ကျွန်တော်တို့ရွာကို လာလည်သူအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ...

Friday, June 20, 2008

နယုန်လပြည့် မဟာသမယနေ့

ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ၊ တနှစ်ပတ်လုံးလအလိုက်ပွဲတော်တွေ ကျင်းပလေ့ရှိကြပါတယ်၊တန်ခူးမှာသင်္ကြန်၊ကဆုန်ကြတော့ညောင်ရေသွန်း၊
ဟော..အခုနယုန်ကြပြန်တော့..မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ပွဲ။တချိ့လ
နှင့်တချို့ပွဲတော်တွေက..မြန်မာ့ရိုးရာဓလေ့ပွဲတော်..တချို့ကဘာသာရေးပွဲ၊

အခုကျင်းပတဲ့ပွဲကတော့ဘာသာရေးပွဲတော်စစ်စစ်၊ဗုဒ္ဓဘာသာပွဲတော်ပေါ့ဗျာ၊

မဟာဆိုတာက၊ကြီးမြတ်ခြင်း၊ကြီးကျယ်ခြင်း၊ထူးမြတ်ခြင်းတဲ့၊ သမယ၊ဆိုတာက

တော့၊အခါကာလ၊အချိန်တဲ့၊ ဒီတော့ကား..မဟာသမယ၊ကြီးကျယ် ထူးမြတ်တဲ့
အချိန်ကာလပေါ့ဗျာ၊ဒီနယုန်လပြည့်နေ့ဟာ၊ထူးမြတ်တဲ့နေ့လို့ဆိုလို တာပေါ့ဗျာ၊
နယုန်လပြည့်နေ့ရဲ့ကြီးကျယ်ထူးမြတ်ပုံ၊မဟာသမယလို့အမည်တွင်ပုံ၊
မဟာသမယနေ့ဖြစ်ပေါ်လာပုံတွေက၊ဒီလိုဗျ…ဒီလို…

မြတ်ဘုရားရှင်လက်ထက်က..ကပိလ၀တ်ပြည်သားတွေနှင့်၊ကောလိ ယပြည်သား

တွေပြဿနာဖြစ်ကြသတဲ့၊ ဖြစ်စကတော့နှစ်ပြည်ထောင်လယ်သ မားတွေပါ၊
သိကြတဲ့အတိုင်းပဲလေ၊ လယ်သမားတွေဖြစ်တဲ့ပြဿနာဆိုမှတော့ လယ်ယာမြေ
နှင့်စပ်တဲ့ပြဿနာပေါ့ဗျာ၊လယ်ယာမြေဆိုတာကလဲ၊လယ်သမား တွေရဲ့အသက်
ကိုးဗျ၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊၊ဖြစ်ပုံက၊လယ်ယာမြေစိုက် ချိန်မှာရေလိုကြ
သကိုး၊ ရေကလည်း၊ရောဟိနီမြစ်ကနေမှရပြန်၊ ဒီရောဟိနီမြစ် ဆိုတာကလဲ၊နှစ်
ပြည်ထောင်အလယ်ဗဟိုကနေစီးပြန်ဆိုတော့၊သူအရင်သုံးမည်၊ငါအရင်သုံးမည်၊
ဖြစ်ကုန်ကြတာပေါ့၊နှစ်စဉ်နှစ်တိုင်းတော့အစဉ်ပြေပါရဲ့၊ ဒီနှစ်မှာတော့အစဉ်မပြေ
နိုင်တော့ဘူးလေ၊မိုးကခေါင်တာကိုး၊ဒီနှစ်လယ်သမားတွေအတွက်ရေကလုံလုံ
လောက်လောက်မရနိုင်တော့ဘူးကိုး၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊
..အဲ..လယ်သမားတွေဖြစ်တဲ့ပြဿနာက၊လယ်သမားတွေတင်မ ပြီးဘူး၊နှစ်ပြည်
ထောင်မင်းညီမင်းသားတွေဆီရောက်ပါရော၊ဒီတော့လဲပြဿနာ ကမငြိမ်းတော့ဘူး
လေ၊ကြီးသထက်ကြီးပြီးနှစ်ပြည်ထောင်စစ်ခင်းရမယ့်အခြေအနေရောက်ကရောပဲ၊
တဖက်နှင့်တဖက်အလျှော့မပေးကြပဲ၊သွေးချောင်းစီးစစ် ပွဲကြီးစစ်ခင်းဖို့စိုင်းပြင်ကြ
ပါလေရော၊

ဒီနှစ်ပြည်ထောင်ဆိုတာကလဲ၊သူစိမ်းတွေမှမဟုတ်ကြဘဲ၊၀မ်းကွဲညီကို တူရီးတွေလေ၊မြတ်ဘုရားရှင်ရဲ့ဆွေမျိုးရင်းခြာတွေလေ၊ဒီတော့မြတ်ဘုရားရှင် ကငြိမ်းချမ်းရေးတရား၊စေ့စပ်ရေးတရားတွေဟောကြားကြရတော့တာပေါ့၊ ဒီလိုဟောတဲ့နေရာမှာ၊မြတ်ဘုရားရှင်က၊သာဓကတွေအနေနဲ့၊
1။ ။ဝက်ဝံနှင့်ရုက္ခစိုး၊ရန်ငြိုးထားရာကနှစ်ဦးလုံးပျက်စီးကြရပုံ၊
2။ ။အကြာက်ကြီးပြီး၊စဉ်းစားဆင်ခြင်ဝေဘန်မှုမရှိတဲ့။ယုန်တကောင်စကား

ကြောင့်၊ ဥသျှစ်သီးကြွေတာကို၊ကမ္ဘာပြိုတယ်မှတ်ပြီပြေးကြလို့၊တိရိစ္ဆာန
တေဒုက္ခတွေ့ကြရပုံ၊
3။ ။တဖက်သားကိုအားနည်းတယ်ထင်ပြီးအထင်သေးအနိုင်ယူလိုပါကလွယ်
ကူသည့်ကိစ္စမဟုတ်၍အထင်မသေးသင့်ကြောင်းကို၊အားကြီးတဲ့ဆင်ပြောင်
ကြီးကိုနှံစုတ်ငှက အနိုင်ယူနိုင်ခဲ့သည့်သာဓကရှိပုံ၊
4။ ။ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့ပိုက်ကွန်မှာငှက်

များအမိခံ ကြရပုံ၊
5။ ။သစ်ပင်များတစုတဝေးတည်းတည်ရှိနေမှုကြောင့်၊လေဒဏ်မိုးဒဏ်ကိုမပြို
မလဲ၊ ကြံ့ကြံ့ခံနိုင်ပုံ၊
6။ ။မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်နိုင်ပုံ၊ ဥပမာ(၆)

ရပ်ပြ ပြီးတရားရေအေး၊ တိုက်ကြွေးကာ၊စေ့စပ်ရေးတရားဟောကြားခဲ့ပါ
တယ်၊ဒီတော့မှနှစ်ပြည်ထောင်သားတွေဟာ၊အမှန်မြင်၊အမှားပြင်လို့ငြိမ်းချမ်း
ရေးရခဲ့ကြပါတယ်၊အဲ..ဒါတင်ကပါရိုးလား…နှစ်ပြည်ထောင်ကမင်းသားပေါင်း
(၅၀၀)ငါးရာ၊သာသနဘောင်ဝင်ပြီးတရားအားထုတ်လိုက်တာ၊ရဟန္တာတွေ
တောင်ဖြစ်ကရောပဲဗျ၊ စင်္ကြာဝဠာကနတ်ဗြဟ္မာတွေနဲ့သတ္တ၀ါတွေကလဲလာ ရောက်တရားနာယူကြရာကတရားထူးတွေရကရောပဲဗျ၊အဲဒီနေ့ဟာ.နယုန်လ
ပြည့်နေ့ပေါ့ဗျာ၊ ဒါကြောင့်ထူးခြားတဲ့နေ့၊ထူးမြတ်တဲ့နေ့၊ကြီးကျယ်မြင့်မြတ်တဲ့
နေ့၊ မဟာသမယနေ့လို့ဆိုသပေါ့ဗျာ၊

အဲ….ဒီလိုထူးခြားတဲ့ကိစ္စတွေနှင့်ပြည့်စုံနေတဲ့နယုန်လပြည့်နေ့မှာ…ထပ် လောင်းထူးခြားစေခဲ့တဲ့အဖြစ်အပျက်တခုကတော့၊သာသနာတော်ကိုအားဖြည့်

ပေးမယ့်ဘိက္ခုနီသာသနာပေါ်လာဖို့စတင်အခြေပျိုးခဲ့တာပါပဲ...ခင်များ...

