ပြာသိုလပြည့်နေ့ဟာမြန်မာ့အမေနေ့ပါ၊ဗုဒ္ဓဘာသာစာပေတွေအရ၊ဒီပြာသိုလပြည့်
ဘုတလင်
မောင်ညိုချော
မဒိုင်ကျင်းရွာမှ ကြိုဆိုပါ၏
ပြာသိုလပြည့်နေ့ဟာမြန်မာ့အမေနေ့ပါ၊ဗုဒ္ဓဘာသာစာပေတွေအရ၊ဒီပြာသိုလပြည့်
ဘုတလင်
မောင်ညိုချော
ဒီနေ့က၊ မြန်မာသက္ကရာဇ် ၁၃၆၉ ခု၊ ပြာသိုလပြည့် အမေနေ့၊ ကမ္ဘာ့အမေနေ့လဲ
သီးသန့်ရှိပါရဲ့၊ကျင်းပတဲ့နေ့လဲမြန်မာပြည်နှင့်မတူဘူးဗျ၊ တနိုင်ငံနှင့်တနိုင်ငံယဉ်
ကျေးမှု၊ဓလေ့တွေကမတူကြဘူးလေ၊အယူအဆတွေမတူကြတော့၊ကျင်းပတဲ့နေ
တွေကွဲကုန်ကြတာပေါ့၊ကျင်းပကြတဲ့နေ့တွေကဘယ်လိုကွဲကွဲ၊အမေ့ကျေးဇူးတွေ၊
အမေ့ဂုဏ်တွေ၊ သတိတရ ချီးကျူးကြ၊ဖေါ်ထုတ်ကြတာမို့၊ အားရကြည်နူးစရာ
တွေချည်းပါပဲ၊ ကျွန်တော်တို့တွေရဲ့အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မှုသော
မြတ်စွာဘုရားရှင်တောင်မှ၊တာဝတိံသာနတ်ပြည်အထိကြွရောက်ပြီး၊မယ်တော်
ဟောင်း( သန္တုသီနတ်သား) ကို၊မိဘကျေးဇူးဆပ်သောအားဖြင့်တရားရေအေး
တိုက်ကျွေးတော်မှုခဲ့သည်မို့၊ မြန်မာဗုဒ္ဓဘာသာတွေဖြစ်တဲ့ကျွန်တော်တို့တွေလဲ
မိဘကျေးဇူးအထူးသိသင့်တာပေါ့ဗျာ--နော--မြန်မာ့အမေနေ့ကိုစာရေးဆရာကြီး
ဦးသုခရဲ့လှုပ်ဆော်မှုကျေးဇူးကြောင့်စတင်ဖြစ်ပေါ်လာတယ်ဆိုရင်မှားအံ့မထင်ပါ၊
ဆရာကြီးကအမေနေ့ဟောပြောပွဲတခုမှာ၊ မြန်မာ့အမေနေ့ကျင်းပစေခြင်၊ဖြစ်ပေါ်
စေချင်ခဲ့တဲ့အကြောင်းကိုဒီလိုဟောပြောခဲ့ပါတယ်၊`တနေ့မှာကျွန်တော်သတင်း
တစ်ပုဒ်ဖတ်ရတယ်၊ဖအေကနောက်အိမ်ထောင်ပြုလို့တဲ့၊သားသမီးတွေက၊အဖေ
အဖြစ်ကစွန့်လွှတ်သတဲ့၊သတင်းစာထဲမှာထည့်ကြေငြာတာ၊ကျွန်တော်တို့ဗုဒ္ဓဘာ
သာမြန်မာပြည်မှာပါ၊ ဒီသတင်းဖတ်ပြီး၊ ကျွန်တော်သိတ်အံ့အောတုန်လှုတ်သွား
တယ်၊ ဒါဟာလုံးဝကိုမဖြစ်သင့်တဲ့ကိစ္စပါ၊ဒီလိုကိစ္စတွေနောင်မဖြစ်ပေါ်စေဖို့ကျွန်
တော်တို့တွေမှာလုံးဝတာဝန်ရှိတယ်၊မိဘကျေးဇူးတွေသိကြဖို့အထူးလှုံ့ဆော်ရမယ်၊
