပန် သီကုံးလိုသီကုံး၊ တားမြစ်လိုစိတ်လုံးလုံး
သူမျိုသိပ်ခဲ့တာသားတွေ့ဘူးပါတယ် တကယ်တော့ပန်းခရေဟာ နန်းအလယ်
တင့်တယ်တဲ့တော်ဝင်သဇင်လို မ၀င့်ထည်ပါဘူး မခမ်းနားပါဘူး အလှများ
ပေါင်းဆုံခယ အလှတို့ရဲ့ဘုရင်မ နှင်းဆီနီစစလိုလည်း တန်ဖိုးမကြီးတာတော့
အမှန်ပင် သို့သော်သူလည်းလေ ပန်းမျိုးပေမို့ ကြိုင်သင်းဆွတ်ပျံ့တဲ့ သူ့ရဲ့ရနံ့နဲ့
ဖြူစင်လွလွသူ့ရဲ့အလှတွေနဲ့ ဟောဒီလောကကို အလှဆင်ပေးတာလည်း
အမှန်ပါပဲ၊ပန်းခရေပြတဲ့ ဓမ္မစမ်းရေကျတဲ့နံနက်လို နုးညံ့အေးမြလှပါတယ်
မယွင်းပုံတူပ အမေ့အယူအဆ၊ပန်းခရေပြတဲ့ဓမ္မကို သားသဘောပေါက်လိုက်
ပါပြီ---အမေ့ပန်းခရေနှလုံးသား “သား” လေးစားပါတယ် မိခင်တစ်ဦးရဲ့မေတ္တာ
စေတနာ အကြင်နာတွေကို သား နားလည်ပါပြီမေမေ သားဂုဏ်ယူပါတယ်
အမေအပီသဆုံးမိခင်တစ်ယောက်ရဲ့ သားဖြစ်ရတာနဲ့ပဲ ဟောဒီဘ၀ကို သား
ကျေနပ်လိုက်ပါပြီ အသက်ကြီးလာပြီမို့ ကျန်းမာရေးကိုတော့ဂရုစိုက်ပါမေမေ-
အမေ့ဘ၀ရှေ့ခရီးတစ်လျှောက်ထာဝရ ပူပန်သောကတွေပျောက်ကာငြိမ်းအေး
နိုင်ပါစေ-- ဆင်းရဲဒုက္ခတွေ၊ အဆင်မပြေမူတွေ၊ ဘ၀အမောတွေဟာလည်းပိန်း
ကြာမှာရေမတင်သလို၊ ထာဝရကင်းဝေပါစေလို့ သား ပညာသင်ယူနေရာ
အရပ်က မေတ္တာပို့လိုက်ပါတယ်မေမေ-- အမေရယ်ဘယ်ဘ၀မှာ မဆို အဆိုး
အကောင်း လောကဓံဆိုတာရှိကြစမြဲပါ လောကဓံဆိုးတွေဝင်မွှေတိုးတဲ့အခါ
အားမာန်ကိုတင်းပြီး မဆုတ်နစ်တဲ့ယောင်္ကျားတို့ရဲ့ဇွဲနဲ့သားကြိုးစားနေပါတယ် စိန်ခေါ်မူကိုခေါင်းငုံ့ရှောင်ထွက်ပြေးတတ်တဲ့ခပ်ညံ့ညံ့စိတ်ထား အမေ့သားမှာ
မရှိပါဘူး အခက်အခဲများကျော်လွှားပန်းတိုင်ဆီအရောက်သွားမဲ့ အမေအမွေ
ပေးလိုက်တဲ့ယောင်္ကျားတို့ရဲ့သံမဏိစိတ်ထား သားမှာရှိပါတယ်မေမေ--
သုံးနစ်ဆိုတဲ့ အတောအတွင်းမှာ မြတ်ဗုဒ္ဓ----ဟေားကြားထားခဲ့တဲ့တရားတွေ
ကို သား အင်္ဂလိပ်လို သင်ယူပြီ မေမေအတွက်နိုင်ငံတကာမှ အသိမှတ်ပြုတဲ့