ဘုတလင်
မောင်ညိုချော






Wednesday, June 4, 2008

အမေ့သားရဲ့ ဝမ်းမြောက်ဖွယ်စကား

ဥသြတွေတွန်ကျူးတဲ့နွေဦးဂိမာန်ကုန်လေပြန်တော့ ကြည်နုးစရာဝသာန်ဦးအခါ
လွန်လို့ ငွေနှင်းတွေခြုံသိုင်းတဲ့ ဟေမာန်ဆောင်းသို့ ရာသီတွေပြောင်းခဲ့ကြပြီ သက္ကရာဇ်တွေအိုမင်း၍ကြီးရင့်ခဲ့လေပြီ ဘယ်လိုပင်အချိန်တွေပြောင်းလို့ နှစ်
တွေဟောင်းခဲ့ပါစေ ခိုလှုံခဲ့ဖူးတဲ့ မေမေ့ရင်ခွင် သားတစ်တနေ့မှ မေ့မရခဲ့ပါ
မေမေ အောင်းမေ့သတိရလွမ်းဆွတ်တမ်းတမိဆဲပါမေမေ သားကိုယ်ထဲမှာ လည်ပတ်နေတဲ့အမေ့ရဲ့သွေးတွေဟာ နွေးထွေးဆဲ ရဲရင့်နေဆဲပါမေမေ “သား
--တစ်တိုင်းတစ်ပြည်မှာ သွားနေတဲ့အခါ အပေါင်းအသင်းတွေကြည့်ပေါင်း
လူတိုင်းနှင့်သင့်မြတ်အောင်ဆက်ဆံ ပညာကိုသာကြိုးစားပါသားရယ်” ဆိုတဲ့အမေထွန်းညှိပေးလိုက်တဲ့အကြင်နာမီးအိမ်လင်းထိန်နေဆဲပါမေမေ---
မေမေ့မှာစကား သား အခါခါကြားယောင်နေမိတယ် တစ်ခါတစ်ရံငယ်စဉ်
တောင်ကျေး ကလေးဘ၀က အမေပြုစုယုယမူတွေကို သားတမ်းတလွမ်း
ဆွေးလျက်ရှိဆဲပါမေမေ--ခုနေခါ သား ပြန်လိုချင်ပါသေးတယ်အမေရယ် ဒါတွေကိုပြန်မရနိုင်သေးမှန်းသားသိပေမယ့် တောင်းတနေမိတဲ့သားကို
ကလေးငယ်ဘ၀က လမင်းကြီးကို “လာပါ--လာပါ” လို့လက်ကလေးယပ်ကာ
ခေါ်နေတဲ့ကလေးဆိုးကြီးလို့ပြောကြမှာလား ဟင်’မေမေ၊သားသားကမေမေ
ကိုသိပ်ချစ်တာပဲသိတယ် ခုလိုနိုင်ငံနဲ့ခွဲ အမေနဲ့ဝေးတဲ့နေရာမှာ သားပညာ
သင်နေရပေမယ့် သားနေပျော်ပါတယ်မေမေရယ်, အမေရွေးချယ်ပေးခဲ့တဲ့
လမ်းကို မမောမပန်း မနွမ်းမခွေလျောက်လှမ်းနေဆဲပါ၊ သား ပျော်ရင်အမေ
ပျော်မှာ အမေ၀မ်းမြောက်မှာ အမေကျေနပ်မှာကို သားနှလုံးသားကသိနေ
ပါတယ်မေမေ ( ၁၃) နှစ်အရွယ်ငယ်ဘ၀က သားကိုရှင်ပြုပေးကြပြီး ဖန်ဝါ
ရောင်ဆင်မြန်း မြတ်သင်္ကန်းဖြင့်တင့်တယ်နေတဲ့သားကိုကြည့်ကာ ပီတိတွေ
ဖုံးလွမ်းနေတဲ့ငွေလမင်းပမာ အမေ့မျက်နှာပြန်မြင်ယောင်နေပါသေးတယ်မေမေ
-- “သားရေ--အရိပ်တွေထဲမှာ ဘုရားရဲ့အရိပ်ဟာ အအေးမြဆုံးအနွေးထွေးဆုံး
တစ်သက်တာဒီအ၀တ်နဲ့ မပြတ်ခါ ပိဋကတ်တွေကို သင်ယူပါ ဗုဒ္ဓရဲ့အမြိုက်ဓမ္မ
အမေ့ကိုဟောပြောပြပြီး ကျေးဇူးဆပ်ပါသားရယ်’’ ဆိုတဲ့မေမေရဲ့ရွှေစကားလေး
ကို သားရဲ့နှလုံးသားထဲ့မှာ တစ်သက်လုံးရင်ဝယ်ပိုက်ပြီး သားကျေးဇူးဆပ်ပါမယ်
လို့ ဒီစာလွှာလေးနဲ့ သားကတိပေးပါရစေမေမေ-- နိုင်ငံရပ်ခြားပညာသင်သွားစဉ်၊ အမေလိုက်ပို့တဲ့ရွာဦးထိပ်ကမြေနီလမ်း ခရီးကြမ်းကလေးမှာ အမေမှာကြားဆုံးမ
စကားလေးကို သားဦးထိပ်ထားဆဲပါမေမေ၊ သား ပညာသင်ယူရမည်နိုင်ငံကို
ရောက်တော့အမေနဲ့ရွာကို သားမေ့မရ၊ပတ်ဝန်းကျင်က အသစ်စက်စက်နဲ့၊အမေ့
သားလေး နေလို့မရခဲ့တာတော့ အမှန်ပါမေမေ-- ဒီနိုင်ငံရဲ့အစားအသောက်က
သူတို့အတွက်တော့ နတ်သုဒ္ဓါပေါ့..မေမေ၊ သားလူလှအတွက်တော့ နတ်သုဒ္ဓါ မဖြစ်နိုင်တာအသေအချာပါမေမေ၊ ဒါပေမယ့် သား-- ကံကောင်းပါတယ် နွေးထွေးအေးမြတဲ့ဆရာတွေရဲ့မေတ္တာကရုဏာ၊ခင်မင်ဖေါ်ရွေတဲ့သူငယ်ချင်း
စာသင်ဖော်တို့ရဲ့မေတ္တာ စေတနာတွေကြောင့် အချိန်တိုလေးအတွင်းမှာသား
နေပျော်လာပါတယ်မေမေ၊ နေ့စဉ်သွားနေကြကျောင်းတော်က သူငယ်ချင်း
တွေကလဲ တနေ့ထက်တနေ့ ပိုပြီးခင်မင်ရင်နှီးလာခဲ့ကြပါတယ်မေမေ၊ မိဘရဲ့
မေတ္တာရိပ်အောက်မှာခိုလုံခွင့် အပြည့်မရနိုင်တဲ့ သားဘ၀ မေမေနဲ့ခွဲ နိုင်ငံနဲ့
ဝေး ဒီမြေလေးမှာ သားပညာသင်ယူနေရတာ မေမေသိနိုင်ပေမဲ့ သားရင်ထဲ
မှာတော့ ဘယ်လိုနေမယ်ဆိုတာ သားမေမေသိနိုင်ပါရဲ့လားမေမေ-- မေမေဆီ
ကိုသာ သားအမြဲတမ်းစိတ်ရောက်နေတယ် လွမ်းဆွေးတမ်းတနေရတယ်
မေမေ အားရပါးရ အမေရယ်လို့ ကမ္ဘာမြေကြီး တုန်ဟီးသွားအောင်အော်
ဟစ်ပြီး သားငယ်စဉ်ဘ၀က ခိုလှုံခဲ့ဘူးတဲ့ မေမေ့ရင်ခွင်ထဲသို့ သားပြေးဝင်
လိုက်ချင်တယ်မေမေ-လောကဓံတရားတွေကိုကြံ့ကြံ့ခံကာ ဘ၀ကိုရုန်းကန်
နေရတဲ့အမေ့ကို သားမကြည့်ရက် မမြင်ရက်ပါဘူးအမေ ဒါကြောင့်လည်း
သားလူဝတ်ကြောင်ဘ၀နဲ့ အမေ့ကို ကျေးဇူးဆပ်ပါရစေလို့ သားပြောခဲ့မိ
တယ် မဟုတ်လားမေမေ-- သားရယ်.. အမေ့ကိုကျေးဇူးဆပ်ချင်ရင် မြင့်
မြတ်တဲ့ရဟန်းဘ၀နဲ့ ဆပ်ပါ တရားနဲ့ဆပ်ပါသားရယ် တခြားနည်းလမ်းတွေ
နဲ့ကျေးဇူးဆပ်တာကို အမေ မလိုချင်ဘူး အခုအတိုင်းလဲ အမေမငတ်ပါဘူး
အမေမပင်ပန်းပါဘူး သားရယ်၊ ကြည်လဲ့လဲ့မျက်ရည်တွေနဲ့ အမေပြောစကား၊
သားရင်ကိုကြေကွဲစေပါတယ်၊ အမေ့စေတနာတွေ သား နှလုံးသားကိုနွမ်း
ဟိုက်မော၊ မပြေလွမ်းမောနွမ်းခွေစေပါတယ်မေမေ-- အမေရယ်သားအပေါ်
ဘာလို့ ဒီလောက်တောင် မေတ္တာစမ်းရည်တွေစီးနေရတာလဲ ဘာလို့ဒီ
လောက်တောင် အကြင်နာလေနုအေးလေးတွေ တိုက်ခပ်ရတာလဲ ဘာလို့ဒီလောက်တောင်စေတနာပန်းတွေပွင့်ပေးခဲ့ရတာလဲ အမေ့ဟာ
သားအတွက်ကိုယ့်ဘ၀တစ်ခုလုံးကို ကျွမ်းမြိုက်ခံကာ အလင်းပေးသွားတဲ့
ဖယောင်းတိုင်လိုပါပဲ မြေနီလမ်းကလေးဘေး၊ ပန်းခရေဖွေးဖွေးကို၊နင်းသူနင်း
ကျော်သူကျော် မြတ်နိုးလို့ပန်လိုပန် သီကုံးလိုသီကုံး၊ တားမြစ်လိုစိတ်လုံးလုံး
သူမျိုသိပ်ခဲ့တာသားတွေ့ဘူးပါတယ် တကယ်တော့ပန်းခရေဟာ နန်းအလယ်
တင့်တယ်တဲ့တော်ဝင်သဇင်လို မ၀င့်ထည်ပါဘူး မခမ်းနားပါဘူး အလှများ
ပေါင်းဆုံခယ အလှတို့ရဲ့ဘုရင်မ နှင်းဆီနီစစလိုလည်း တန်ဖိုးမကြီးတာတော့
အမှန်ပင် သို့သော်သူလည်းလေ ပန်းမျိုးပေမို့ ကြိုင်သင်းဆွတ်ပျံ့တဲ့ သူ့ရဲ့ရနံ့နဲ့
ဖြူစင်လွလွသူ့ရဲ့အလှတွေနဲ့ ဟောဒီလောကကို အလှဆင်ပေးတာလည်း
အမှန်ပါပဲ၊ပန်းခရေပြတဲ့ ဓမ္မစမ်းရေကျတဲ့နံနက်လို နုးညံ့အေးမြလှပါတယ်
မယွင်းပုံတူပ အမေ့အယူအဆ၊ပန်းခရေပြတဲ့ဓမ္မကို သားသဘောပေါက်လိုက်
ပါပြီ---အမေ့ပန်းခရေနှလုံးသား “သား” လေးစားပါတယ် မိခင်တစ်ဦးရဲ့မေတ္တာ
စေတနာ အကြင်နာတွေကို သား နားလည်ပါပြီမေမေ သားဂုဏ်ယူပါတယ်
အမေအပီသဆုံးမိခင်တစ်ယောက်ရဲ့ သားဖြစ်ရတာနဲ့ပဲ ဟောဒီဘ၀ကို သား
ကျေနပ်လိုက်ပါပြီ အသက်ကြီးလာပြီမို့ ကျန်းမာရေးကိုတော့ဂရုစိုက်ပါမေမေ-
အမေ့ဘ၀ရှေ့ခရီးတစ်လျှောက်ထာဝရ ပူပန်သောကတွေပျောက်ကာငြိမ်းအေး
နိုင်ပါစေ-- ဆင်းရဲဒုက္ခတွေ၊ အဆင်မပြေမူတွေ၊ ဘ၀အမောတွေဟာလည်းပိန်း
ကြာမှာရေမတင်သလို၊ ထာဝရကင်းဝေပါစေလို့ သား ပညာသင်ယူနေရာ
အရပ်က မေတ္တာပို့လိုက်ပါတယ်မေမေ-- အမေရယ်ဘယ်ဘ၀မှာ မဆို အဆိုး
အကောင်း လောကဓံဆိုတာရှိကြစမြဲပါ လောကဓံဆိုးတွေဝင်မွှေတိုးတဲ့အခါ
အားမာန်ကိုတင်းပြီး မဆုတ်နစ်တဲ့ယောင်္ကျားတို့ရဲ့ဇွဲနဲ့သားကြိုးစားနေပါတယ် စိန်ခေါ်မူကိုခေါင်းငုံ့ရှောင်ထွက်ပြေးတတ်တဲ့ခပ်ညံ့ညံ့စိတ်ထား အမေ့သားမှာ
မရှိပါဘူး အခက်အခဲများကျော်လွှားပန်းတိုင်ဆီအရောက်သွားမဲ့ အမေအမွေ
ပေးလိုက်တဲ့ယောင်္ကျားတို့ရဲ့သံမဏိစိတ်ထား သားမှာရှိပါတယ်မေမေ--
သုံးနစ်ဆိုတဲ့ အတောအတွင်းမှာ မြတ်ဗုဒ္ဓ----ဟေားကြားထားခဲ့တဲ့တရားတွေ
ကို သား အင်္ဂလိပ်လို သင်ယူပြီ မေမေအတွက်နိုင်ငံတကာမှ အသိမှတ်ပြုတဲ့
BAဘွဲထူးလေးကို သားယူနိုင်လိုက်ပါပြီမေမေ MA အတွက်ကိုလည်း ဆွပ်ခူး
နိုင်ဖို့ မမောမပန်း ရှိသမျှဉာဏ်စွမ်းသုံးကာ စာကိုစိတ်မှာထားအာရုံတွေမများ
ဘဲ သားစာကိုကြိုးစားနေပါတယ်မေမေ၊ သားကျောင်းပြီးလို့ ဘွဲ့ထူးကိုဆွပ်ခူး
ကာ အမေ့ထံအမြန်ပြန်လာခဲ့ပါမယ်မေမေ-- နွမ်းလျှခွေအမေ၊လွမ်းသမျှတွေ
ပြေအေးစေဖို့ အမေ့ဆီတင်သွင်း၊ သားရဲ့ကောင်းသတင်းဟာလည်းပြည့်စုံသ
လောက်ရှိခဲ့ပါပြီ အလွမ်းတွေပျောက် သောကလှိုင်းတွေမရောက်ဘဲ သားအ
တွက်ဂုဏ်ယူမဆုံး အမေပြုံးနိုင်ပါစေတော့၊ နိုင်ငံတွေခြား ဖြေမရွှင်အားဘဲ၊
သားလည်း သတိယနေပါတယ်မေမေ-- အမေလိုရာအောင်ပန်းဟောဒီနှစ်
အရလှမ်းယူပြီး အပြေးလျှင်မပေါ့ သားပြန်လာတော့မှာမို့ ရွာဦးထိပ်ညောင်
ညိုရိပ်ဆီက သားပြန်လာမည့်လမ်း အမေမှန်းကာကြိုနေပါတော့သားချစ်တဲ့
မေမေ--ရေ..