ဆိုပြီး၊အမေနေ့ဖြစ်ပေါ်လာဖို့ကျွန်တော်တို့တွေကြိုးစားခဲ့ကြတာပါ’’တဲ့၊ဆရာကြီးရဲ့
ကြိုးစားမှုအသီးအပွင့်တွေမညှိးခြောက်စေဖို့၊အခက်အလက်တွေဝေဖြာစေဖို့က
မျိုးဆက်သစ်လူငယ်တွေဖြစ်တဲ့ကျွန်တော်တို့တွေရဲ့မဟာတာဝန်ကြီးတရပ်ပဲမဟုတ်
ပါလားဗျာ၊ဒါကြောင့်ကျွန်တော်တို့ဘလော့ကမျိုးဆက်သစ်လူငယ်တွေမိဘကျေးဇူး
အထူးသိကြစေဖို့၊မြန်မာ့အမေနေ့ကိုအမှတ်ရကြပြီး၊အမေ့ကျေးဇူးဆပ်ကြဖို့၊တိုက်
တွန်းသောအားဖြင့်ရေးသားလိုက်ရကြောင်းပါ---ခင်ဗျ----
ဘုတလင်
မောင်ညိုချော
ကျွန်တော်တို့အသင်းဟာသုံးနှစ်သားရှိပါပြီ၊ကျွန်တော်တို့တွေဟာအသင်းရည်ရွယ်
ချက်သုံးရပ်ကိုဖြည့်စည်းနိုင်ဖို့အားမာန်အပြည့်နဲ့တက်ကြွစွာလှုပ်ရှားနေကြပါတယ်၊
အခုဆိုရင်သင်းလုံးကျွတ်စည်းဝေးပွဲကြီး(ကျွန်တော်တို့ရွာသားတွေမျက်နှာစုံညီတွေ့
စုံပွဲ)ကလဲ နီးကပ်လို့လာပြန်ပါပြီ၊ တရုပ်နှစ်သစ်ကူးနေ့ဟာစည်းဝေးပွဲနေ့ပါ၊ ဒီနှစ်တ
ရုပ်နှစ်သစ်ကူးနေ့က၊ဖေဖေါ်ဝါရီလ ( ၇ ) ရက်နေ့ပါ၊ဒီအချိန်ရောက်တိုင်းကျွန်တော် တို့တွေရဲ့စိတ်တွေဝမ်းသာကြည်နူးမှု တွေနဲ့တက်ကြွလို့နေပါတယ်၊ ဝေးကွာနေကြ
တဲ့ရွာသားတွေနှင့် ကျွန်တော်တို့ တွေပြန်လည်တွေ့စုံကြရမှာမို့ပါ၊ အားလုံးက ဒီအ
ချိန်ကိုမျှော်လင့်နေကြတာမဟုတ်ပါလားဗျာ၊ အသင်းရဲ့ထိပ်ပိုင်းခေါင်းဆောင်းတွေ
ကလဲ စည်းဝေးပွဲကျင်းပမည့်နေရာတွေရွေးကြ၊ရှာကြ၊ဆွေးနွေးကြ၊ အသင်းတာဝန်
ခံတွေကလဲ နေရာထိုင်ခင်းများစီစဉ်ဆောင်ရွက်ကြ၊ အသင်းအမှုးဆောင်တွေကလဲ
ကျွေးမွေးရေးတွေပြင်ဆင်ကြ၊ နယ်မြေခံ ခေါင်းဆောင်တွေကလဲ ကြိုဆို ဧည့်ခံရေး
တွေတိုင်ပင်ကြနဲ့၊ မိမိယူရမယ့်တာဝန်တွေ မလစ်ဟင်းရအောင်လှုပ်ရှားနေကြတာ
မောရ၊ပန်းရမှန်းမသိသရောင်ကြည်နူးပျော်ရွှင်တက်ကြွနေကြပါတယ်၊အသင်းဝင်
ရွာသားတွေကလဲ၊ စုံညီပွဲတော်ကိုစုံညီစွာတက်ရောက်နိုင်ကြဖို့၊ တယောက်နှင့်တ