BAဘွဲထူးလေးကို သားယူနိုင်လိုက်ပါပြီမေမေ MA အတွက်ကိုလည်း ဆွပ်ခူး
နိုင်ဖို့ မမောမပန်း ရှိသမျှဉာဏ်စွမ်းသုံးကာ စာကိုစိတ်မှာထားအာရုံတွေမများ
ဘဲ သားစာကိုကြိုးစားနေပါတယ်မေမေ၊ သားကျောင်းပြီးလို့ ဘွဲ့ထူးကိုဆွပ်ခူး
ကာ အမေ့ထံအမြန်ပြန်လာခဲ့ပါမယ်မေမေ-- နွမ်းလျှခွေအမေ၊လွမ်းသမျှတွေ
ပြေအေးစေဖို့ အမေ့ဆီတင်သွင်း၊ သားရဲ့ကောင်းသတင်းဟာလည်းပြည့်စုံသ
လောက်ရှိခဲ့ပါပြီ အလွမ်းတွေပျောက် သောကလှိုင်းတွေမရောက်ဘဲ သားအ
တွက်ဂုဏ်ယူမဆုံး အမေပြုံးနိုင်ပါစေတော့၊ နိုင်ငံတွေခြား ဖြေမရွှင်အားဘဲ၊
သားလည်း သတိယနေပါတယ်မေမေ-- အမေလိုရာအောင်ပန်းဟောဒီနှစ်
အရလှမ်းယူပြီး အပြေးလျှင်မပေါ့ သားပြန်လာတော့မှာမို့ ရွာဦးထိပ်ညောင်
ညိုရိပ်ဆီက သားပြန်လာမည့်လမ်း အမေမှန်းကာကြိုနေပါတော့သားချစ်တဲ့
မေမေ--ရေ..
သားချစ် ရင်သွေးငယ်--
သားချစ် ရင်သွေးငယ်--
Monday, June 2, 2008
အကျွန်ုပ်တို့ ဇာတိရွာ
လူတိုင်းမှာမိမိဘ၀စတင်ရာဇာတိရွာဆိုတာရှိကြပါတယ်၊မမေ့အပ်တဲ့အရာငါးမျိုးထဲ
မှာတစ်ခုပေါ့၊ဘယ်သူမှလည်းမမေ့ကြပါဘူး၊မေ့နိုင်ကောင်းတဲ့အရာမှမဟုတ်ဘဲလေ
ကျွန်တော်လဲမမေ့ဘူး၊ကျွန်တော်တို့ ရွာရဲ့သာယာပျောရွှင်ကြည်နူးစရာတွေကြောင့်
လည်းပိုပြီးမမေ့ခဲ့တာပါ၊ကျွန်တော်တို့ ရွာလေးရဲ့ အမည်က``မဒိုင်ကျင်း´´ရွာတဲ့၊
စစ်ကိုင်းတိုင်း၊ဘုတလင်၊မြို့ နယ်ထဲကရွာလေးပေါ့၊သမိုင်းထဲမှာထင်ရှားပြီး၊ သမိုင်း
အတင်မခံရပေမဲ့၊သမိုင်းတွင်သင့်တဲ့ရွာလေးပါ၊-အဟဲ-ကြွားတယ်လဲမထင်ကြပါနဲ့၊
ကျွန်တော်တို့ ရွာလေးဟာ၊ဘုတလင်မြို့နှင့် ဒီပဲယင်းမြို့ နယ်တို့ရဲ့နယ်စပ်မြို့ကလေး
ဖြစ်တဲ့ဆိုင်ပြင်မြို့ရဲ့အနောက်ဘက်၊လေးမိုင်လောက်ဝေးတဲ့၊ဘုတလင်မြို့နယ်အဆုံး
ကရွာလေးပါ၊မြောက်ဘက်မှာ ဒီပဲယင်းမြို့နယ်အဆုံး ရှမ်းတော+ကန်းလမ်းရွာရှိပါ