သားချစ် ရင်သွေးငယ်--

Monday, June 2, 2008

အကျွန်ုပ်တို့ ဇာတိရွာ

လူတိုင်းမှာမိမိဘ၀စတင်ရာဇာတိရွာဆိုတာရှိကြပါတယ်၊မမေ့အပ်တဲ့အရာငါးမျိုးထဲ
မှာတစ်ခုပေါ့၊ဘယ်သူမှလည်းမမေ့ကြပါဘူး၊မေ့နိုင်ကောင်းတဲ့အရာမှမဟုတ်ဘဲလေ
ကျွန်တော်လဲမမေ့ဘူး၊ကျွန်တော်တို့ ရွာရဲ့သာယာပျောရွှင်ကြည်နူးစရာတွေကြောင့်
လည်းပိုပြီးမမေ့ခဲ့တာပါ၊ကျွန်တော်တို့ ရွာလေးရဲ့ အမည်က``မဒိုင်ကျင်း´´ရွာတဲ့၊
စစ်ကိုင်းတိုင်း၊ဘုတလင်၊မြို့ နယ်ထဲကရွာလေးပေါ့၊သမိုင်းထဲမှာထင်ရှားပြီး၊ သမိုင်း
အတင်မခံရပေမဲ့၊သမိုင်းတွင်သင့်တဲ့ရွာလေးပါ၊-အဟဲ-ကြွားတယ်လဲမထင်ကြပါနဲ့၊
ကျွန်တော်တို့ ရွာလေးဟာ၊ဘုတလင်မြို့နှင့် ဒီပဲယင်းမြို့ နယ်တို့ရဲ့နယ်စပ်မြို့ကလေး
ဖြစ်တဲ့ဆိုင်ပြင်မြို့ရဲ့အနောက်ဘက်၊လေးမိုင်လောက်ဝေးတဲ့၊ဘုတလင်မြို့နယ်အဆုံး
ကရွာလေးပါ၊မြောက်ဘက်မှာ ဒီပဲယင်းမြို့နယ်အဆုံး ရှမ်းတော+ကန်းလမ်းရွာရှိပါ
တယ်၊အရှေ့ဘက်၊တောင်ဘက်နှင့်အနောက်ဘက်တွေမှာတော့ဘုတလင်နယ်ရွာ
တွေပါ၊ဂေါစရဂါမ်ကောင်းတဲ့ရွာဆိုရင်လဲမမှားပါဘူး၊အရှေ့ဆယ်ကြီး၊တောင်ရဲထွက်
အနောက် နှောပင်ကြီးရွာတွေရှိကြပါတယ်။ ရဲထွက်ရွာဆိုတာက နယ်ချဲ.တွေကို
တော်လှန်ခဲ့တဲ့တော်လှန်ရေးခေါင်းဆောင်`ဗန္ဓကရသေ့´ဆိုတဲ့မျိုးချစ်ခေါင်းဆောင်
ကြီးရဲ့မွေးရပ်မြေပါ၊ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဗန္ဓက ရဲ့ ဇာတိရွာနဲ့ နီးတော့ကျွန်တော်တို့ရွာ
ကကော၊တော်လှန်ရေးပုဂ္ဂိုလ်တွေမထွက်ဘူးလားလို့မေးစရာပေါ့၊ထွက်ခဲ့တာပေါ့၊
တော်လှန်ရေးဆိုတာတစ်ဦးတစ်ယောက်ထဲနဲ့အောင်မြင်နိုင်တဲ့အလုပ်မှမဟုတ်တာ၊
`တစ်ယောက်အားနှင့်ယူသော်မရ၊တစ်သောင်းအားနှင့်ယူသော်ရ၏´ဆိုတဲ့စကား
ဟာ၊ အဲဒီတော်လှန်ရေးအတွက်အင်အားစု၊ စည်းရုံးရေးအတွက်ပေါ့၊ လူအင်အား၊
ငွေအင်အား၊ လက်နက်အင်အားတွေနဲ့ပေါင်း၊မျိုးချစ်စိတ်ကိုအရင်းတည်၊ ညီညွတ်
ရေးကိုဦးထိတ်ထားပြီးတော်လှန်ရေးလုပ်ကြရတာပေါ့၊အဲဒီတော်လှန်ရေးလုပ်နေစဉ်
ကျွန်တောတို့ရွာကကောဘာမို့လို့လဲ၊မြန်မာတွေဘဲ၊ဗမာတွေဘဲ၊နိုင်ငံနှင့်လူမျိုးကို၊
အမျိုးမျိုးဖိနှိပ်ချုပ်ချယ်ခံနေရတဲ့အချိုန်မှာ၊ဘယ်သူလက်ပိုက်ကြည့်နေနိုင်မလဲ၊
တော်လှန်ကြမှာပေါ့၊ကျွန်တော်တို့ရွာသားတွေတော်လှန်တာကိုသမိုင်းမှာအထင်က
ရမရှိပေမဲ့၊သမိုင်းတကွက်၊စာတမျက်နှာမှာအထင်အရှားပါ၊စာရေးဆရာမြတ်ထွန်း
သစ်ရေးတဲ့တော်လှန်ရေးနောက်ခံဝထ္ထုနှင့်တိုးတက်ရေးမဂ္ဂဇင်းထဲမှာတွေ့နိုင်ပါ
တယ်၊ဒီအကြောင်းကိုနောက်မှသီးသန့်ရေးပါဦးမယ်၊အခုတော့အကျဉ်းပေါ့၊ဒီပဲယင်း
မြို့ကနယ်ချဲ့စခန်းတခုကိုဝင်စီးဖို့ လက်နက်သယ်ယူရေးတာဝန်ထမ်းဆောင်ခဲ့တာ
ကျွန်တော်တိုရွာသားအစစ်တွေပေါ့ဗျာ၊ကဲယုံကြပြီလား၊ကျွန်တော်ပြောသားပဲ၊သ
မိုင်းတင်သင့်တဲ့ရွာပါလို့၊တော်လှန်ရေးမှာအဓိကအခန်းကမဟုတ်ပေမဲ့ကျရာနေ
ရာကနေပါဝင်ခဲ့တဲ့ကျွန်တော်တို့ဇာတိရွာကမျိုးချစ်ပုဂ္ဂိုလ်ကျော်တွေပေါ့ဗျာကျွန်
တော်တို့ရွာဟာ၊ရေခံမြေခံသိတ်ကောင်းတဲ့ရွာပေါ့ဗျာ၊ရွာပတ်ဝန်းကျင်ဟာသိတ်
ကိုသာယာလှပတာပေါ့ဗျာ၊တခါလာပြီးရင်ထပ်လာချင်စရာကောင်းပါတယ်၊
ရွာအရှေ့ဘက်တဖာလုံလောက်မှာ(ကင်းတပ်)ဆည်ကနေလွှတ်တဲ့မူးရှိပါတယ်၊
အဲဒီမူးရေဟာသိတ်အေးမြ ကြည်လင်လှပါတယ်၊ ရွာကပိုင်နက်လယ်ယာမြေ
တွေတော့ရေမရဘူးပေါ့ဗျာ၊လူ၊နွား၊တွေအတွက်တော့ကြိုက်သလောက်ပေါ့၊
ဆယ့်နှစ်ရာသီအမြဲလွှတ်မေတာပါ၊ ကျွန် တော်တို့ရွာသူရွာသားတွေဟာ၊
အဲဒီ မူးမှာပဲ ရေချိုး ရေခပ်ကြတာပေါ့၊ အဲဒီမူးဟာကျွန်တော်တို့ရွာ၊ရေဖူလုံ
ရေးအတွက်တော့သိတ်ကိုအားကိုးရတာပေါ့၊အရင်ကဆိုရင်ကျွန်တော်တို့ ရွာ
ဟာ၊ ရေမရှားပေမဲ့၊ ပေါတဲ့ရွာတော့မဟုတ်ဘူးဗျ၊ ဘေးရွာတွေကကြည့်ရင်၊
ကျွန်တော်တို့ရွာဟာ၊အတော်လေးကိုမြင့်နေတယ်၊ကုန်းမြင့်နေတာကြောင့်
ရေတွင်းတူးဖို့သိတ်ခက်ခဲရတယ်၊ပေရှစ်ရာကျော်မှရေထွက်တယ်ခင်ဗျ၊၊ရွာ
ပိုင်ရေစက် တလုံးကိုပဲအားကိုးအားထားပြုရတယ်ပေါ့၊ရေကိုလည်းအလှည့်
ကျခပ်ရတာမို့တရွာ လုံးမလုံလောက်ကြဘူး၊လိုသလောက်မရကြဘူးပေါ့ဗျာ၊
ဝယ်ရတဲ့ဈေးကလဲကြီးသဗျ၊ အဲဒီတော့၊သိတ်မခပ်နိုင်ကြဘူးလေ၊သိတ်မခတ်
နိုင်ကြတော့မသုံးနိုင်၊မသုံးနိုင်တော့ ချွေတာ၊ချွေတာတော့၊ရေရှားသလိုဖြစ်
နေတာပေါ့၊ရေရှားပြီဆိုတော့လူတွေဟာရေကို`၀´အောင်မချိုးရလို့မျက်စိနာ၊
မျက်ခမ်းစပ်၊မျက်စိကျိမ်းရောဂါတွေရကြရတယ်၊အပူမလယ်တော့ငယ်ငယ်ရွယ်
ရွယ်နဲ့မျက်စိတွေပျက်ကြ၊ရောဂါဘယတွေထူပြောကြတာပေါ့၊ဒါတွေကဟိုတုန်း
ကပါ၊အခုတော့အဲဒီဘ၀ကအားလုံးလွတ်မြောက်နေကြပါပြီ၊ မူးရေအမြဲလွှတ်
နေတာကြောင့်အချိန်မရွေး၊ရေကို၀၀လင်လင်ချိုးခွင့်ရနေပြီလေ၊`သောက်သုံး
ရေဖူလုံရင်ဘ၀ရဲ့လိုအပ်ချက်လိုအင်တ၀က်တိတိပြည့်သတဲ့´ရှေးလူုကြီးသူမ
တွေပြောတာပဲ၊ဒါဆိုကျွန်တော်တို့ရွာဟာ၊ဘာများလိုသေးလဲနော--အားလုံး
ပြည့်စုံနေတဲ့ရွာ လေးပေါ့ဗျာ၊ဒါကြောင့်ကျွန်တော်ကပြောတာ၊ကျွန်တော်တို့ရွာ
လေးကသာယာ လွန်းလှတယ်၊ ရောက်ဖူးသူတွေထပ်ရောက်ခြင်ကြတယ်လို့
အဲ---ဒါပေမဲ့-တခုတော့ကြိုတင်တောင်းပန်ထားပါရစေ၊အကယ်၍ကျွန်တော်
တို့ရွာကိုသွား မယ်ဆိုရင်ရေမချိုးဘဲနှစ်ရက်သုံးရက်နေနိုင်အောင်လေ့ကျင့်ခဲ့
ပါလို့ ၊ဘာဖြစ်လို့ လဲဆိုတော့၊မူးကရေမလွှတ်တာနဲ့ ကြုံနေမှာစိုးရိမ်မိလို့ ပါဗျ၊
-----အဟဲ----


Wednesday, May 28, 2008

ပဋ္ဌာန်းသံဝေ ဒို့ရွာမြေ

ကဆုန်လဆန်း ( ၉ ) ရက်နေ့ဟာကျွန်တော်တို့ရွာရဲ့ နှစ်စဉ်ကျင်းပမြဲပဋ္ဌာန်းပွဲစ
တဲ့နေ့ပါ၊ကျင်းပလာခဲ့တာကလဲအတော်ကြာခဲ့ပါပြီ၊အကြိမ်အရေအတွက်တောင် ဘယ်နှနှစ်ရှိမှန်းမသိတော့ပါ၊ကဆုန်လတွင်းကျင်းပရခြင်းကတော့၊ကျွန်တော်တို့ ရွာဇာတိဖွား၊မြို့တက်စာသင်နေကြတဲ့ဦးဇင်းကိုယ်ရင်တွေ၊စာဖြေပြီးလို့ရွာပြန်လာ
တဲ့အချိန်မှာ၊ကျင်းပခြင်းဖြစ်ပါတယ်၊အားလုံးသိကြတဲ့အတိုင်းပဲလေ၊တောရွာဆို
တာက၀ါတွင်းစာသင်ချိန်မှာသံဃာရှိကြတာမဟုတ်ဘူးလေ၊ ကျောင်းထိုင်ဆရာ
တော်နှင့်ကိုယ်ရင်ငယ်တွေဘဲရှိကြတာကော၊မြို့တွေမှာတော့ဝါတွင်းကျင်းပလေ့
ရှိကြတာပဲ။ဟုတ်မှာပလေ၊သူတို့မြို့ဆိုတာကလဲဝါတွင်းမှသာသံဃာတွေရှိကြတာ
ကိုး၊၀ါကျွတ် ပြန်တော့လဲစာဖြေရက်နီးလို့သံဃာတွေကအချိန်မပေးနိုင်ကြဘူးလေ၊
နွေဖက်ကြပြန်တော့လဲသံဃာတွေကကိုယ့်ဇာတိရွာပြန်ကြတာဆိုတော့မြို့မှာသံ
ဃာကမရှိပြန်ဘူး၊ဒီတော့၊သူတို့လဲဝါတွင်းပဲကျင်းပကြရမှာပလေ။ပဋ္ဌာန်းဆိုတာ
ကလဲ၊(ကျမ်းကြိးပဋ္ဌာန်း၊ကျမ်းငယ်ဆန်း၊ကျမ်းလတ်ဓာတုကထာ)ဆိုတဲ့အတိုင်း၊
အင်မတန်ခက်ခဲနက်နဲတဲ့ကျမ်းကိုးဗျ၊ နားလည်သဘောပေါက်ဖို့မပြောနဲ့ကြည့်
ပြီးရွတ်ဖတ်ဖို့တောင် အတော်ခက်တာကလား၊ဒါကြောင့်ပဋ္ဌာန်းရွတ်မည့်သံဃာ
ရှာရတာကလဲမလွယ်ဘူး လေ၊ဒီတော့၊ မြို့တက်စာသင်နေကြတဲ့သံဃာတွေ
စာဖြေပြီး ရွာပြန်လာချိန်မှကျွန်တော်တို့လိုကျေးရွာတွေကပဋ္ဌာန်းပွဲတွေကျင်းပ
နိုင်ကြတာပ၊

ကျွန်တော်တို့ရွာအနေနဲ့၊နှစ်စဉ်တော့ရွာလုံးကျွတ်စုပေါင်းလှူဒါန်းကြတဲ့ပဋ္ဌာန်းပွဲ
ပေါ့ဗျာ၊ဒီနှစ်မှာတော့၊စင်္ကာပူရောက်၊ကျွန်တော်တို့ရွာသားကိုကျော်လှိုင်က၊မိဘ
တွေကိုအမှုးထားပြီး၊ပဋ္ဌာန်းပွဲအတွက်မတည်လှူဒါန်းချင်ပါတယ်ဆိုနဲ့၊ဒီနှစ်အတွက်
ခွင့် ပေးလိုက်ရတယ်၊ရွာလုံးကျွတ်ပဋ္ဌာန်းအစား၊ကိုကျော်လှိုင်နှင့်မိသားစုပဋ္ဌာန်း
ဖြစ်သွားတာပေါ့၊အင်း..သူတို့ကလဲ၊တနှစ်ထဲတော့..အားမရဘူး၊အနည်းဆုံး( ၃ )
နှစ်မတည်လှူဒါန်းမယ်၊(၃)နှစ်ပြည့်လို့တတ်နိုင်နေသေးရင်၊နောက်နှစ်တွေထပ်ပြီး မတည်လှူဒါန်းမယ်ဆိုတာနဲ့၊ပဋ္ဌာန်းပွဲဖြစ်မြောက်ရေးကောမတီက၊သဘောတူ လက်ခံလိုက်တယ်၊ဘယ်သဘောမတူဘဲရှိလိမ့်မလဲဗျာ၊တောရွာတွေဆိုတာက ငွေရေးကြေးရေးလွယ်တာမဟုတ်ဘူး၊သဒ္ဓါတရားအားကောင်းကြလို့သာဒီလိုပွဲ မျိုးကျင်းပနိုင်ကြတာ၊ခုတော့အလှူရှင်ကိုယ်တိုင်ကသဒ္ဓါတရားအပြည့်နဲ့တာဝန်
ယူနေမှတော့၊ ကော်မတီကလဲသဘောတူပေးကြရတော့မပေါ့ဗျာ၊ ဒီတော့လဲ အရင်နှစ်ကကျင်းပနေကြအကြိမ်အရေအတွက်အစား၊အလှူရှင်မိသားစုရဲ့ပဌမ
စလှူတဲ့နှစ်ကို၊ပဌမအကြိမ်လို့မှတ်တမ်းတင်လိုက်တယ်၊ဆိုလိုတာက၊ ရွာလုံး
ကျွတ် ပဋ္ဌာန်းပွဲအကြိမ်အရေအတွက်ကသတ်သတ်၊ကိုကျော်လှိုင်နှင့်မိသားစု
ပဋ္ဌာန်းက သတ်သတ်ဖြစ်သွားအောင်လို့ပေါ့ဗျာ၊ပြောရဦးမယ်ဗျ..နှစ်စဉ်အသုံး
ပြုနေတဲ့ဆိုင်း ဘုတ်အ၀တ်မှာကွက်လပ်ချန်ပြီးအကြိမ်အရေအတွက်ရေးနိုင်
အောင်လုပ်ထားကြသဗျ၊ ကိုကျော်လှိုင်တို့က၊ပဌမအကြိမ်လှူမတည်တာမို့
ကွက်လပ်ထဲမှာ(၁)လို့ရေး မိသဗျ၊(၁)အကြိမ်မြောက်လို့ဖြစ်သွားတာမို့၊အများ
ရဲ့အဟားခံလိုက်ရသေးသဗျ၊ ခုစာဖတ်နေသူလဲဟားမသွားနဲ့နော်၊အကြိမ်အ
ရေအတွက်အများကြီးကျင်းပထားတာကို၊ကျေးရွာဓလေ့ကြွားဝါခြင်းတမျိုးလို့
မှတ်ထားလိုက်ပေါ့ဗျာ.အဟဲ..

.အင်း..ဘယ်သူပဲလှူလှူ၊ဘယ်သူပဲမတည်မတည်၊ ဘယ်သူပဲပြုလုပ်ပြုလုပ်၊
အဓိကကတော့ကျွန်တော်တို့ရွာဟာ၊ကဆုန်လဆန်း(၉)ရက်ကနေ..လပြည့်
နေ့အထိ. ပဋ္ဌာန်းသံတွေတဝေေ၀၊ဒို့ကျေးရွာမြေ..လို့..ဂုဏ်ယူခဲ့ကြရတာ
ကတော့နှစ်စဉ် ပါပဲခင်များ…..