ယောက်၊သတိတွေပေးကြ၊ဖုန်းတွေဆက်ကြ၊ messages တွေပို့ကြနဲ့ပါ၊ဒီလှုပ်ရှား
မှုတွေဟာ အသင်းကြီးရေရှည်တည်တံ့ခိုင်မြဲရေး နှင့် အသင်းရဲ့ရည်မှန်းချက်တွေ
အောင်မြင်ရေးအတွက်အင်အားတွေဖြစ်သလို၊အသင်းသားအားလုံးရဲ့ညီညွတ်မှုသ
ရုပ်၊ချစ်ခင်ရင်းနှီးမှုသင်္ကေတတွေပဲမဟုတ်ပါလားခင်မျာ။ ။
မှတ်တမ်းတင်
ဘုတလင်
မောင်ညိုချော
ကျွန်တော်တို့အသင်းဖွဲ့စည်းပုံကတော့အထူးပြောစရာမရှိဘူးထင်ပါတယ်၊ အခြား
အသင်းအဖွဲ့နည်းတူပါပဲဗျာ၊ နာယက၊ အမှုဆောင်၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊တွေနှင့်ဖွဲ့စည်း
ပါတယ်၊ အဲ--ပြောစရာရှိတာက၊ကျွန်တော်တို့အသင်းရဲ့ရည်ရွယ်ချက်သုံးရပ်ထဲက
နံပတ်သုံး(ဇာတိရွာကို ဖွံ့ဖြိုးရေးတွေလုပ်ဖို့ ) အတွက်အကောင်အထည်ဖေါ်ပေးဖို့
မိမိတို့ကျေးရွာမှာ အသင်းခွဲတခုဖွဲ့တာပါပဲ၊ ဆိုလိုတာက၊ မလေးရှားမှာအသင်းတ
ခု၊ ရွာမှာအသင်းတခုဆိုပါတော့ဗျာ၊ မလေးရှာမှာရှိတဲ့အသင်းကတော့ရည်ရွယ်
ချက်သုံးရပ်နှင့်ပေါ့ဗျာ၊ ရွာအသင်းခွဲကတော့၊မလေးရှားအဖွဲ့ရဲ့ဆန္ဒနှင့်အညီကျေး
ရွာဖွံဖြိုးရေးတွေကိုဆောင်ရွက်ပေးဖို့ပေါ့ဗျာ၊ ကဲမလေးရှားရောက်အဖွဲ့ရဲ့ ဖွဲ့စည်း
ပုံကိုကြည့်ကြပါစို့။။
အသင်းနာယကဆရာတော်များ၊
၁။ ။ဘဒ္ဒန္တ မဟောသဓပဏ္ဍိတ (မောင်းထောင်ဆရာတော် ပုသိမ်မြို့ )။
၂။ ။ဘဒ္ဒန္တ မာနိတာလင်္ကာရ (မောင်းထောင်တိုက်အုပ်ဆရာတော် ပုသိမ်မြို့)။
၃။ ။ဘဒ္ဒန္တ ဣန္ဒာစာရ (ကျောင်းထိုင်ဆရာတော် မဒိုင်ကျင်းကျေးရွာ)။
၎။ ။ဘဒ္ဒန္တ ဉာဏိန္ဒ (စာချဆရာတော် မောင်းထောင်၊ ပုသိမ်မြို့ )။
အသင်း ဥက္ကဋ္ဌ
၁။ ။အရှင်ဇိနဒတ္တ (သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ယခု)၊
ph .no.0094775832315
ဒုတိယ ဥက္ကဋ္ဌ
၁။ ။ကိုမင်းနိုင် (စွန်ကိုင်းပလုပ်).0172454045
အသင်းအတွင်းရေးမှုး