တယ်၊အရှေ့ဘက်၊တောင်ဘက်နှင့်အနောက်ဘက်တွေမှာတော့ဘုတလင်နယ်ရွာ
တွေပါ၊ဂေါစရဂါမ်ကောင်းတဲ့ရွာဆိုရင်လဲမမှားပါဘူး၊အရှေ့ဆယ်ကြီး၊တောင်ရဲထွက်
အနောက် နှောပင်ကြီးရွာတွေရှိကြပါတယ်။ ရဲထွက်ရွာဆိုတာက နယ်ချဲ.တွေကို
တော်လှန်ခဲ့တဲ့တော်လှန်ရေးခေါင်းဆောင်`ဗန္ဓကရသေ့´ဆိုတဲ့မျိုးချစ်ခေါင်းဆောင်
ကြီးရဲ့မွေးရပ်မြေပါ၊ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဗန္ဓက ရဲ့ ဇာတိရွာနဲ့ နီးတော့ကျွန်တော်တို့ရွာ
ကကော၊တော်လှန်ရေးပုဂ္ဂိုလ်တွေမထွက်ဘူးလားလို့မေးစရာပေါ့၊ထွက်ခဲ့တာပေါ့၊
တော်လှန်ရေးဆိုတာတစ်ဦးတစ်ယောက်ထဲနဲ့အောင်မြင်နိုင်တဲ့အလုပ်မှမဟုတ်တာ၊
`တစ်ယောက်အားနှင့်ယူသော်မရ၊တစ်သောင်းအားနှင့်ယူသော်ရ၏´ဆိုတဲ့စကား
ဟာ၊ အဲဒီတော်လှန်ရေးအတွက်အင်အားစု၊ စည်းရုံးရေးအတွက်ပေါ့၊ လူအင်အား၊
ငွေအင်အား၊ လက်နက်အင်အားတွေနဲ့ပေါင်း၊မျိုးချစ်စိတ်ကိုအရင်းတည်၊ ညီညွတ်
ရေးကိုဦးထိတ်ထားပြီးတော်လှန်ရေးလုပ်ကြရတာပေါ့၊အဲဒီတော်လှန်ရေးလုပ်နေစဉ်
ကျွန်တောတို့ရွာကကောဘာမို့လို့လဲ၊မြန်မာတွေဘဲ၊ဗမာတွေဘဲ၊နိုင်ငံနှင့်လူမျိုးကို၊
အမျိုးမျိုးဖိနှိပ်ချုပ်ချယ်ခံနေရတဲ့အချိုန်မှာ၊ဘယ်သူလက်ပိုက်ကြည့်နေနိုင်မလဲ၊
တော်လှန်ကြမှာပေါ့၊ကျွန်တော်တို့ရွာသားတွေတော်လှန်တာကိုသမိုင်းမှာအထင်က
ရမရှိပေမဲ့၊သမိုင်းတကွက်၊စာတမျက်နှာမှာအထင်အရှားပါ၊စာရေးဆရာမြတ်ထွန်း
သစ်ရေးတဲ့တော်လှန်ရေးနောက်ခံဝထ္ထုနှင့်တိုးတက်ရေးမဂ္ဂဇင်းထဲမှာတွေ့နိုင်ပါ
တယ်၊ဒီအကြောင်းကိုနောက်မှသီးသန့်ရေးပါဦးမယ်၊အခုတော့အကျဉ်းပေါ့၊ဒီပဲယင်း
မြို့ကနယ်ချဲ့စခန်းတခုကိုဝင်စီးဖို့ လက်နက်သယ်ယူရေးတာဝန်ထမ်းဆောင်ခဲ့တာ
ကျွန်တော်တိုရွာသားအစစ်တွေပေါ့ဗျာ၊ကဲယုံကြပြီလား၊ကျွန်တော်ပြောသားပဲ၊သ
မိုင်းတင်သင့်တဲ့ရွာပါလို့၊တော်လှန်ရေးမှာအဓိကအခန်းကမဟုတ်ပေမဲ့ကျရာနေ