ဘုတလင်
မောင်ညိုချော

ပဋ္ဌာန်းရွတ်ပွဲ..မှတ်တမ်း

Tuesday, May 27, 2008

ညောင်ရေသွန်းပွဲ..ဒို့ရွာနွှဲ

ဒီနေ့..ကဆုန်လပြည့်နေ့၊ ပဋ္ဌာန်းပွဲ (၇) ရက်ပြည့်..ပြီးမြောက်လို့အောင်ပွဲခံတဲ့နေ့၊
ပဋ္ဌာန်းသိမ်းပွဲနေ့၊ ပဋ္ဌာန်းအောင်ပွဲနှင့်အတူ၊တဆက်ထဲ၊ ဗောဓိညောင်ရေသွန်းပွဲ
တော်ကိုကျင်းပကြပါတယ်၊ ညောင်ရေသွန်းပွဲတော်အကြောင်းကိုတော့သီးသန့် ရေးပြီးဖြစ်လို့အထူးမညွှန်းလိုတော့ပါဘူး၊နေ့ခင်းမှာပဋ္ဌာန်းအောင်ပွဲ၊ပဋ္ဌာန်းသိမ်း
ပွဲညနေမှာညောင်ရေသွန်းပွဲပါ၊ ရွာကဓာတ်ပုံတွေပို့လိုက်တာ၊ခုမှရတာမို့ဘလော့
မှာ ခုမှတင်ပြလိုက်ပါတယ်၊ ရွာသားတွေကိုယ်တိုင်၊မတောက်တခေါက်ပညာလေး
နဲ့ မှတ်တမ်းတင်ထားတဲ့ပုံတွေမို့၊ရှင်းရှင်းလင်းလင်းမရှိတာကိုတောင်းပန်ပါတယ်၊
အနယ်နယ်အရပ်ရပ်ရောက်နေကြတဲ့ရွာသား တွေကြည့် ကြရဖို့ပါ၊

ဘုတလင်
မောင်ညိုချော

ညောင်ရေသွန်းပွဲ မှတ်တမ်း

ဆွမ်းလောင်းပွဲတော်…ဒို့..နွှဲပျော်..

ကဆုန်လဆန်း(၉)ရက်နေ့ကကျင်းပခဲ့တဲ့၊ပဋ္ဌာန်းပွဲတော်ဟာလပြည့်နေ့မှာပြီးပါ
တယ်၊လပြည့်နေညနေမှာဗောဓိညောင်ရေသွန်းပွဲကျင်းပပါတယ်၊လပြည့်ကျော်
တရက်နေ့မှာတော့ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပါတယ်၊ ပွဲတော်ကိုဆက်
တိုက်ကျင်းပပါတယ်၊ ရွာနီးချုပ်စပ်က၊ ဂေါစရဂါမ်၊ သံဃာတော်တွေနှင့်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြတဲ့သံဃာတော်တွေကိုလောင်းလှူကြတာပါ၊ ဒီနှစ်မှာတော့
ပဋ္ဌာန်းရွတ်သံဃာ( ၂၄ )ပါးနှင့်၊ပင့်သံဃာ(၂၆ )ပါး၊အားလုံးပေါင်းသံဃာ(၅၀)ကိုလောင်းလှူကြတာပါ၊မှတ်တမ်းဓာတ်ပုံတွေတင်ပေးလိုက်ပါတယ်..
ရွာသားတွေဝမ်းမြောက်နုမော်သာဓုခေါ်နိုင်ကြဖို့ပါ၊လာရောက်လည်ပတ်
သူတွေ အားလုံးလဲသာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေဗျာ.

ဘုတလင်
မောင်ညိုချော

ဒို့ကျေးရွာ ဆွမ်းဆန်စိမ်းလောင်းပွဲ မှတ်တမ်း

Sunday, May 25, 2008

လွမ်းစိတ်..တ..သ..

ငါအိမ်ပြန်ရတော့မှာပါလား..လို့တွေးမိတိုင်း.ကိုယ့်အိမ်ကို.ကိုယ်ပြန်တာဘာကြောင့်
များ.မပျော်ရွှင်နိုင်ရတာပါလိမ့်လို့..ကိုယ့်ကိုယ်ကိုပြန်မေးနေမိတယ်..အမှန်တကယ်
မပျော်ရွှင်တာလားဆိုတော့လဲ.လုံးဝမပျော်တာမဟုတ်ပြန်ဘူး..ဒါဆိုပျော်နေသလား
ဆိုတော့.အဖြေက..ဟင့်အင်..အော်..ခက်လိုက်တဲ့စိတ်..ကိုယ်စိတ်ကိုတောင်နားမ
လည်နိုင်အောင်ဖြစ်နေပြီ.လူတကိုယ်စိတ်နှစ်မျိုးများဖြစ်နေရော့သလားပဲလေအမှန်
ကမပြန်ချင်တာမဟုတ်ဘူး.ပြန်ချင်စိတ်မရှိအောင်အလုပ်ခံထားရတာပါ.ဟုတ်တယ်
လေ.လူတိုင်းမေးကြည့်.ကိုယ့်အိမ်ကို.မပြန်ချင်သူရှိလားလို့..အိမ်နဲ့ခွဲခွါနေရသူတိုင်း
အိမ်လွမ်းစိတ်ကိုယ်စီနဲ့ပါ..နာကြည်းစိတ်မရှိကြဘူးဆိုရင်..ကိုယ့်အိမ်ကိုယ့်ရာကိုပြန်
ချင်ကြသူတွေချည်းပါ.ကျွန်တော်လဲဒီလိုပဲပေါ့ပြန်တော့ပြန်ချင်တာပါပဲ..ပြန်ရတော့
မယ်ဆိုမှ..ခုနေမြဲနေရာကိုနှမြော.တ.သ.နေမိတယ်.လွမ်းမယ်ဆိုလဲလွမ်းလောက်စ
ရာပါပဲလေ..ကိုယ့်ဇာတိဋ္ဌာနေနဲ့က..ဘယ်လိုမှမနှိုင်းယှဉ်နိုင်တာ.လမ်းကြည့်မလား
ကောင်းမှကောင်းပဲ..ရေလား.ရွာတွေအထိရေသန့်စက်နဲ့ကိုပေးတာ.လျှပ်စစ်ဆိုရင်
ကော.မီးပျက်တယ်ဆိုတာ.ယုံတမ်းစကားလိုပဲ..ဆက်သွယ်ရေးဆိုရင်ခလေးကအစ
ဖုန်းတဂွမ်ဂွမ်နဲ့ဗျာ.အင်တာနက်ကတော့ကိုယ်ပိုင်သုံးမလား.ဆိုင်မှာသုံးမလားအား
လုံးအဆင်သင့်..ဒီလိုအစစအရာရာသာနေတာဆိုတော့လဲ..နေမြဲနေရာကို.တရှိက်
မက်မက်တမ်းတနေမိတာပေါ့ဗျာ..ဒီလိုအားလုံးအစဉ်သင့်နေတဲ့နေရာမျိုးဘယ်လို
ပုဂ္ဂိုလ်က.ခွါခြင်ပါ့မလဲဗျာနော.အင်း.ဒါပေမဲ့.ဘယ်တတ်နိုင်မလဲဗျာ..ပြန်မှကိုဖြစ်မှာ
ဆိုတော့.ပြန်ကိုပြန်ကြရတော့မှာပေါ့နောက်ဆုံးတော့လဲ.ခေတ်နောက်ကျနေတဲ့ရွာ
မတိုးတက်သေးတဲ့..မဖွံ့ဖြိုးသေးတဲ့ရွာအစား..စိမ်းစိုနေတဲ့လယ်ကွင်းတွေ.နွေးထွေး
တဲ့ရွာသားတွေရဲ့အပြုံးချိုချိုတွေဧည့်ဝတ်ကျေတဲ့ရွာသားတွေရဲ့.အပြုအစုဒါတွေကိုပဲ
အာရုဏ်မျှော်..ပြုံးတပျော်ပျော်နဲ့ကြိုနေကြမဲ့ရွာသားတွေဆီကိုပြေးလို့သာအရောက်
လှမ်း..မြန်းကြရတော့ မှာပ….

ဘုတလင်
မောင်ညိုချော

Tuesday, May 20, 2008

စည်ကားခြိမ့်သဲ..ဒို့ရွာ..ညောင်ရေသွန်းပွဲ

ဟာ..ညောင်ရေသွန်းပွဲတောင်လှည့်လာပြီပဲ..အမယ်..ရှေ့ဆုံးက..နိဗ္ဗာန်ဆော်ကြီး
ဦးအောင်ညိမ်းပါလား..မိုက်ကြီးတကိုင်ကိုင်နဲ့..မှန်း..ဘာတွေဟောနေ..ပြောနေပါ
လိမ့်..”ဖွားမြင်သိစံ ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ…တဲ့..ဒီကဆုန်လပြည့်
နေ့မှာ..ကျွန်တော်တို့ရဲ့အားထားကိုးကွယ်ရာ.မြတ်စွာဘုရားအလောင်းတော်ကိုဖွား
မြင်တော်မူခဲ့ပါတယ်..(၆)နှစ်တိုင်တိုင်တရားတော်ကို..ခက်ခက်ခဲခဲကျင့်ပြီး..သဗ္ဗညု တဉာဏ်ရှင်ဘုရားအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်..နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူ
တာကလဲ..ဒီကဆုန်လပြည့်နေ့မှာပါပဲခင်များ..ဒါကြောင့်၊ ကျွန်တော်တို့ဗုဒ္ဓဘာသာ
ဝင်တွေဟာ..ဒီကဆုန်လပြည့်နေ့ကိုအမွန်အမြတ်ထားပြီး..မြတ်စွာဘုရားကိုပူဇော်
သောအားဖြင့်၊ ဘုရားအမှီပြုပွင့်တော်မူခဲ့တဲ့ဗောဓိညောင်ပင်အသက်ရှင်နိုင်ရေးအ တွက်ထိမ်းသိမ်းတဲ့အနေနဲ့၊ညောင်ရေသွန်းပွဲတော်ကျင်းပရခြင်းဖြစ်ပါတယ်ခင်များ.
တဲ့…အဟား..အပြောကတော့ချောလို့ဗျာ..အင်း..သူ့နောက်မှာမောင်းကြီးတဒူဒူနဲ့ ထုလိုက်နေကြတာကတော့ဦးမောင်မြင့်နှင့်ဦးသန်းစိုးတို့ပါလား၊ဘုရားပင့်ကဦးချမ်း မြ၊ထီးတော်မိုးကအမွှာညီနောင်တို့ပါလားဟ၊ကြည့်စမ်း၊အမွှာညီနောင်တို့တောင်အ
တော်ထွားနေကြပါလား၊ အင်း.. အခုခေတ်ကလေးတွေလူဖြစ်တာတယ်မြန်သကိုး၊ ဦးဆယ်အောင်တို့ဘုရားပန်းအိုးကိုင်အဖွဲ့ကလဲအင်အားတောင့်သဗျ၊အယောက်နှစ်
ဆယ်လောက်ရှိမှာ၊..အမယ်..ဒွေးလေးဒေါ်တင်မြတို့ကလဲငှက်ပျောသီးကန်တော့ပွဲ
တွေနဲ့ပါလား၊များမှများပဲ၊တယောက်တဗန်းနဲ့၊အဖီး(၃၀)တော့အနဲဆုံးပဲ၊ဒီအတော
အတွင်းဘုန်းကြီးကျောင်းငှက်ပျောတော့ပေါပါပြီ၊နောက်ရက်ဘုန်းကြီးကျောင်းပြေး
ဦးမှ၊လက်ဖက်ခြောက်လင်ဗန်းကြီးနဲ့ဘယ်သူပါလိမ့်..အော်..ဒေါ်မိတိုးကိုးဗျ၊လက် ဖက်ခြောက်တွေနဲတာမဟုတ်ဘူး၊အင်း..လှူနိုင်မှာပလေ..သူ့သားနဲ့မြေးကမလေး
ရှားမှာကိုး၊ ဒီနှစ်ညောင်ရေသွန်းပွဲလှည့်တာလူတွေမနဲပါလား၊ ကြက်သွန်လင်ဗန်း
တွေနဲ့က..ဒေါ်မိုးတင်.ဒေါ်ရွှေစိန်.ဒေါ်ခင်ရီ.တို့ဗျ၊ ဆွမ်းဆန်တွေနဲ့ကဒေါ်တင်အေး
ဒေါ်ခင်မြင့်၊ဒေါ်မိတင်၊ ငွေပဒေသာပင်တွေနဲ့က ဒေါ်ပွဲတင်၊ ဒေါ်မိဋ္ဌေး၊ ဒေါ်ဝိုင်းဋ္ဌေး
ဒေါ်မရီ၊ဒေါ်တင်ဝိုင်း၊ လိုက်သူတွေများတော့ရေတွက်ရတာတောင်မောလာပြီ၊အ သက်ကြီးသူတွေနောက်လှန်းကြည့်လိုက်ဦးမှ၊အလှူရံပစ္စည်းတွေနောက်ကဓမ္မစ ကြာအဖွဲ့ပဲ၊အင်းဒီနှစ်တော့ထူးထူးဆန်းဆန်း(၄)သင်းလုံးပေါင်းပြီး၊တဖွဲ့ထဲအနေနဲ့ ထွက်တာကိုးဗျ၊ကောင်းပဗျာ၊စည်းစည်းလုံးလုံးရှိသွားတာပေါ့၊ ဓမ္မစကြာအသင်း
မှာက၊အပျိုတွေချည့်ပါဝင်ကြရတာ၊အိမ်ထောင်ကျတာနဲ့၊အလိုအလျှောက်ဝတ်ရွတ်စဉ်အသင်းကထုတ်ပြီး၊နှုတ်ပြီးသားဖြစ်ရောပဲ၊ဒါကရွာဓလေ့ကိုးဗျ၊ အဲဒီ
နောက်မှာ တော့လာပါပြီဗျာအလှပဂေးတွေ၊ ရေအိုးတွေကိုယ်စီရွက်လို့၊ဒီနေရာ
မှာရွာဓလေ့ လေးပြောဦးမှ၊အခုလိုညောင်ရေသွန်းလှည့်တဲ့နေရာမှာအိမ်ထောင်
ရှင်မှန်ရင်ဘယ် သူမှညောင်ရေအိုးရွက်ပြီးမလိုက်ရဘူး၊ညောင်ရေသွန်းချင်ရင်၊
နောက်မှ၊ အခမ်းအ နားပြီးမှ၊ သတ်သတ်သွားပြီးရေလှူ၊ရေသွန်းကြရတယ်ဗျ၊
ရှေးလူကြီးတွေစီစဉ်ခဲ့တဲ့ ဓလေ့လေ၊ကျုပ်အထင်တော့တခြားရွာသားတွေမြင်
ရင်အပျိုနှင့်အအိုလွဲမှာစိုးလို့ ထင်ပါရဲ့၊..ဟာ..ဒီနှစ်အပျိုတွေရဲ့ရှေ့ဆုံးကသွားရတာ
စုကြည်ပါလား၊အရပ်က ထောင်ထောင်မောင်းမောင်းဆိုတော့တယ်ပြီပေါ်
လွင်သကိုး၊ အဲ..ရှေ့ထားရမှာပ၊ သူကဂုဏ်နဲ့ဟိတ်နဲ့ကိုး၊သူကရွာရဲ့ကျက်သရေ
ဆောင်ကိုး၊ဒီနှစ်(၁၀)တန်းစာမေး ပွဲမှာရွာကမိန်းကလေးတွေ(၅)ရောက်ဖြေတာ၊
သူတယောက်ထဲအောင်ပြီးရွာ့ဂုဏ် ဆောင်ထားတာပဲ၊ရုပ်ကလဲလှ၊ပညာကလဲ
တတ်ဆိုတော့ရှေကပဲသွားရမှာပေါ့လေ၊ စုကြည်မျက်နှာကလဲရွှင်လို့ကြည်လို့၊
ရှေ့ကသွားရလို့ပဲလား၊မြတ်စွာဘုရားရည်မှန်း ပြီးရေလှူရမှာဝမ်းသာလို့လား
တော့ကျွန်တော်လဲမဝေခွဲတတ်ဘူး၊ပီတိအဟုန်နဲ့ပြုံး နေတာတော့အမှန်ပဲဗျ၊
သူနောက်က၊ မဖြူစပ်၊..အဲ..နာမည်အရင်းတော့မဟုတ်ဘူး နာမည်အရင်းက
ခင်အုန်းဆင့်၊ ဘယ်သူမှမခေါ်ကြပါဘူး၊အသားအရေကဖြူပြီး ၀င်း နေလို့၊ ဟိုး.ငယ်ငယ်ထဲကချစ်စနိုးနဲ့ခေါ်ကြတာကဖြူစပ်တဲ့၊သူဝတ်ထားတာ ကလဲ၊အသား
ရောင်ဇာဝမ်းဆက်ဆိုတော့အလှပေါ်အယဉ်ဆင့်ဆိုသလိုအသွင်တင့် ပါပေရဲ့၊
အမယ်..သူ့အလှကိုရွာသားတွေကချီးကျူးကြသေးတာ၊မြို့သူတွေရှုံးသတဲ့ သူတို့
မျက်စိထဲနေမှာပေါ့၊သူ့နောက်ကအပျိုတွေကလဲ၊တယောက်တမျိုး၊မရိုးအောင်
အပြိုင်ဝတ်ထားကြလို့လှကြပါပေရဲ့၊ဘယ်လိုထုပ်ဖေါ်ချီးကျူးရမှန်တောင်မသိ
လို့မ ပြောတော့ဘူး(သိချင်သူတွေ ကြည့်ချင်သူတွေရှိရင်ပြော၊လိုက်ပို့ပေးမယ်၊)အ
ပျိုတွေ အနဲဆုံး(၅၀)လောက်ရှိမယ်ထင်ပါရဲ့၊ရေအိုးကိုယ်စီရွက်လို့ပေါ့၊အဲဒီနောက်
မှာတော့အလှပြအဖွဲ့ကရှိသေး၊အပျိုလူပျိုဖေါ်ဝင်စ..ကောင်လေး.ကောင်မလေး၊အ
ယောက်(၂၀)၊ကောင်လေးတွေကပန်းအလှဆင်ထားတဲ့ငွေဖလားတွေပိုက်လို့ပေါ့၊
ကောင် မလေးတွေကတော့၊တဘက်ပခုံးတင်စုံချလို့.ပုသိမ်ထီးတွေဆောင်းပြီး၊
ယဉ်စစဟန်တွေနှင့်ပေါ့ဗျာ၊မြင်ရသူဘ၀င်အေးအစဉ်ငေးစရာတွေပေါ့ဗျာ၊..အဲ.ဒီ
နောက်မှာတော့လာပါပြီဗျာဦးရွှေရိုးရယ်၊ဒေါ်မိုးရယ်၊အတော်ဆိုးတယ်ဆိုတဲ့၊အများ
မျှော်လင့်တကြီး စောင့်စားနေကြတဲ့၊အိုးစည်ဝိုင်းအဖွဲ့၊ကိုမင်းအောင်ကတောင်ရှည်ပု
ဆိုးကြီးနဲ့ဦးရွှေ ရိုးလုပ်သဗျ၊ ကို တွတ်ကတော့ဒေါ်မိုးပေါ့ဗျာ၊သူတို့အတွဲကလည်းအ
တော်ညီသကိုး ဗျ၊ဒါကြောင့်ဘဲတရွာလုံးကအသည်းစွဲဖြစ်နေကြတာထင်ပ၊သူတို့
မပါရင်ပွဲမစည်ဘူးလို့ကိုအောက်မေ့နေကြတာ၊အဲအားလုံး.အားလုံး.တွေရဲ့နောက်
ကတော့၊ဗေ ဒင်အချုပ်၊ မဟာဘုတ်ဆိုသလို၊ဒီလိုစည်စည်ကားကားဖြစ်လာဖို့၊
ချွေးတလုံးလုံးနဲ့ မနားမနေကြိုးစားခဲ့ကြတဲ့၊အပျိုခေါင်းနှင့်လူပျိုခေါင်းတွေပါပဲဗျာ
သူတို့မျက်နှာတွေ ကြည့်ရတာ ပင်ပန်းပုံနဲနဲမှမပြဘူး၊ ရွှင်ကြည် ပြီးပြုံးနေလိုက်ကြ
တာ၊ သူတို့ရဲ့လုပ် ဆောင်ချက်ကိုသူတို့ဂုဏ်ယူနေကြပုံက..ပီတိကိုစား၊ အားရှိပါ၏
…ဆိုတဲ့စကားပုံကို များသက်သေပြုနေကြရောသလားဗျာ……
ဘုတလင်
မောင်ညိုချော