၁။ ။ကိုမြင့်အောင် (မလေးရှား)၊PH.0163151680
၂။ ။ကိုလှမိုး (မလေးရှား)၊PH.0169690627
အသင်းဘဏ္ဍာရေးမှုး
၁။ ။ကိုသိန်းလင်း(မလေးရှား)၊PH.0162683414
အသင်းအမှုးဆောင်
၁။ ။ကိုသန်းဇော် (မလေးရှား)၊PH.0162418893
စာရင်းစစ်များ
၁။ ။ကိုတက်တိုး (မလေးရှား )၊ ၃။ ။ကိုဆန်းလင်း (မလေးရှား)
၂။ ။ကိုအောင်ကိုမင်း(မလေးရှား)၊ ၄။ ။ကိုဗိုလ်ချစ်သိန်းဦး(မလေးရှား)
၅။ကိုထွန်းပေါ၊ (မလေးရှား )
အသင်းနယ်မြေခေါင်းဆောင်များ
၁။ကိုညွန့်လွင်(ဆွန်ကိုင်းဘူလပ်၊မလေး)၊
၃။ ။ကိုခင်မောင်ညွန့်(ကိုတကိမွန်နင်း)
၅။ ။ကိုဇော်ဝမ်း(ဂျိုဟိုး၊ မလေးရှား)၊
၇။ ။ကိုနိုင်ဝင်း(ပီနန်း၊ မလေးရှား)၊
၉။ကိုဇော်မျိုး (ဓမ္မာစာရ )၁၀။ကိုကျော်မျိုးဝင်း၊( မွှား )
၁၁။ ။ကိုဆန်းယု( စမုံညှင်း၊)၁၂။ ။ကိုမြင့်ညိမ်း(ကွန်တန်း)
၁၃။ ။ကိုသင်းမောင်၊(ကလန်း)
ဒါတွေကတော့မလေးရှားအဖွဲ့ပေါ့ဗျာ၊ ဇာတိရွာမှာရှိတဲ့အဖွဲ့စာရင်းကိုတော့
နောက်မှသတ်သတ်ဖေါ်ပြပါရစေ၊
မှတ်တမ်းတင်
ဘုတလင်
မောင်ညိုချော
အသင်းကိုရည်ရွယ်ချက်သုံးရပ်နှင့်ဖွဲ့စည်းပါတယ်၊
၁။ ။တနှစ်လျှင်တစ်ကြိမ်၊မလေးရှားရောက်ရွာသားများချစ်ခင်ရင်းနှီးစွာ
မျက်နှာစုံညီတွေ့စုံနိုင်ရန်
၂။ ။မလေးရှားရောက်ရွာသားတွေရဲ့အခက်အခဲကိုတတ်နိုင်သမျှကူညီ
ဆောင်ရွက်ပေးရန်၊
၃။ ။မိမိတို့၏ဇာတိ၊မဒိုင်ကျင်းကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးကို တတ်နိုင်
သမျှကူညီပံ့ပိုးကြရန်၊
ဒီရည်ရွယ်ချက်သုံးရပ်နှင့်အသင်းကိုစတင်ဖွဲ့စည်းခဲ့တာပါ၊ အသင်းရဲ့သုံးနှစ်တာ ကာလမှာအခက်အခဲအမျိုးမျိုးကိုစုပေါင်းအားနှင့်ရင်ဆိုင်ဖြေရှင်းအဖြေ ရှာပြီး အသင်းရေရှည်တည်တန့်ရေးအတွက်ကြိုးစားရုန်းကန်ခဲ့ကြရပါတယ်၊ အခက်
အခဲဆိုတာကတော့ဘယ်အရာမဆိုတွေ့ကြုံကြစမြဲမို့၊ဘာပဲပြောပြော၊ အသင်း