ရာကနေပါဝင်ခဲ့တဲ့ကျွန်တော်တို့ဇာတိရွာကမျိုးချစ်ပုဂ္ဂိုလ်ကျော်တွေပေါ့ဗျာကျွန်
တော်တို့ရွာဟာ၊ရေခံမြေခံသိတ်ကောင်းတဲ့ရွာပေါ့ဗျာ၊ရွာပတ်ဝန်းကျင်ဟာသိတ်
ကိုသာယာလှပတာပေါ့ဗျာ၊တခါလာပြီးရင်ထပ်လာချင်စရာကောင်းပါတယ်၊
ရွာအရှေ့ဘက်တဖာလုံလောက်မှာ(ကင်းတပ်)ဆည်ကနေလွှတ်တဲ့မူးရှိပါတယ်၊
အဲဒီမူးရေဟာသိတ်အေးမြ ကြည်လင်လှပါတယ်၊ ရွာကပိုင်နက်လယ်ယာမြေ
တွေတော့ရေမရဘူးပေါ့ဗျာ၊လူ၊နွား၊တွေအတွက်တော့ကြိုက်သလောက်ပေါ့၊
ဆယ့်နှစ်ရာသီအမြဲလွှတ်မေတာပါ၊ ကျွန် တော်တို့ရွာသူရွာသားတွေဟာ၊
အဲဒီ မူးမှာပဲ ရေချိုး ရေခပ်ကြတာပေါ့၊ အဲဒီမူးဟာကျွန်တော်တို့ရွာ၊ရေဖူလုံ
ရေးအတွက်တော့သိတ်ကိုအားကိုးရတာပေါ့၊အရင်ကဆိုရင်ကျွန်တော်တို့ ရွာ
ဟာ၊ ရေမရှားပေမဲ့၊ ပေါတဲ့ရွာတော့မဟုတ်ဘူးဗျ၊ ဘေးရွာတွေကကြည့်ရင်၊
ကျွန်တော်တို့ရွာဟာ၊အတော်လေးကိုမြင့်နေတယ်၊ကုန်းမြင့်နေတာကြောင့်
ရေတွင်းတူးဖို့သိတ်ခက်ခဲရတယ်၊ပေရှစ်ရာကျော်မှရေထွက်တယ်ခင်ဗျ၊၊ရွာ
ပိုင်ရေစက် တလုံးကိုပဲအားကိုးအားထားပြုရတယ်ပေါ့၊ရေကိုလည်းအလှည့်
ကျခပ်ရတာမို့တရွာ လုံးမလုံလောက်ကြဘူး၊လိုသလောက်မရကြဘူးပေါ့ဗျာ၊
ဝယ်ရတဲ့ဈေးကလဲကြီးသဗျ၊ အဲဒီတော့၊သိတ်မခပ်နိုင်ကြဘူးလေ၊သိတ်မခတ်
နိုင်ကြတော့မသုံးနိုင်၊မသုံးနိုင်တော့ ချွေတာ၊ချွေတာတော့၊ရေရှားသလိုဖြစ်
နေတာပေါ့၊ရေရှားပြီဆိုတော့လူတွေဟာရေကို`၀´အောင်မချိုးရလို့မျက်စိနာ၊
မျက်ခမ်းစပ်၊မျက်စိကျိမ်းရောဂါတွေရကြရတယ်၊အပူမလယ်တော့ငယ်ငယ်ရွယ်
ရွယ်နဲ့မျက်စိတွေပျက်ကြ၊ရောဂါဘယတွေထူပြောကြတာပေါ့၊ဒါတွေကဟိုတုန်း
ကပါ၊အခုတော့အဲဒီဘ၀ကအားလုံးလွတ်မြောက်နေကြပါပြီ၊ မူးရေအမြဲလွှတ်
နေတာကြောင့်အချိန်မရွေး၊ရေကို၀၀လင်လင်ချိုးခွင့်ရနေပြီလေ၊`သောက်သုံး
ရေဖူလုံရင်ဘ၀ရဲ့လိုအပ်ချက်လိုအင်တ၀က်တိတိပြည့်သတဲ့´ရှေးလူုကြီးသူမ
တွေပြောတာပဲ၊ဒါဆိုကျွန်တော်တို့ရွာဟာ၊ဘာများလိုသေးလဲနော--အားလုံး