Sunday, May 18, 2008

ညောင်ရေသွန်းမည့်..ကျွန်တော်တို့ရွာ

မနက်ဖြန်ဆိုကဆုန်လပြည့်နေ့..ဒီနေ့ကအကြိုနေ့၊အဖိတ်နေ့၊ဒီရက်မှာတော့ကျွန်
တော်တို့ရွာရဲ့..လူပျိုခေါင်းကိုအောင်ဋ္ဌေးနှင့်ကိုမြင့်ဦးတို့..အလွန်အလုပ်ရှုပ်တဲ့နေ့
ဆိုရင်လဲမှားအံ့ မထင်ပါ၊ ဟိုနေရာလဲ သူတို့ကိုတွေ့ရ၊ ဒီနေရာမှာလဲ သူတို့အသံ
တွေချည်းပင်၊..အင်း..မလုပ်လို့ကလဲမရဘူးလေ၊ မနက်ဖြန် ရွာဦးကျောင်း၊ဗောဓိ ပင်ညောင်ရေသွန်းပွဲတော်စည်စည်ကားကားကျင်းပနိုင်ရေးအတွက်က၊သူတို့နှစ်
ဦးရဲ့တာဝန်မဟုတ်လား၊ အရင်နှစ်ကတော့။ လူပျိုခေါင်းက(၅)ယောက်တောင်
ရှိတာ၊ကိုမင်းနိုင်၊ ကိုသိန်းထူး၊ ကိုရာကျော်တို့ကဘ၀ရှေ့ရေးအတွက်ဆိုပြီးတော့ မလေးရှားသွားကြလေရဲ့၊ဒါကြောင့်ဒီနှစ်၊ နှစ်ယောက်ထဲလက်မလည်အောင်ဖြစ် နေကြတာ၊ဗောဓိပင်သန့်ရှင်းရေးအတွက်၊ရွာကျောင်းဂေါပကဖြစ်တဲ့၊ဦးကျော်မင်း တို့အဖွဲ့နဲ့တိုင်ပင်ပြီး၊လူငယ်တွေ၊ တက်ညီလက်ညီ၊ကုသိုလ်ပါဝင်အောင်၊စည်းရုံး ကြရတာကတစ်မျိုး၊ညောင်ရေသွန်းမည့်၊ညနေမှာ၊ အပျိုတွေ၊ အအိုတွေနဲ့ရွာထဲ စည်စည်ကားကား၊လှည့်နိုင်ရေးအတွက်၊အပျိုခေါင်း၊ဒေါ်လွန်းကြည်၊ဒေါ်တုတ်၊
ဒေါ်ခင်ထွေး။တို့နဲ့တိုင်ပင်ရတာကတသွယ်၊အိုးစည်အဖွဲ့ကို၊ကြီးကြပ်ပြီး၊အက တိုက်ရ၊သီချင်းတိုက်ရတာကတဖက်၊မနှစ်က၊ကခဲ့ကြတဲ့၊ကိုမင်းအောင်၊ကိုတွတ်
တို့ကိုဘဲ၊ ဒီနှစ်ဆက်ကဖို့တိုက်တွန်းကြရသေးတာ၊ သူတို့ကလဲ၊အသက်ကြီးလာ တော့၊ကရမှာရှက်သတဲ့၊လူငယ်တွေပဲခိုင်းပါတော့တဲ့၊လူငယ်တွေကိုကခိုင်းရတာ က၊မခက်ဘူး၊လူငယ်တွေထဲမှာဖိုးကချင်တွေကလဲပေါမှပေါ၊ဒါပေမဲ့၊ခက်နေတာ ကရွာလူထု၊သူတို့ကဒီလူမှဒီလူဖြစ်နေကြတာလေ၊ဒီတော့လဲသူတို့ကိုမနဲချော့ပြီး ကခိုင်းရတာ၊ဒါတောင်မှသိတယ်မဟုတ်လားတောသဘာဝ၊ဟိုဟာတိုက်ရ၊ဒါတွေ
တိုက်ရနဲ့လေ၊ ဂေါပကလူကြီးဦးကျော်မင်းနှင့်ဦးကံတင်။တို့လဲမနားရရှာပါဘူး၊သူ
တို့တာဝန်တွေကျေပွန်ဖို့ကြိုးစာနေကြတာကလား၊ရွာထဲလှည့်ရင်၊မောင်းကိုရှေ့
ကဘယ်သူထမ်း၊ နောက်ကဘယ်သူတီး၊ အဲဒီနောက်က၊ ဘုရားပင့်ပြီးဘယ်သူ လိုက်၊နိဗ္ဗာန်ဆော်ကဘယ်သူလုပ်နဲ့၊အတော်ကိုအလုပ်ရှုပ်နေကြတာကိုး၊ တော်
သေးတယ်၊ သူတို့စီစဉ်သလို ကျေးရွာကနာခံပေလို့၊ အင်း…နောက်ဆုံးတော့။
ရှေ့မောင်းထမ်းက၊ ဦးမောင်မြင့်၊ နောက်ကနေမောင်းတီးရင်းထမ်းမှာက၊ ဦးသန်း စိုး၊နိဗ္ဗာန်ဆော်ကဦးအောင်ညိမ်း၊ဘုရားပင့်ဖို့ကတော့၊ထုံးစံအတိုင်း၊ဦးကြီးချမ်းမြ ပဲဖြစ်မှာပေါ့၊ဦးလေးဆယ်အောင်တို့၊ဦးဖိုးနက်လေးတို့ကတော့၊ဘုရားပန်းအိုးကိုင်
ပဲနေမှပါ၊မနှစ်ကတော့၊ဦးလေးသန်းဆောင်တို့၊ပန်းအိုးကိုင်ကြတာပဲ၊ဒီနှစ်တော့မ ကိုင်နိုင်ရှာကြတော့ဘူး၊ဆုံးသွားရှာပြီလေ၊ဒီလိုပဲလက်ဆင့်ကမ်းအနေနဲ့၊ဦးဆယ် အောင်တို့၊ဦးဖိုးနက်လေးတို့ကတာဝန်ဆက်ယူပေးကြလို့သာပေါ့၊နို့မဟုတ်ရင် ဂေါပကအဖွဲ့လဲမလွယ်ဘူး၊ဟိုလူခိုင်းရမလို၊ဒီလူခိုင်းရမလိုဖြစ်နေကြဦးမှာ၊ရွာထဲ
လှည့်ပြီး၊ဗောဓိပင်ရောက်ရင်၊အမျိုးသမီးတွေဆီက၊ရေအိုးတွေယူ၊ဗောဓိအုတ်ခုံ ပေါ်တက်ပြီး၊ညောင်ရေသွန်းဖို့ကိုတော့၊ဦးပြူးကြီးက၊လူပျိုတွေနဲ့တာဝန်ယူဆိုပဲ
ဒီတာဝန်ကလည်းမသေးဘူး၊အတော်ကိုထိမ်းနိုင်သိမ်းနိုင်မှရယ်၊ဒီလိုပွဲမျိုးဆိုတာ က၊ရွာထဲရှိ၊အပျိုတွေအကုန်ထွက်တာကိုး၊ဒီတော့အကိုကာလာသားတွေကလဲ ဗောဓိပင်အောက်အကုန်ရောက်ကြပြီပေါ့၊အပျိုတွေရွက်လာတဲ့ရေအိုးတွေကို၊လု ပြီးလောင်းကြဖို့လေ၊ဒီအခါမှာတာဝန်ခံခေါင်းဆောင်လူကြီးက။အတော်ကြီးကြပ် ယူရတာ၊မဟုတ်လို့ကတော့လူပျိုတွေအဝေမတဲ့ဖြစ်ပြီးအကြီးအကျယ်ရန်ပွဲ၊ ဟိုး အရင်တနှစ်ကအဲလိုဖြစ်ပါရောလား၊ဗောဓိအုတ်ခုံကြီးကိုကွဲရောပဲ၊အုတ်ခုံဒကာ ဦးမှိုပဲ၊အကုန်အကျခံပြီးထပ်ပြင်လိုက်ကြရတာပေါ့၊ထပ်ပြင်ရတော့၊ငါကုသိုလ် ထပ်ရတာပေါ့တဲ့၊အပြုံးတောင်မပျက်ဘူး၊ဦးမှိုဆိုတာအဲလိုလူ၊ရွာဆိုတာဒီလိုပါပဲ၊ အမြဲမြင်နေရမည့်မျက်နှာတွေဆိုတော့သည်းခံကြရတာပ၊ ဦးတင်တို့၊ ဦးကျော်
လင်းတို့ဘုရားလူကြီတွေကလဲ၊ ရေစက်ချ တရားပွဲကျင်းကဖို့ဗောဓိညောင်ပင် အောက်မှာစီစဉ်နေကြလေရဲ့၊သူတို့တာဝန်ကတော့အေးအေးပဲဆိုရမှာပေါ့၊ရွာထဲ ကလာလှုတဲ့ပစ္စည်းတွေကို၊ဘုန်းကြီကန်တော့ပွဲပြင်၊တရားနာမည့်လူတွေကိုနေ ရာချပေး၊တရားပွဲပြီးရင်ကန်တော့ပွဲတွေကိုဘုန်းကြီးကျောင်လိုက်ပို့၊ဒီလောက်ပဲ ရှိတာကိုး၊ကံကောင်းရင်ဘုန်းကြီးစွန့်တဲ့၊ငှက်ပျောသီးတောင်စားရနိုင်သေး၊ အပျို ခေါင်းတွေလဲမနားရရှာပါဘူး၊ညောင်ရေအိုးရွက်တဲ့အပျိုတွေကလဲ၊ရှေ့ဆုံးကနေ
အတော်သွားချင်ကြတာကိုး၊ရှေ့ကသွားဖို့လုကြတာ၊အဲဒါကအပျိုကြီးခေါင်းတွေ ခေါင်းအခဲရဆုံးအလုပ်ပေါ့၊သူ့ကြတော့ဘယ်သူသမီးမို့ရှေ့ထားတာ၊ငါ့ကြတော့၊ စသဖြင့်၊အပြောခံရ၊အမုန်းခံကြရသေးတာကိုး၊အင်း..ရှေ့ကသွားရတာကိုဂုဏ်
ယူမှာပေါ့၊ လှသူကိုရှေ့ထားတာလို့ပြောသူကပြောကြသကိုး၊တကယ်တော့အား လုံးတောသူတွေချည်းပါပဲ၊ရွက်ကြမ်းရေချိုတွေချည်းပါပဲလို့များကျွန်တော်ကပြော
ရင်လွန်ရာများကျမလားပဲ၊ဘာပဲပြောပြော၊ဒီနေ့အဖိတ်နေ့မှာတော့၊လူပျိုခေါင်းက
အစ၊ဂေါပကလူကြီးအပါအ၀င်၊ အပျိုခေါင်းများအဆုံး၊ တနေ့လုံး၊ တရုန်းရုန်းနဲ့၊
မနက်ဖန်ညောင်ရေသွန်းပွဲတော်အတွက်စီစဉ်နေကြလေရဲ့၊ ကျွန်တော်တို့ရွာ
ညောင်ရေသွန်းပွဲတော်၊စည်မစည်ကတော့၊မနက်ဖန်ညနေကြမှပဲ၊သိကြရမှာပ၊