ရည်ရွယ်ချက်အတိုင်း၊ ရွာသားတွေစုံစုံညီညီနှင့်တွေစုံနိုင်ခဲ့ကြပါတယ်၊မလေးရှား ရောက်ရွာသားတွေရဲ့အခက်အခဲတွေကိုလည်းတတ်နိုင်သမျှကူညီဖြေရှင်းပေး
နိုင်ခဲ့ပါတယ်၊ ဇာတိရွာရဲ့ဖွံ့ဖြိုးရေးတွေကိုလည်းတတ်နိုင်သမျှကူညီပံ့ပိုးနိုင်ခဲ့ကြ
ပါတယ်၊ ဆိုတော့က၊ကျွန်တော်တို့အသင်းရဲ့ရည်ရွယ်ချက်တွေအောင်မြင်တယ်
လို့ဆိုရမှာပေါ့ဗျာ---နော--
မှတ်တမ်းတင်
ဘုတလင်
မောင်ညိုချော
ဒီအသင်းကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မျာအခြေစိုက်ပါတယ်၊မလေးရှားရောက်
ကျွန်တော်တို့ရွာသားလူငယ်တွေ ဖွဲ့စည်းတည်ထောင်ထားတာပါ၊ သက်တမ်းသုံးနှစ်
ကျော်လာပါပြီ၊ ကျွန်တော်တို့ရွာသားတွေဟာ(၂၀၀၂)ခုနှစ်လောက်ကစပြီး၊ မလေး ရှားမြေကိုစတင်အခြေချနေထိုင်ခဲ့ကြပါတယ်၊ရေခြားမြေခြား စွန့်စားဝမ်းစာရှာဖို့ပေါ့
ဗျာ၊ဘ၀အတွက်၊ မိသားစုအတွက်ဆိုပါတော့၊မျှော်လင့်ချက်ရည်မှန်းချက်၊တနင့်တ ပိုးနဲ့ဆိုတော့လဲကြိုးစားရုန်းကန်ရတာနေ့မအားညမနားပါပဲ၊ မလေးရှားရောက်ကျွန်
တော်တို့ရွာသားတွေတစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံကြဖို့အတော်ကိုမလွယ်တဲ့
အဖြစ်ပါ၊ကျွန်တော်တို့ရွားသားတွေရဲ့ရင်ထဲတူညီနေတဲ့ဆန္ဒတစ်ခုက၊အားလပ်ရက်
တွေမှာရွာသားတွေတစုတဝေးတည်း တွေ့နိုင်ဖို့ပါ၊ဒီလိုနဲ့ပဲ၊သူငယ်ချင်းတွေဆုံကြ
တော့၊ရွာသားတွေတစုတဝေးတည်းတွေ့နိုင်မည့်ရက်သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့ကြပါ
တယ်၊ အဲဒီနေ့ကတော့တရုပ်နှစ်သစ်ကူးနေ့ပါ၊ ဒီတရုပ်နှစ်သစ်ကူးနေ့မှာမလေးရှား
နိုင်ငံမှာရှိတဲ့၊ ရုံးတွေ၊ ဈေးဆိုင်တွေ၊ အလုပ်ရုံတွေအတော်များများပိတ်ပါတယ်၊အဲဒီ နေ့ဟာရွာသားတွေမျက်နှာစုံညီတွေ့ဆုံကြဖို့အကောင်းဆုံးနေ့ပါပဲ၊ပထမနှစ်မျက်
နှာစုံညီတွေ့စုံပွဲရဲ့ရလာဒ်ကတော့ကျွန်တော်တို့မဒိုင်ကျင်းကျေးရွာလူငယ်အသင်းဖွဲ့