ပြည့်စုံနေတဲ့ရွာ လေးပေါ့ဗျာ၊ဒါကြောင့်ကျွန်တော်ကပြောတာ၊ကျွန်တော်တို့ရွာ
လေးကသာယာ လွန်းလှတယ်၊ ရောက်ဖူးသူတွေထပ်ရောက်ခြင်ကြတယ်လို့
အဲ---ဒါပေမဲ့-တခုတော့ကြိုတင်တောင်းပန်ထားပါရစေ၊အကယ်၍ကျွန်တော်
တို့ရွာကိုသွား မယ်ဆိုရင်ရေမချိုးဘဲနှစ်ရက်သုံးရက်နေနိုင်အောင်လေ့ကျင့်ခဲ့
ပါလို့ ၊ဘာဖြစ်လို့ လဲဆိုတော့၊မူးကရေမလွှတ်တာနဲ့ ကြုံနေမှာစိုးရိမ်မိလို့ ပါဗျ၊
-----အဟဲ----

Wednesday, May 28, 2008
ပဋ္ဌာန်းသံဝေ ဒို့ရွာမြေ
ကဆုန်လဆန်း ( ၉ ) ရက်နေ့ဟာကျွန်တော်တို့ရွာရဲ့ နှစ်စဉ်ကျင်းပမြဲပဋ္ဌာန်းပွဲစ
တဲ့နေ့ပါ၊ကျင်းပလာခဲ့တာကလဲအတော်ကြာခဲ့ပါပြီ၊အကြိမ်အရေအတွက်တောင် ဘယ်နှနှစ်ရှိမှန်းမသိတော့ပါ၊ကဆုန်လတွင်းကျင်းပရခြင်းကတော့၊ကျွန်တော်တို့ ရွာဇာတိဖွား၊မြို့တက်စာသင်နေကြတဲ့ဦးဇင်းကိုယ်ရင်တွေ၊စာဖြေပြီးလို့ရွာပြန်လာ
တဲ့အချိန်မှာ၊ကျင်းပခြင်းဖြစ်ပါတယ်၊အားလုံးသိကြတဲ့အတိုင်းပဲလေ၊တောရွာဆို
တာက၀ါတွင်းစာသင်ချိန်မှာသံဃာရှိကြတာမဟုတ်ဘူးလေ၊ ကျောင်းထိုင်ဆရာ
တော်နှင့်ကိုယ်ရင်ငယ်တွေဘဲရှိကြတာကော၊မြို့တွေမှာတော့ဝါတွင်းကျင်းပလေ့
ရှိကြတာပဲ။ဟုတ်မှာပလေ၊သူတို့မြို့ဆိုတာကလဲဝါတွင်းမှသာသံဃာတွေရှိကြတာ
ကိုး၊၀ါကျွတ် ပြန်တော့လဲစာဖြေရက်နီးလို့သံဃာတွေကအချိန်မပေးနိုင်ကြဘူးလေ၊
နွေဖက်ကြပြန်တော့လဲသံဃာတွေကကိုယ့်ဇာတိရွာပြန်ကြတာဆိုတော့မြို့မှာသံ
ဃာကမရှိပြန်ဘူး၊ဒီတော့၊သူတို့လဲဝါတွင်းပဲကျင်းပကြရမှာပလေ။ပဋ္ဌာန်းဆိုတာ
ကလဲ၊(ကျမ်းကြိးပဋ္ဌာန်း၊ကျမ်းငယ်ဆန်း၊ကျမ်းလတ်ဓာတုကထာ)ဆိုတဲ့အတိုင်း၊
အင်မတန်ခက်ခဲနက်နဲတဲ့ကျမ်းကိုးဗျ၊ နားလည်သဘောပေါက်ဖို့မပြောနဲ့ကြည့်
ပြီးရွတ်ဖတ်ဖို့တောင် အတော်ခက်တာကလား၊ဒါကြောင့်ပဋ္ဌာန်းရွတ်မည့်သံဃာ
ရှာရတာကလဲမလွယ်ဘူး လေ၊ဒီတော့၊ မြို့တက်စာသင်နေကြတဲ့သံဃာတွေ