ဘုတလင်
မောင်ညိုချော

Friday, May 16, 2008

မဒိုင်ကျင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်အသင်း

တွေး...ဆွေးမပြေ


ဒီရက်တွေမှာကျွန်တော်တို့တွေဘာဆိုဘာမှမရေးနိုင်ခဲ့ဘူး၊ရေးချင်စိတ်လဲမရှိဘူး.အားလုံးသိကြတဲ့အတိုင်းဘဲလေ..ကွန်တော်တို့နိုင်ငံမှာမုန်တိုင်းဝင်မွှေသွားတာ…မနက်မိုးလင်းလို့မျက်နှာသစ်ပြီးတာနဲ့.မနက်စာတောင်မစားနိုင်ဘဲ..ကွန်ပြူတာ
ရှေ့ ထိုင်.သတင်းတွေနားထောင်..သတင်းတွေဖတ်နဲ့.အချိန်တွေကုန်မှန်းမသိ
ကုန်သွားရတယ်..ဖတ်ပြီးပြန်တော့..ဒုက္ခရောက်ပြည်သူတွေအတွက်…တစက်မှ
ရင်အေးစရာ မတွေ့ရဘူးလေ…လေကလဲ…အမုန်းတည်းတည်းနဲ့တိုက်..ရေ.က
လည်းအလုံးကြီး ကြီးနဲ့ရိုက်တာခံကြရတဲ့..ကျွန်တော်တို့ရဲ့သွေးသား..အမိဧရာ
မြေက.မချိဗျာပွေနေကြ ရတဲ့…ဒုက္ခရောက်ပြည်သူတွေအတွက်..ရတက်ဘယ်
သူအေးနိုင်ကြပါ့မလဲလေ…အင်း…သမိုင်းမှာညစ်ခဲ့ကြလို့၊ကြမ္မာရဲ့.ရိုင်းပြမှုကိုခံ
ကြရလေသလား….ကြမ္မာရိုင်းကြောင့်ဘဲ သမိုင်းညစ်ရမည့်အဖြစ်တွေ..ကြုံကြ
ရလေသလား..မတွေးတတ်နိုင်အောင်ပါဘဲဗျာ ကျန်နေသူ..ဒို့ပြည်သူတွေ..
ကံကိုပြိုင်..အနိုင်နွှဲနိုင်ကြပါစေလို့အခါခါဆုတောင်းနေမိ ပေမဲ့..ပွေနေတဲ့..
သူတို့တွေရဲ့သောက…ဘယ်လိုနည်းတွေနဲ့များဖြေသိမ့်ပေးနိုင်ကြရပါ့.....
........မလဲဗျာ….


ဘုတလင်
မောင်ညိုချော

Monday, May 5, 2008

ချစ်စရာရွာဓလေ့

ဒေသတိုင်းမှာ..ကိုယ့်ရပ်နှင့်ကိုယ်ဇာတ်..ကိုယ့်ရွာနှင့်ကိုဓလေ့..ဆိုတာရှိကြပါတယ်
ဒါဆို.ကျွန်တော်တို့ရွာမှာလဲ..ချစ်စရာရွာဓလေ့တွေရှိပေမပေါ့နော်ဒီထဲက.သိတ်ချစ
စရာကောင်းတဲ့ရွာဓလေ့.တစ်ခုတင်ပြချင်ပါတယ်.ကျွန်တော်တို့မြန်မာတွေအားလုံး
သိကြပြီးသားဖြစ်မှာပါ..တန်ဆောင်မုန်းလပြည့်နေ့အကြောင်းကို..ဒီလပြည့်နေ့ဟာ
မိုးကောင်းကင်မှာ..ဆီးနှင်း၊မြူ၊ တိမ်၊သူရိန်၊ မီးခိုး၊ ညစ်မျိုးကင်းစင်ပြီး၊ကြယ်တာရာ
နက္ခတ်တွေအစုံအညီထွက်တဲ့ အတွက်.ဆေးပေါင်းခတဲ့ည.လို့အဆိုရှိသလို.ကျီးမ
နိုးပွဲခေါ်တဲ့.အစောဆုံးနိုးလေ့ရှိတဲ့ကျီးတွေမနိုးခင်၊အရုဏ်မတက်ခင်၊အပျော်ခိုးကြ
တဲ့ညလည်ဖြစ်ပါတယ်၊ဘယ်ခေတ်ကာလက၊စတယ်လို့မသိရပေမဲ့..အပျော်ခိုးကြ
တဲ့ဓလေ့ကတော့တနိုင်ငံလုံးအတိုင်အတာကိုပျံ့နှံ့ပြီး.ပျော်ကြ.ရွှင်ကြ.ခိုးကြပါတယ်
တောရွာတွေက၊အပျို၊လူပျိုတွေကတော့အကဲဆုံးပေါ့ဗျာ၊အသီးအနှံတွေတယောက်
မျိုးခိုးလာပြီး၊စုပေါင်းချက်စားကြ၊ပြီးရင်လူတွေအိပ်ချိန်စောင့်၊လူတွေအိပ်တာနဲ့
တအိမ်ကခြံတံခါးကိုဖြုတ်.နောက်တအိမ်ကိုပို့.တအိမ်ကလှည်းကိုယူ.နောက်တအိမ်
ကလှည်းနဲ့လဲ၊စတဲ့ပျော်စရာတွေနဲ့၊သူခိုးကိုကုန်းဆုံးကြပါတယ်(ဒီအကြောင်းတွေ
ကိုနောက်မှသီးသန့်တင်ပြပါဦးမယ်)၊ကျွန်တော်တို့ရွာကတော့..အဲလိုဟုတ်ဘူးဗျ..
အများရွာ..အများရပ်တွေနဲ့တူဘူးဗျ..အဲဒီတန်ဆောင်မုန်းလပြည့်နေ့ရောက်တာနဲ့..
အပျို..လူပျိုတွေဟာခေါင်းချင်းဆိုင်တိုင်ပင်ကြတယ်၊ရွာဦးကျောင်းမှာရှိတဲ့..ရုပ်ပွား
ဆင်းတုတော်တွေကို..သူ့ထက်ငါဦးအောင်အပြိုင်ခိုးကြဖို့ပေါ့ဗျာ..လပြည့်ညရောက်
တာနဲ့ဆင်းတုတော်တွေကိုရွာဦးကျောင်းကနေခိုးပင့်ကြပါတယ်(ရွာဆရာတော်မသိ
စေရန်)ခိုးပင့်လာတဲ့ဘုရားဆင်းတုတော်တွေကို..အပျို..လူပျို..တိုင်ပင်ပြီး..လူအိပ်
ချိန်တွေမှာ..သင့်တော်မယ်ထင်တဲ့အိမ်တွေမှာ..တိတ်တဆိတ်ခိုးပြီးပို့ကြပြန်ပါတယ်
video..ပြပါ..ဘာတွေညာတွေ..အကျွေးအမွေးနဲ့ရွာဦးကျောင်းသို့ဘုရားဆင်းတု
တော်ကိုပြန်လည်ပင့်ဆောင်ပို့ပါ..စသည့်စာတွေရေးလို့ပေါ့ဗျာ၊ဘုရားအပို့ခံရတဲ့
အိမ်ကလည်း..ဒို့အိမ်ကသဒ္ဓါတရားကောင်းလို့..စေတနာရှိမှန်းသိလို့..ပို့တာဆိုပြီး
ဂုဏ်ယူလေ့ရှိကြပါတယ်၊ဒါကြောင့်မနက်မိုးလင်းတာနဲ့..ဘုရားပို့ထားမထားရှာကြ
ပါတယ်..တချို့အိမ်တွေကြတော့.ဘုရားပို့ချင်သူတွေပို့လို့ရအောင်ဆိုပြီး..စားပွဲတွေ.
အခင်းအကျင်းတွေနဲ့ဘုရားဆင်းတုတော်အတွက်ကြိုတင်ပြင်ဆင်ပြီးစောင့်နေကြ
ပါတယ်..ဘုရားပြန်လည်ပို့ဆောင်ကြွချီပွဲကိုလဲ..ခမ်းခမ်းနားနားပြုလုပ်ကြပါတယ်.
တဦးနှင့်တဦးအပြိုင်ပေါ့ဗျာ..အနည်းဆုံးနှစ်သိန်းလောက်အကုန်အကျခံပြုလုပ်ကြ
ပါတယ်၊ဒီအကြောင်းတွေနောက်မှဆက်လက်ဖေါ်ပြပါဦးမယ်..ကျွန်တော်ဆို
ချင်တာက..အများရွာ..ဒေသတွေမှာ..ကျီးမနိုးပွဲဟာ..ပျော်စရာသူခိုးညဖြစ်ပေမဲ့
ကျွန်တော်တို့ရွာကတော့..တန်ဆောင်မုန်းလပြည့်ညဟာ..ပျော်စရာ..ချစ်စရာ
ဘာသာရေး..သရုပ်ပြ..အထွတ်အမြတ်ညချမ်းတစ်ည..ဖြစ်တယ်ဆိုတာပါဘ
...ခင်ဗျ...
ဘုတလင်
မောင်ညိုချော

Sunday, May 4, 2008

ညီမောင်အတွက် ( ၁ )




ညီမောင်ရေ....

ဘ၀လမ်းကိုစမ်းတ၀ါးဝါးလျှောက်နေတဲ့..ညီ..အတွက်..ကိုကြီးစာတစ်ပုဒ်ရေးထုတ်
လိုက်တယ်ကွာ၊ဆရာကြီးလုပ်တာတော့..မဟုတ်ရရိုးအမှန်ပါ.ညီမောင်..ဘ၀ဆိုတာ
တိုက်ပွဲ..တဲ့..အမှန်ပါဘဲညီမောင်..အဲ..ဘ၀ဟာတိုက်ပွဲဆိုရင်..ကိုတို့တွေဟာ..အဲဒီ
တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေကြတဲ့.ရဲဘော်တွေပေါ့ကွာ..တိုက်ပွဲတစ်ခုမှာ..အဓိက
လိုအပ်ချက်က..စိတ်ဓာတ်ပဲ..ဒုတိယက..လက်နက်ပေါ့ကွာ..တတိယက.လူအင်
အားပေါ့..ဒီသုံးချက်ပြည့်စုံရင်..ဘယ်လိုတိုက်ပွဲမျိုးမှာမှ..မရှံးဘူးညီမောင်ရေ.....