စည်း နိုင်ခဲ့တာပါပဲ။အဖွဲ့ဝင်ဦးရေ(၉)ယောက်နဲ့စတင်ခဲ့တာပါ၊ သက်တမ်းကြာလာ
တာနှင့် အမျှ၊အဖွဲ့ဝင်ဦးရေဟာလည်း၊ တနှစ်ထက်တနှစ်တိုးပွားလို့လာပါ တယ်၊ဒီ
လိုနှင့်ပဲ ``မဒိုင်ကျင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း´´ဟာမလေးရှား နိုင်ငံမှာကြွားကြွားဝင့်ဝင့်ငွါးငွါးစွန့်စွန့်ပေါ်ထွန်းခဲ့တယ်ပေါ့ဗျာ၊အင်္ဂလိပ်လိပ်လိုတော့
``Development Youth Organization of
လို့ခေါ်သပေါ့ဗျာ၊---အ ဟဲ----
မှတ်တမ်းတင်
ဘုတလင်
မောင်ညိုချော
2008 ခုနှစ် ဇန်န၀ါရီလ(၄) ရက်နေ့က၊သီရိလင်္ကာနိုင်ငံတောင်ပိုင်းမြို့တော်၊ ဂေါမြို့
ရောက်စဉ် အမှတ်တရရိုက်ခဲ့တဲ့ပုံတွေပါ၊ ဒီမြို့လေးဟာ၊ သေးပေမဲ့သိတ်သာယာတဲ့
မြို့ပါ၊နိုင်ငံခြားသားတွေအများအပြားတွေ့ရပါတယ်အပန်းဖြေလာကြတယ်ထင်ပါရဲ့၊
ဦးဇင်းတို့ကလဲမြန်မာပြည်ကဆိုတော့နိုင်ငံခြားသားတွေပေါ့လေ၊သူတို့ကမြန်မာဆို
မသိကြဘူး၊သူတို့သိတာ၊ခေါ်တာက(ဘုရုမေ)တဲ့၊မြန်မာဘုန်းကြီးတွေကိုခေါ်တာက
(ဘုရုမေစာဓု)တဲ့၊ ဦးဇင်းတို့ကလဲသီရီလင်္ကာကို၊သီဟိုဠ်လို့ခေါ်သကိုး၊ ဒီမြို့က ပင်
ဦးဇင်တို့ဗမာပြည်၊ ဧရာဝတီတိုင်းက ချောင်းသာ၊ ငွေဆောင်ကမ်းခြေလိုပါဘဲ၊
အုန်း ရည်ကလဲပေါမှပေါဘဲ၊ အမိ မြေပြန် ရောက်နေသလားအောက်မေ့မိပါရဲ့၊
အမိမြေ အလွမ်းပြေပေါ့၊ ဘယ်သူတွေဘာပဲပြောပြော၊ ဘယ်နေရာတွေဘယ်လိုလှ
လှ၊ မိထွေးရင်ခွင်မှာနေရတဲ့သား၊အမိရင်ခွင်အစစ်လောက်ဘယ်လိုမှမနွေးထွေး
နိုင်တာ ကိုတော့၊ ခံစားဘူးသူတိုင်းသိကြမှာပါလေ-------။ ။
ဘုတလင်
မောင်ညိုချော၊
ကျွန်တော်တို့ ရွာ ဇာတိနွယ်ဖွား၊သာသနအာဇာနည်ဘွဲ့ရဆရာတော်
တွေ အကြောင်းတင်ပြမလို့ ပါ၊ ဇာတိရွာနဲ့ဝေးကွာနေကြတဲ့ ကျွန်တော် တို့ရွာသားတွေဂုဏ်ယူဝင့်ကြွားနိုင်ကြစေဖို့ပါ၊ ဆရာတော်တွေရဲ့ထေ ရုပ္ပတ္တိအကျယ်ကိုတော့နောက်မှတင်ပြပါမည်၊ အခုတော့ ဘွဲ့ ရသံဃာ
တော်တွေရဲ့ စာရင်းပေါ့ဗျာ။။