စာဖြေပြီး ရွာပြန်လာချိန်မှကျွန်တော်တို့လိုကျေးရွာတွေကပဋ္ဌာန်းပွဲတွေကျင်းပ
နိုင်ကြတာပ၊
ကျွန်တော်တို့ရွာအနေနဲ့၊နှစ်စဉ်တော့ရွာလုံးကျွတ်စုပေါင်းလှူဒါန်းကြတဲ့ပဋ္ဌာန်းပွဲ
ပေါ့ဗျာ၊ဒီနှစ်မှာတော့၊စင်္ကာပူရောက်၊ကျွန်တော်တို့ရွာသားကိုကျော်လှိုင်က၊မိဘ
တွေကိုအမှုးထားပြီး၊ပဋ္ဌာန်းပွဲအတွက်မတည်လှူဒါန်းချင်ပါတယ်ဆိုနဲ့၊ဒီနှစ်အတွက်
ခွင့် ပေးလိုက်ရတယ်၊ရွာလုံးကျွတ်ပဋ္ဌာန်းအစား၊ကိုကျော်လှိုင်နှင့်မိသားစုပဋ္ဌာန်း
ဖြစ်သွားတာပေါ့၊အင်း..သူတို့ကလဲ၊တနှစ်ထဲတော့..အားမရဘူး၊အနည်းဆုံး( ၃ )
နှစ်မတည်လှူဒါန်းမယ်၊(၃)နှစ်ပြည့်လို့တတ်နိုင်နေသေးရင်၊နောက်နှစ်တွေထပ်ပြီး မတည်လှူဒါန်းမယ်ဆိုတာနဲ့၊ပဋ္ဌာန်းပွဲဖြစ်မြောက်ရေးကောမတီက၊သဘောတူ လက်ခံလိုက်တယ်၊ဘယ်သဘောမတူဘဲရှိလိမ့်မလဲဗျာ၊တောရွာတွေဆိုတာက ငွေရေးကြေးရေးလွယ်တာမဟုတ်ဘူး၊သဒ္ဓါတရားအားကောင်းကြလို့သာဒီလိုပွဲ မျိုးကျင်းပနိုင်ကြတာ၊ခုတော့အလှူရှင်ကိုယ်တိုင်ကသဒ္ဓါတရားအပြည့်နဲ့တာဝန်
ယူနေမှတော့၊ ကော်မတီကလဲသဘောတူပေးကြရတော့မပေါ့ဗျာ၊ ဒီတော့လဲ အရင်နှစ်ကကျင်းပနေကြအကြိမ်အရေအတွက်အစား၊အလှူရှင်မိသားစုရဲ့ပဌမ
စလှူတဲ့နှစ်ကို၊ပဌမအကြိမ်လို့မှတ်တမ်းတင်လိုက်တယ်၊ဆိုလိုတာက၊ ရွာလုံး
ကျွတ် ပဋ္ဌာန်းပွဲအကြိမ်အရေအတွက်ကသတ်သတ်၊ကိုကျော်လှိုင်နှင့်မိသားစု
ပဋ္ဌာန်းက သတ်သတ်ဖြစ်သွားအောင်လို့ပေါ့ဗျာ၊ပြောရဦးမယ်ဗျ..နှစ်စဉ်အသုံး
ပြုနေတဲ့ဆိုင်း ဘုတ်အ၀တ်မှာကွက်လပ်ချန်ပြီးအကြိမ်အရေအတွက်ရေးနိုင်
အောင်လုပ်ထားကြသဗျ၊ ကိုကျော်လှိုင်တို့က၊ပဌမအကြိမ်လှူမတည်တာမို့
ကွက်လပ်ထဲမှာ(၁)လို့ရေး မိသဗျ၊(၁)အကြိမ်မြောက်လို့ဖြစ်သွားတာမို့၊အများ
ရဲ့အဟားခံလိုက်ရသေးသဗျ၊ ခုစာဖတ်နေသူလဲဟားမသွားနဲ့နော်၊အကြိမ်အ
ရေအတွက်အများကြီးကျင်းပထားတာကို၊ကျေးရွာဓလေ့ကြွားဝါခြင်းတမျိုးလို့
မှတ်ထားလိုက်ပေါ့ဗျာ.အဟဲ..