ဒီလိုဆိုရင်..ကိုတို့တွေ..တိုက်ပွဲမှာအရှံးမများဖို့..ဘာတွေလိုသလဲဆိုတာ
ညီမောင်သိရောပေါ့..ပဓာန...ကတော့..ညီမောင်ရေ..စိတ်ဓာတ်ပဲကွ..(စိတ်
သာရှင်စော ဘုရားဟော ) ဆိုသကိုးကွ..အဲ..ဘာစိတ်ဓာတ်တွေလဲဆိုတော့..
ကိုယ့်ကိုယ်ကိုယုံကြည်တဲ့စိတ်ပေါ့ကွာ..အများတွေလုပ်လို့ဖြစ်နေ..ဖြစ်နိုင်
နေတဲ့အလုပ်မှန်သမျှညီမောင်လည်း..လုပ်နိုင်တယ်..လုပ်လို့ဖြစ်တယ်ညီမောင်..
လုပ်လို့ဖြစ်မှဖြစ်ပမလားဆိုတဲ့စိတ်..ဘယ်တော့မှ..မမွေးလေနဲ့..အများလုပ်လို့..
ဖြစ်တယ်ဆိုရင်..ငါလည်းဖြစ်ကိုဖြစ်ရစေမယ်..ဖြစ်အောင်လုပ်မယ်ဆိုတဲ့..ကိုယ့်
ကိုယ်ကို..ယုံကြည်တဲ့..စိတ်မွေးပါ၊အခက်အခဲဆိုတာကတော့..အရာရာတိုင်း..
လူတိုင်းမှာ..ရှိကြတာပါပဲ..တွေ့ကြုံကြရတဲ့အခက်အခဲကတော့..တဦးနှင့်တဦး..
မတူဘူးပေါ့ကွာ..ပင်ကိုယ်ဗီဇ..ဓာတ်ခံအပေါ်မှာမမူတည်ပြီး..လွယ်လွယ်နဲ့
ဖြေရှင်းနိုငသူရှိသလို..ခက်ခက်ခဲခဲဖြေရှင်းရသူလည်း..ရှိလိမ့်မပေါ့..ရှိတဲ့
အခက်အခဲ..တွေ့ကြုံလာတဲ့..အခက်အခဲကို..ရင်ဆိုင်ဖြေရှင်း..ကျော်လွှားပြီးမှ..
ရလာတဲ့အောင်မြင်မှုက..ပိုလို့ချိုမြိန်ပါတယ်ညီမောင်..အဲ..အချုပ်ပြောချင်
တာက...ဘ၀တိုက်ပွဲ..ဆင်နွှဲတော့မယ်ဆိုရင်..ညီမောင်ရေ....ကိုယ့်ကိုယ်ကိ
ယုံကြည်တဲ့စိတ်...လုပ်ရင်ဖြစ်တယ်ဆိုတဲ့....စိတ်...ကိုအမြဲမွေးပါ..လို့.....


ခင်တဲ့

မင်းရဲ့အကိုကြီး


Monday, February 4, 2008

ညီညွတ်ခြင်းသည်အင်အား


လူဆိုတာက၊ ကိုယ့်အမြင်၊ကိုယ့်အသိ၊ကိုယ့်အတွေးတွေနဲ့၊ကိုယ့်ဘ၀ကို၊ကိုယ်လို
သလိုပုံဖေါ်နေတတ်တဲ့သတ္တ၀ါမျိုးပါ၊ဒီတော့လူတိုင်းမှာအမြင်အမျိုးမျိုး၊အတွေးအ
မျိုးမျိုးရှိကြပေမပေါ့၊ လူတယောက်နဲ့တယောက်၊ တထပ်တည်းကြတဲ့အတွေးအ
မြင်မျိုးရှိဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စပါ၊ ကိုယ့်အမြင်နဲ့မတူလို့တဖက်လူကိုပဋိ
ပက္ခ အသွင်ဆောင်ပြီးဆက်ဆံစရာမလိုဘူးထင်ပါတယ်၊ သူ့အမြင်ကိုယ့်အမြင်
တွေကိုနှီးနှောဖလှယ်ပြီးလောကကိုအလှဆင်နိုင်အောင်ကြိုးစားကြမယ်ဆိုရင်၊
ဆန့်ကျင်ဖက်အမြင်တွေဟာလောကကြီးအတွက်၊မရှိမဖြစ်၊အလိုအပ်ဆုံး`အား´
တွေဖြစ်လာမှာမလွဲပါ၊လူသားအားလုံးအမြင်တွေ၊ အတွေးတွေတူညီနေကြမယ်
ဆိုရင် လောကကြီး အေးချမ်းမယ်လို့ထင်ရပေမယ့်၊ဖွံ့ဖြီုးမှုကတော့နှောင့်နှေးနေ
မှာလွဲပါဘူး၊လောကကြီးဘက်စုံဖွံ့ဖြိုးဖို့၊အမြင်အမျိုးမျိုးရှိကြတဲ့လူတွေက၊ရှုထောင့်
စုံကနေ၊လောကကြီးကိုအလှဆင်ဖို့လိုပါတယ်၊ကိုယ်အားသန်ရာအမြင်ရှုထောင့်
နေ၊လောကရဲ့လိုအပ်ချက်တွေကိုဖြည့်ဆီးရင်း၊အလှဆင်ကြဖို့ပါ၊အားအဖြစ်အသုံး
ချကြဖို့ပါ၊ လျှပ်စစ်ကိုရှာဖွေတွေ့ခဲ့တဲ့`Faraday” ဟာလောကကိုအလင်းနဲ့အလ
ဆင်ဖို့ကြိုးစားခဲ့ပါတယ်၊ ‘Luis Pasteur’’ဟာလဲ၊ကျန်းမာရေးအတွက်၊ပြုစုမှုနည်း
စနစ်၊ဆေးဝါးတွေနဲ့လောကရဲ့လိုအပ်ချက်တွေဖြည့်ပေးရင်း၊အလှဆင်ခဲ့ပါတယ်၊
နောက်ပြီး၊`Leonardo Da Vinci’’ရဲ့အနုပညာရသတွေကိုခံစားကြရင်းလူသား
တွေဟာ၊စိတ်ဓာတ်တွေတက်ကြွ၊ခွန်အားတွေအပြည့်နဲ့လောကကြီးကိုရဲရဲရင်ဆိုင်
နေကြပါတယ်၊ဒီလိုအမြင်မတူတဲ့တည်ထွင်ဖန်တီးသူတွေကြောင့်၊လောကကြီး
ဘက်စုံဖွံ့ဖြိုတိုးတက်နေကြတာပါ၊အမြင်တူသူတွေချည်းရှိနေကြမယ်ဆိုရင်၊ဖန်
တီးမှု၊တည်ထွင်မှုတွေတူနေတာမို့ထောင့်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာမဖြစ်နိုင်တဲ့
ကိစ္စပါ၊မှတ်မိကြဦးမှာပါ၊ကျွန်တော်တို့ငယ်ငယ်က၊သင်ခဲ့၊ ကျက်ခဲ့၊ ရွတ်ခဲ့ကြတဲ့
ကဗျာတပုဒ်ကို၊`လဲနေသူ ထူပေးပါ၊ အားငယ်သူအားပေးပါ၊ ရေထဲကလူဆယ်
ယူပါ၊ အကူအညီပေးပါ၊´`လေးလွန်း၍မတွန်းနိုင်ဘူးလားပြိုင်တူတွန်းလျှင်ရွေ့နိုင်
ပါသည်’၊ဒီကဗျာဟာညီညွတ်ရေးအင်အားပြကဗျာဆိုရင်မှားအံ့မထင်ပါ၊ဒါကြောင့်
အမြင်မတူသူတွေကိုဆံ့ကျင်ဖက်အဖြစ်၊ မရှုမြင်ပဲ၊ လူတဦးချင်းရဲ့ အ မြင်တွေကိုနှီး
နှောဖလှယ်ချင်းအားဖြင့်၊ထောင့်စုံဖွံ့ဖြိုးတိုးတက်ဖို့အားအသွင်ဖန်တီးနိုင်ပါက၊
လောကကြီးပိုမို၍လှပဝေဆာနိုင်မည်ဆိုတာကိုတင်ပြလိုက်ရပါကြောင်း။ ။




ဘုတလင


မောင်ညိုချော

Tuesday, January 22, 2008

အမေ့အလွမ်းပြေ

ပြာသိုလပြည့်နေ့ဟာမြန်မာ့အမေနေ့ပါ၊ဗုဒ္ဓဘာသာစာပေတွေအရ၊ဒီပြာသိုလပြည့် နေ့ညသန်းခေါင်ယံအချိန်ဟာ ဆောင်းဥတုရဲ့အအေးဆုံးပါ၊ ရာသီဥတုရဲ့အအေးဆုံး နေ့ကို၊အအေးမြဆုံးဖြစ်တဲ့အမေ့မေတ္တာကိုတင်းစားပြီး၊တုနှိုင်းမဲ့မိဘမေတ္တာကိုဖေါ် ကျုးသောအားဖြင့်၊ အမေနေ့ (မြန်မာ့အမေနေ့)ကျင်းပကျတာပါ၊စာရေးဆရာကြီး ဦးသုခ ပုံဖေါ်အကြံပြုခဲ့တဲ့နေ့ပါ၊ မြန်မာ့ဓလေ့နှင့်သိပ်ကိုပဏာရတဲ့ရက်မြတ်ပါ၊ ဒီ နေ့ ဒီရက်မှာကျွန်တော်တို့နိုင်ငံဒေသအသီးသီးမှာအမေနေ့တွေနေရာအနှံကျင်းပ ကျပါတယ်၊မိဘဂုဏ်ကျေးဇူးတွေအောက်မေ့တမ်းတကြရင်းနဲ့ပေါ့ဗျာ၊ကျွန်တော်တို့ ကျေးရွာဘလော့ကလဲ၊ အမေနေ့ကိုဂုဏ်ပြုသောအားဖြင့်မိဘတွေနဲ့ ဝေးနေကြတဲ့ ကျွန်တော်တို့ရွာသားတွေအတွက်အမေ့အလွမ်း ပြေကြစေဖို့၊ အဆိုတော်ဟင်္သတ ထွန်းရင်ရဲ့တေးတပုဒ်ကိုတင်ဆက်လိုက်ပါတယ်၊မိဘဂုဏ်ရည်ကိုသိပြီး၊မိဘကျေးဇူး ဆပ်နိုင်တဲ့၊ဆပ်နေတဲ့၊သားကောင်းသမီးမြတ်များဖြစ်နိုင်ကြစေဟုဆန္ဒပြုလျှက်။ ။



ဘုတလင်


မောင်ညိုချော

ပြာသိုလပြည့် အမေနေ့


ဒီနေ့က၊ မြန်မာသက္ကရာဇ် ၁၃၆၉ ခု၊ ပြာသိုလပြည့် အမေနေ့၊ ကမ္ဘာ့အမေနေ့လဲ
သီးသန့်ရှိပါရဲ့၊ကျင်းပတဲ့နေ့လဲမြန်မာပြည်နှင့်မတူဘူးဗျ၊ တနိုင်ငံနှင့်တနိုင်ငံယဉ်
ကျေးမှု၊ဓလေ့တွေကမတူကြဘူးလေ၊အယူအဆတွေမတူကြတော့၊ကျင်းပတဲ့နေ
တွေကွဲကုန်ကြတာပေါ့၊ကျင်းပကြတဲ့နေ့တွေကဘယ်လိုကွဲကွဲ၊အမေ့ကျေးဇူးတွေ၊
အမေ့ဂုဏ်တွေ၊ သတိတရ ချီးကျူးကြ၊ဖေါ်ထုတ်ကြတာမို့၊ အားရကြည်နူးစရာ
တွေချည်းပါပဲ၊ ကျွန်တော်တို့တွေရဲ့အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မှုသော
မြတ်စွာဘုရားရှင်တောင်မှ၊တာဝတိံသာနတ်ပြည်အထိကြွရောက်ပြီး၊မယ်တော်
ဟောင်း( သန္တုသီနတ်သား) ကို၊မိဘကျေးဇူးဆပ်သောအားဖြင့်တရားရေအေး
တိုက်ကျွေးတော်မှုခဲ့သည်မို့၊ မြန်မာဗုဒ္ဓဘာသာတွေဖြစ်တဲ့ကျွန်တော်တို့တွေလဲ
မိဘကျေးဇူးအထူးသိသင့်တာပေါ့ဗျာ--နော--မြန်မာ့အမေနေ့ကိုစာရေးဆရာကြီး
ဦးသုခရဲ့လှုပ်ဆော်မှုကျေးဇူးကြောင့်စတင်ဖြစ်ပေါ်လာတယ်ဆိုရင်မှားအံ့မထင်ပါ၊
ဆရာကြီးကအမေနေ့ဟောပြောပွဲတခုမှာ၊ မြန်မာ့အမေနေ့ကျင်းပစေခြင်၊ဖြစ်ပေါ်
စေချင်ခဲ့တဲ့အကြောင်းကိုဒီလိုဟောပြောခဲ့ပါတယ်၊`တနေ့မှာကျွန်တော်သတင်း
တစ်ပုဒ်ဖတ်ရတယ်၊ဖအေကနောက်အိမ်ထောင်ပြုလို့တဲ့၊သားသမီးတွေက၊အဖေ
အဖြစ်ကစွန့်လွှတ်သတဲ့၊သတင်းစာထဲမှာထည့်ကြေငြာတာ၊ကျွန်တော်တို့ဗုဒ္ဓဘာ
သာမြန်မာပြည်မှာပါ၊ ဒီသတင်းဖတ်ပြီး၊ ကျွန်တော်သိတ်အံ့အောတုန်လှုတ်သွား
တယ်၊ ဒါဟာလုံးဝကိုမဖြစ်သင့်တဲ့ကိစ္စပါ၊ဒီလိုကိစ္စတွေနောင်မဖြစ်ပေါ်စေဖို့ကျွန်
တော်တို့တွေမှာလုံးဝတာဝန်ရှိတယ်၊မိဘကျေးဇူးတွေသိကြဖို့အထူးလှုံ့ဆော်ရမယ်၊
ဆိုပြီး၊အမေနေ့ဖြစ်ပေါ်လာဖို့ကျွန်တော်တို့တွေကြိုးစားခဲ့ကြတာပါ’’တဲ့၊ဆရာကြီးရဲ့
ကြိုးစားမှုအသီးအပွင့်တွေမညှိးခြောက်စေဖို့၊အခက်အလက်တွေဝေဖြာစေဖို့က
မျိုးဆက်သစ်လူငယ်တွေဖြစ်တဲ့ကျွန်တော်တို့တွေရဲ့မဟာတာဝန်ကြီးတရပ်ပဲမဟုတ်
ပါလားဗျာ၊ဒါကြောင့်ကျွန်တော်တို့ဘလော့ကမျိုးဆက်သစ်လူငယ်တွေမိဘကျေးဇူး
အထူးသိကြစေဖို့၊မြန်မာ့အမေနေ့ကိုအမှတ်ရကြပြီး၊အမေ့ကျေးဇူးဆပ်ကြဖို့၊တိုက်
တွန်းသောအားဖြင့်ရေးသားလိုက်ရကြောင်းပါ---ခင်ဗျ----