၁။ ။ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏ
က။။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ ၊
ခ။ ။သာသနဓဇဓမ္မာစရိယ ဘွဲ့ ၊
၂။ ။ဆရာတော် ဘဒ္ဒန္တ သီရိပဏ္ဍိတ
က။ ။အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ ၊
ခ။ ။သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ ဘွဲ့၊
၃။ ။ဆရာတော် ဘဒ္ဒန္တ မဟောသဓပဏ္ဍိတ
က ။အဂ္ဂမဟာပဏ္ဍိတ ဘွဲ့၊
ခ။ ။အဂ္ဂမဟာ ဂန္ထ၀ါစက ပဏ္ဍိတ ဘွဲ့၊
ဂ။ ။သာသနဓဇဓမ္မာစရိယ ဘွဲ့၊
၎။ ။ဆရာတော် ဘဒ္ဒန္တ မာနိတာလင်္ကရ
က။ ။မဟာဂန္ထ၀ါစက ပဏ္ဍိတ ဘွဲ့၊
ခ။ ။ဒီဃဘာဏက ဘွဲ့၊
ဂ။ ။သာသနဓဇဓမ္မာစရိယ ဘွဲ့၊
၅။ ။ဆရာတော် ဘဒ္ဒန္တ ဇိနဒတ္တ
က။ ။သာသနဓဇဓမ္မာစရိယ ဘွဲ့၊
ခ။ ။ဝိနယ၀ိဒူ ဘွဲ့၊
ဆရာတော်တွေရဲ့ ထေရုပ္ပတ္တိ ကိုတော့နောက်မှ ပြည့်ပြည့်စုံစုံဖေါ်ပြနိုင်
အောင် ကြိုးစားပါမည်၊
ဘုတလင်
မောင်ညိုချော၊
ငါတခါမှမဆိုဘူးခဲ့တဲ့ သီချင်းတပုဒ်ကို၊
ဘာကြောင့်များငါ့သမိုင်းထဲထည့်ချင်ရတာပါလိမ့်၊
သမိုင်းဟာအမှန်နည်းတယ်ဆိုတာကိုသက်သေပြချင်တာလား၊
ခွေးဟောင်တိုင်းထမကြည့်တတ်ဘူးနော်၊
မှန်လုံခန်းထဲမ၀င်လျှင်နေပါ၊
ပုံပေါ်မှန်ကိုတော့ကြည့်တတ်ဖို့လိုတယ်၊
``လွမ်းရေးထက်၊၀မ်းရေးခက်သတဲ့´´
``ခွဲရေးထက၊်တွဲရေးခက်သတဲ့´´
ဒီမှန်ဟာသူတို့အတွက်ပဲထင်ပါရဲ့၊
မိုးမလင်းခင် ပျိုးခင်းဝင်တဲ့ လယ်သမား၊
အနှုတ်မများဖို့တော့လိုလိမ့်မည်၊
ဒါဆို------
ငါတို့တွေကလဲ၊
ဆိုနေကြ ကမ္ဘာမကြေသီချင်း၊
မနားတမ်းဆိုဘို့လိုနေပြီ။ ။
ဘုတလင်
မောင်ညိုချော
ပြောပါရတော့ဗျာ--မဒိုင်ကျင်းရွာဆိုတာ-စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်ထဲကရွာလေးတရွာပါ၊ဒီရွာလေးဟာမြန်မာနိုင်ငံမြေပုံထဲမှာပါနေတာ
ဆိုတော့မြန်မာနိုင်ငံကပေါ့ဗျာ၊-အဟဲ--ပြောပါရစေဦးတော့ကျွန်တော်တို့မဒိုင်ကျင်းနွယ်ဖွား၊မဒိုင်ကျင်းရွာသားတွေဟာဒေသအနှံ့၊နိုင်ငံအသီး