.အင်း..ဘယ်သူပဲလှူလှူ၊ဘယ်သူပဲမတည်မတည်၊ ဘယ်သူပဲပြုလုပ်ပြုလုပ်၊
အဓိကကတော့ကျွန်တော်တို့ရွာဟာ၊ကဆုန်လဆန်း(၉)ရက်ကနေ..လပြည့်
နေ့အထိ. ပဋ္ဌာန်းသံတွေတဝေေ၀၊ဒို့ကျေးရွာမြေ..လို့..ဂုဏ်ယူခဲ့ကြရတာ
ကတော့နှစ်စဉ် ပါပဲခင်များ…..

Tuesday, May 27, 2008
ညောင်ရေသွန်းပွဲ..ဒို့ရွာနွှဲ
ဒီနေ့..ကဆုန်လပြည့်နေ့၊ ပဋ္ဌာန်းပွဲ (၇) ရက်ပြည့်..ပြီးမြောက်လို့အောင်ပွဲခံတဲ့နေ့၊
ပဋ္ဌာန်းသိမ်းပွဲနေ့၊ ပဋ္ဌာန်းအောင်ပွဲနှင့်အတူ၊တဆက်ထဲ၊ ဗောဓိညောင်ရေသွန်းပွဲ
တော်ကိုကျင်းပကြပါတယ်၊ ညောင်ရေသွန်းပွဲတော်အကြောင်းကိုတော့သီးသန့် ရေးပြီးဖြစ်လို့အထူးမညွှန်းလိုတော့ပါဘူး၊နေ့ခင်းမှာပဋ္ဌာန်းအောင်ပွဲ၊ပဋ္ဌာန်းသိမ်း
ပွဲညနေမှာညောင်ရေသွန်းပွဲပါ၊ ရွာကဓာတ်ပုံတွေပို့လိုက်တာ၊ခုမှရတာမို့ဘလော့
မှာ ခုမှတင်ပြလိုက်ပါတယ်၊ ရွာသားတွေကိုယ်တိုင်၊မတောက်တခေါက်ပညာလေး
နဲ့ မှတ်တမ်းတင်ထားတဲ့ပုံတွေမို့၊ရှင်းရှင်းလင်းလင်းမရှိတာကိုတောင်းပန်ပါတယ်၊
အနယ်နယ်အရပ်ရပ်ရောက်နေကြတဲ့ရွာသား တွေကြည့် ကြရဖို့ပါ၊

ဆွမ်းလောင်းပွဲတော်…ဒို့..နွှဲပျော်..
ကဆုန်လဆန်း(၉)ရက်နေ့ကကျင်းပခဲ့တဲ့၊ပဋ္ဌာန်းပွဲတော်ဟာလပြည့်နေ့မှာပြီးပါ
တယ်၊လပြည့်နေညနေမှာဗောဓိညောင်ရေသွန်းပွဲကျင်းပပါတယ်၊လပြည့်ကျော်
တရက်နေ့မှာတော့ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပါတယ်၊ ပွဲတော်ကိုဆက်
တိုက်ကျင်းပပါတယ်၊ ရွာနီးချုပ်စပ်က၊ ဂေါစရဂါမ်၊ သံဃာတော်တွေနှင့်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြတဲ့သံဃာတော်တွေကိုလောင်းလှူကြတာပါ၊ ဒီနှစ်မှာတော့
ပဋ္ဌာန်းရွတ်သံဃာ( ၂၄ )ပါးနှင့်၊ပင့်သံဃာ(၂၆ )ပါး၊အားလုံးပေါင်းသံဃာ(၅၀)ကိုလောင်းလှူကြတာပါ၊မှတ်တမ်းဓာတ်ပုံတွေတင်ပေးလိုက်ပါတယ်..
ရွာသားတွေဝမ်းမြောက်နုမော်သာဓုခေါ်နိုင်ကြဖို့ပါ၊လာရောက်လည်ပတ်
သူတွေ အားလုံးလဲသာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေဗျာ.

Sunday, May 25, 2008
လွမ်းစိတ်..တ..သ..
ငါအိမ်ပြန်ရတော့မှာပါလား..လို့တွေးမိတိုင်း.ကိုယ့်အိမ်ကို.ကိုယ်ပြန်တာဘာကြောင့်
များ.မပျော်ရွှင်နိုင်ရတာပါလိမ့်လို့..ကိုယ့်ကိုယ်ကိုပြန်မေးနေမိတယ်..အမှန်တကယ်
မပျော်ရွှင်တာလားဆိုတော့လဲ.လုံးဝမပျော်တာမဟုတ်ပြန်ဘူး..ဒါဆိုပျော်နေသလား
ဆိုတော့.အဖြေက..ဟင့်အင်..အော်..ခက်လိုက်တဲ့စိတ်..ကိုယ်စိတ်ကိုတောင်နားမ
လည်နိုင်အောင်ဖြစ်နေပြီ.လူတကိုယ်စိတ်နှစ်မျိုးများဖြစ်နေရော့သလားပဲလေအမှန်
ကမပြန်ချင်တာမဟုတ်ဘူး.ပြန်ချင်စိတ်မရှိအောင်အလုပ်ခံထားရတာပါ.ဟုတ်တယ်
လေ.လူတိုင်းမေးကြည့်.ကိုယ့်အိမ်ကို.မပြန်ချင်သူရှိလားလို့..အိမ်နဲ့ခွဲခွါနေရသူတိုင်း
အိမ်လွမ်းစိတ်ကိုယ်စီနဲ့ပါ..နာကြည်းစိတ်မရှိကြဘူးဆိုရင်..ကိုယ့်အိမ်ကိုယ့်ရာကိုပြန်
ချင်ကြသူတွေချည်းပါ.ကျွန်တော်လဲဒီလိုပဲပေါ့ပြန်တော့ပြန်ချင်တာပါပဲ..ပြန်ရတော့
မယ်ဆိုမှ..ခုနေမြဲနေရာကိုနှမြော.တ.သ.နေမိတယ်.လွမ်းမယ်ဆိုလဲလွမ်းလောက်စ
ရာပါပဲလေ..ကိုယ့်ဇာတိဋ္ဌာနေနဲ့က..ဘယ်လိုမှမနှိုင်းယှဉ်နိုင်တာ.လမ်းကြည့်မလား
ကောင်းမှကောင်းပဲ..ရေလား.ရွာတွေအထိရေသန့်စက်နဲ့ကိုပေးတာ.လျှပ်စစ်ဆိုရင်
ကော.မီးပျက်တယ်ဆိုတာ.ယုံတမ်းစကားလိုပဲ..ဆက်သွယ်ရေးဆိုရင်ခလေးကအစ
ဖုန်းတဂွမ်ဂွမ်နဲ့ဗျာ.အင်တာနက်ကတော့ကိုယ်ပိုင်သုံးမလား.ဆိုင်မှာသုံးမလားအား
လုံးအဆင်သင့်..ဒီလိုအစစအရာရာသာနေတာဆိုတော့လဲ..နေမြဲနေရာကို.တရှိက်
မက်မက်တမ်းတနေမိတာပေါ့ဗျာ..ဒီလိုအားလုံးအစဉ်သင့်နေတဲ့နေရာမျိုးဘယ်လို
ပုဂ္ဂိုလ်က.ခွါခြင်ပါ့မလဲဗျာနော.အင်း.ဒါပေမဲ့.ဘယ်တတ်နိုင်မလဲဗျာ..ပြန်မှကိုဖြစ်မှာ
ဆိုတော့.ပြန်ကိုပြန်ကြရတော့မှာပေါ့နောက်ဆုံးတော့လဲ.ခေတ်နောက်ကျနေတဲ့ရွာ
မတိုးတက်သေးတဲ့..မဖွံ့ဖြိုးသေးတဲ့ရွာအစား..စိမ်းစိုနေတဲ့လယ်ကွင်းတွေ.နွေးထွေး
တဲ့ရွာသားတွေရဲ့အပြုံးချိုချိုတွေဧည့်ဝတ်ကျေတဲ့ရွာသားတွေရဲ့.အပြုအစုဒါတွေကိုပဲ
အာရုဏ်မျှော်..ပြုံးတပျော်ပျော်နဲ့ကြိုနေကြမဲ့ရွာသားတွေဆီကိုပြေးလို့သာအရောက်
လှမ်း..မြန်းကြရတော့ မှာပ….

Subscribe to:
Posts (Atom)