သီးမှာသွားရောက်ပြီးအလုပ်လုပ်နေ၊ဘ၀တိုက်ပွဲဆင်နွဲနေကြပါတယ်၊ဘ၀အတွက်၊မိသားစုအတွက်၊ကျေးရွာအတွက်၊နိုင်ငံအတွက်ပေါ့ဗျာ၊
အဲလို--နိုင်ငံအသီးသီးကိုရောက်နေကြတဲ့ကျွန်တော်တို့ရွာသားတွေ၊ဆုံဆည်းရာဆုံမှတ်လေးတခု၊ရှိစေချင်တာကြောင့်ဒီဘလော့လေးလုပ်ဖြစ်
ခဲ့ကြတာပါ၊ဒီဘလော့ကနေတဆင့်နိုင်ငံအသီးသီးကိုရောက်နေကြတဲ့ကျွန်တော်တို့ရွာသားတွေကို၊ရွာအလွမ်းပြေ၊ရွာရဲ့သတင်းတွေသိအောင်
ပြောပြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့ဗျာ၊ကျွန်တော်တို့တင်ပြတဲ့သတင်း၊ရေးသားတဲ့ရွာအကြောင်း၊ဆောင်းပါး၊ဓာတ်ပုံစတာတွေဖတ်ရှုပြီးကျွန်
တော်တို့တွေရဲ့ဇာတိချက်ကြွေ၊မွေးရပ်မြေလေးကို၊သတိရကြ၊အလွမ်းဖြေကြ၊အလွမ်းပြေကြတယ်ဆိုရင်၊ဒီလလော့လေးမွေးဖွားရကျိုးနပ်ပါပြီ
ဒီဘလော့ဟာ၊ကျေးရွာရဲ့ဘလော့မို့၊ကျွန်တော်တို့ကျေးရွာသားတွေအားလုံးကပိုင်ပါတယ်၊ဘယ်သူလူတဦးတယောက်ရဲ့ကိုယ်ပိုင်ဘလော့မှမ
ဟုတ်ဘူးပေါ့ဗျာ၊ဒါကြောင့်လဲ၊ဒီဘလော့ရဲ့အမည်ကိုရွာရဲ့နာမည်ကိုပဲရွေးခဲ့ကြတာပါ၊ဒီဘလော့မှာတင်ပြမည့်အကြောင်းအရာ၊ဖတ်ရှုရမှာတွေက
လဲ၊ရွာအကြောင်းနှင့်ရွာသားအကြောင်းတွေပဲဖြစ်နေမှာပါ၊--အဲ--တခတော့သိအောင်ပြောထားပါရစေ၊လာရောက်လည်ပတ်သူအနေနဲ့၊ကျွန်
တော်တို့ရွာအကြောင်းတွေပဲ၊တွေ့နေ၊မြင်နေရလို့စိတ်ညစ်သွားမယ်ဆိုရင်၊စိတ်မကောင်းစွာပဲတောင်းပန်လိုက်ပါရစေ၊ဒီဘလော့ကကျွန်တော်
တို့ရွာသားတွေအတွက်ပဲသတ်သတ်(သီးသန့်)စီစဉ်ထားတဲ့ဘလော့မို့ပါလို့။--အဲဒါပေမဲ့ပေါ့ဗျာ--ကျွန်တော်တို့ဘလော့လေးက၊လာရောက်လည်
ပတ်သူမိတ်ဆွေတွေအတွက်၊အတွေးအမြင်သစ်တခုခုတော့ပေးနိုင်အောင်ကြိုးစားထားပါတယ်-----လို့--ဗျာနော်--။
ကျွန်တော်တို့ရွာပိုင်ဘလော့ဟာသီရိလင်္ကာမှာစာသင်နေတဲ့၊ဦးဇင်းဇိနရဲ့အားပေးမှု၊ရွာသားတွေရဲ့ဆွေး