ဘုတလင်

မောင်ညိုချော

Monday, January 21, 2008

အသင်းနှစ်ပတ်လည်နေ့

ကျွန်တော်တို့အသင်းဟာသုံးနှစ်သားရှိပါပြီ၊ကျွန်တော်တို့တွေဟာအသင်းရည်ရွယ်
ချက်သုံးရပ်ကိုဖြည့်စည်းနိုင်ဖို့အားမာန်အပြည့်နဲ့တက်ကြွစွာလှုပ်ရှားနေကြပါတယ်၊
အခုဆိုရင်သင်းလုံးကျွတ်စည်းဝေးပွဲကြီး(ကျွန်တော်တို့ရွာသားတွေမျက်နှာစုံညီတွေ့
စုံပွဲ)ကလဲ နီးကပ်လို့လာပြန်ပါပြီ၊ တရုပ်နှစ်သစ်ကူးနေ့ဟာစည်းဝေးပွဲနေ့ပါ၊ ဒီနှစ်တ
ရုပ်နှစ်သစ်ကူးနေ့က၊ဖေဖေါ်ဝါရီလ ( ၇ ) ရက်နေ့ပါ၊ဒီအချိန်ရောက်တိုင်းကျွန်တော် တို့တွေရဲ့စိတ်တွေဝမ်းသာကြည်နူးမှု တွေနဲ့တက်ကြွလို့နေပါတယ်၊ ဝေးကွာနေကြ
တဲ့ရွာသားတွေနှင့် ကျွန်တော်တို့ တွေပြန်လည်တွေ့စုံကြရမှာမို့ပါ၊ အားလုံးက ဒီအ
ချိန်ကိုမျှော်လင့်နေကြတာမဟုတ်ပါလားဗျာ၊ အသင်းရဲ့ထိပ်ပိုင်းခေါင်းဆောင်းတွေ
ကလဲ စည်းဝေးပွဲကျင်းပမည့်နေရာတွေရွေးကြ၊ရှာကြ၊ဆွေးနွေးကြ၊ အသင်းတာဝန်
ခံတွေကလဲ နေရာထိုင်ခင်းများစီစဉ်ဆောင်ရွက်ကြ၊ အသင်းအမှုးဆောင်တွေကလဲ
ကျွေးမွေးရေးတွေပြင်ဆင်ကြ၊ နယ်မြေခံ ခေါင်းဆောင်တွေကလဲ ကြိုဆို ဧည့်ခံရေး
တွေတိုင်ပင်ကြနဲ့၊ မိမိယူရမယ့်တာဝန်တွေ မလစ်ဟင်းရအောင်လှုပ်ရှားနေကြတာ
မောရ၊ပန်းရမှန်းမသိသရောင်ကြည်နူးပျော်ရွှင်တက်ကြွနေကြပါတယ်၊အသင်းဝင်
ရွာသားတွေကလဲ၊ စုံညီပွဲတော်ကိုစုံညီစွာတက်ရောက်နိုင်ကြဖို့၊ တယောက်နှင့်တ
ယောက်၊သတိတွေပေးကြ၊ဖုန်းတွေဆက်ကြ၊ messages တွေပို့ကြနဲ့ပါ၊ဒီလှုပ်ရှား
မှုတွေဟာ အသင်းကြီးရေရှည်တည်တံ့ခိုင်မြဲရေး နှင့် အသင်းရဲ့ရည်မှန်းချက်တွေ
အောင်မြင်ရေးအတွက်အင်အားတွေဖြစ်သလို၊အသင်းသားအားလုံးရဲ့ညီညွတ်မှုသ
ရုပ်၊ချစ်ခင်ရင်းနှီးမှုသင်္ကေတတွေပဲမဟုတ်ပါလားခင်မျာ။ ။

မှတ်တမ်းတင်

ဘုတလင်

မောင်ညိုချော

Sunday, January 20, 2008

အသင်းဖွဲ့စည်းပုံ

ကျွန်တော်တို့အသင်းဖွဲ့စည်းပုံကတော့အထူးပြောစရာမရှိဘူးထင်ပါတယ်၊ အခြား
အသင်းအဖွဲ့နည်းတူပါပဲဗျာ၊ နာယက၊ အမှုဆောင်၊ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊တွေနှင့်ဖွဲ့စည်း
ပါတယ်၊ အဲ--ပြောစရာရှိတာက၊ကျွန်တော်တို့အသင်းရဲ့ရည်ရွယ်ချက်သုံးရပ်ထဲက
နံပတ်သုံး(ဇာတိရွာကို ဖွံ့ဖြိုးရေးတွေလုပ်ဖို့ ) အတွက်အကောင်အထည်ဖေါ်ပေးဖို့
မိမိတို့ကျေးရွာမှာ အသင်းခွဲတခုဖွဲ့တာပါပဲ၊ ဆိုလိုတာက၊ မလေးရှားမှာအသင်းတ
ခု၊ ရွာမှာအသင်းတခုဆိုပါတော့ဗျာ၊ မလေးရှာမှာရှိတဲ့အသင်းကတော့ရည်ရွယ်
ချက်သုံးရပ်နှင့်ပေါ့ဗျာ၊ ရွာအသင်းခွဲကတော့၊မလေးရှားအဖွဲ့ရဲ့ဆန္ဒနှင့်အညီကျေး
ရွာဖွံဖြိုးရေးတွေကိုဆောင်ရွက်ပေးဖို့ပေါ့ဗျာ၊ ကဲမလေးရှားရောက်အဖွဲ့ရဲ့ ဖွဲ့စည်း

ပုံကိုကြည့်ကြပါစို့။။

အသင်းနာယကဆရာတော်များ၊

။ဘဒ္ဒန္တ မဟောသဓပဏ္ဍိတ (မောင်းထောင်ဆရာတော် ပုသိမ်မြို့ )။

။ဘဒ္ဒန္တ မာနိတာလင်္ကာရ (မောင်းထောင်တိုက်အုပ်ဆရာတော် ပုသိမ်မြို့)။

၃။ ။ဘဒ္ဒန္တ ဣန္ဒာစာရ (ကျောင်းထိုင်ဆရာတော် မဒိုင်ကျင်းကျေးရွာ)။

။ ။ဘဒ္ဒန္တ ဉာဏိန္ဒ (စာချဆရာတော် မောင်းထောင်၊ ပုသိမ်မြို့ )။

အသင်း ဥက္ကဋ္ဌ

၁။ ။အရှင်ဇိနဒတ္တ (သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ယခု)၊

ph .no.0094775832315

ဒုတိယ ဥက္ကဋ္ဌ

၁။ ။ကိုမင်းနိုင် (စွန်ကိုင်းပလုပ်).0172454045

အသင်းအတွင်းရေးမှုး

၁။ ။ကိုမြင့်အောင် (မလေးရှား)၊PH.0163151680

၂။ ။ကိုလှမိုး (မလေးရှား)၊PH.0169690627

အသင်းဘဏ္ဍာရေးမှုး

၁။ ။ကိုသိန်းလင်း(မလေးရှား)၊PH.0162683414

အသင်းအမှုးဆောင်

၁။ ။ကိုသန်းဇော် (မလေးရှား)၊PH.0162418893

စာရင်းစစ်များ

။ကိုတက်တိုး (မလေးရှား )၊ ၃။ ။ကိုဆန်းလင်း (မလေးရှား)

၂။ ။ကိုအောင်ကိုမင်း(မလေးရှား)၊ ၄။ ။ကိုဗိုလ်ချစ်သိန်းဦး(မလေးရှား)

။ကိုထွန်းပေါ၊ (မလေးရှား )

အသင်းနယ်မြေခေါင်းဆောင်များ

။ကိုညွန့်လွင်(ဆွန်ကိုင်းဘူလပ်၊မလေး)၊၂။ကိုဖိုးလှ(ချရပ်၊မလေးရှား)၊

၃။ ။ကိုခင်မောင်ညွန့်(ကိုတကိမွန်နင်း)၊ ၄။ ။ကိုရာကျော်(ဘတန်ဘနား)

၅။ ။ကိုဇော်ဝမ်း(ဂျိုဟိုး၊ မလေးရှား)၊ ၆။ ။ကိုဇော်မင်းသန်း(နီလိုင်း)

။ကိုနိုင်ဝင်း(ပီနန်း၊ မလေးရှား)၊ ၈။ ။ကိုကျော်စွာဝင်း(အီပိုး၊ မလေးရှား)၊

ကိုဇော်မျိုး (ဓမ္မာစာရ )၁၀။ကိုကျော်မျိုးဝင်း၊( မွှား )

၁၁။ ။ကိုဆန်းယု( စမုံညှင်း၊)၁၂။ ။ကိုမြင့်ညိမ်း(ကွန်တန်း)

၁၃။ ။ကိုသင်းမောင်၊(ကလန်း)

ဒါတွေကတော့မလေးရှားအဖွဲ့ပေါ့ဗျာ၊ ဇာတိရွာမှာရှိတဲ့အဖွဲ့စာရင်းကိုတော့
နောက်မှသတ်သတ်ဖေါ်ပြပါရစေ၊

မှတ်တမ်းတင်

ဘုတလင်

မောင်ညိုချော


Saturday, January 19, 2008

အသင်းရဲ့ ရည်ရွယ်ချက်

အသင်းကိုရည်ရွယ်ချက်သုံးရပ်နှင့်ဖွဲ့စည်းပါတယ်၊

၁။ ။တနှစ်လျှင်တစ်ကြိမ်၊မလေးရှားရောက်ရွာသားများချစ်ခင်ရင်းနှီးစွာ

မျက်နှာစုံညီတွေ့စုံနိုင်ရန်

၂။ ။မလေးရှားရောက်ရွာသားတွေရဲ့အခက်အခဲကိုတတ်နိုင်သမျှကူညီ

ဆောင်ရွက်ပေးရန်၊

၃။ ။မိမိတို့၏ဇာတိ၊မဒိုင်ကျင်းကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးကို တတ်နိုင်

သမျှကူညီပံ့ပိုးကြရန်၊

ဒီရည်ရွယ်ချက်သုံးရပ်နှင့်အသင်းကိုစတင်ဖွဲ့စည်းခဲ့တာပါ၊ အသင်းရဲ့သုံးနှစ်တာ ကာလမှာအခက်အခဲအမျိုးမျိုးကိုစုပေါင်းအားနှင့်ရင်ဆိုင်ဖြေရှင်းအဖြေ ရှာပြီး အသင်းရေရှည်တည်တန့်ရေးအတွက်ကြိုးစားရုန်းကန်ခဲ့ကြရပါတယ်၊ အခက်
အခဲဆိုတာကတော့ဘယ်အရာမဆိုတွေ့ကြုံကြစမြဲမို့၊ဘာပဲပြောပြော၊ အသင်း
ရည်ရွယ်ချက်အတိုင်း၊ ရွာသားတွေစုံစုံညီညီနှင့်တွေစုံနိုင်ခဲ့ကြပါတယ်၊မလေးရှား ရောက်ရွာသားတွေရဲ့အခက်အခဲတွေကိုလည်းတတ်နိုင်သမျှကူညီဖြေရှင်းပေး
နိုင်ခဲ့ပါတယ်၊ ဇာတိရွာရဲ့ဖွံ့ဖြိုးရေးတွေကိုလည်းတတ်နိုင်သမျှကူညီပံ့ပိုးနိုင်ခဲ့ကြ
ပါတယ်၊ ဆိုတော့က၊ကျွန်တော်တို့အသင်းရဲ့ရည်ရွယ်ချက်တွေအောင်မြင်တယ်
လို့ဆိုရမှာပေါ့ဗျာ---နော--

မှတ်တမ်းတင်

ဘုတလင်

မောင်ညိုချော

မဒိုင်ကျင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း

ဒီအသင်းကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မျာအခြေစိုက်ပါတယ်၊မလေးရှားရောက်
ကျွန်တော်တို့ရွာသားလူငယ်တွေ ဖွဲ့စည်းတည်ထောင်ထားတာပါ၊ သက်တမ်းသုံးနှစ်
ကျော်လာပါပြီ၊ ကျွန်တော်တို့ရွာသားတွေဟာ(၂၀၀၂)ခုနှစ်လောက်ကစပြီး၊ မလေး ရှားမြေကိုစတင်အခြေချနေထိုင်ခဲ့ကြပါတယ်၊ရေခြားမြေခြား စွန့်စားဝမ်းစာရှာဖို့ပေါ့
ဗျာ၊ဘ၀အတွက်၊ မိသားစုအတွက်ဆိုပါတော့၊မျှော်လင့်ချက်ရည်မှန်းချက်၊တနင့်တ ပိုးနဲ့ဆိုတော့လဲကြိုးစားရုန်းကန်ရတာနေ့မအားညမနားပါပဲ၊ မလေးရှားရောက်ကျွန်
တော်တို့ရွာသားတွေတစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံကြဖို့အတော်ကိုမလွယ်တဲ့
အဖြစ်ပါ၊ကျွန်တော်တို့ရွားသားတွေရဲ့ရင်ထဲတူညီနေတဲ့ဆန္ဒတစ်ခုက၊အားလပ်ရက်
တွေမှာရွာသားတွေတစုတဝေးတည်း တွေ့နိုင်ဖို့ပါ၊ဒီလိုနဲ့ပဲ၊သူငယ်ချင်းတွေဆုံကြ
တော့၊ရွာသားတွေတစုတဝေးတည်းတွေ့နိုင်မည့်ရက်သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့ကြပါ
တယ်၊ အဲဒီနေ့ကတော့တရုပ်နှစ်သစ်ကူးနေ့ပါ၊ ဒီတရုပ်နှစ်သစ်ကူးနေ့မှာမလေးရှား
နိုင်ငံမှာရှိတဲ့၊ ရုံးတွေ၊ ဈေးဆိုင်တွေ၊ အလုပ်ရုံတွေအတော်များများပိတ်ပါတယ်၊အဲဒီ နေ့ဟာရွာသားတွေမျက်နှာစုံညီတွေ့ဆုံကြဖို့အကောင်းဆုံးနေ့ပါပဲ၊ပထမနှစ်မျက်
နှာစုံညီတွေ့စုံပွဲရဲ့ရလာဒ်ကတော့ကျွန်တော်တို့မဒိုင်ကျင်းကျေးရွာလူငယ်အသင်းဖွဲ့
စည်း နိုင်ခဲ့တာပါပဲ။အဖွဲ့ဝင်ဦးရေ(၉)ယောက်နဲ့စတင်ခဲ့တာပါ၊ သက်တမ်းကြာလာ
တာနှင့် အမျှ၊အဖွဲ့ဝင်ဦးရေဟာလည်း၊ တနှစ်ထက်တနှစ်တိုးပွားလို့လာပါ တယ်၊ဒီ
လိုနှင့်ပဲ ``မဒိုင်ကျင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း´´ဟာမလေးရှား နိုင်ငံမှာကြွားကြွားဝင့်ဝင့်ငွါးငွါးစွန့်စွန့်ပေါ်ထွန်းခဲ့တယ်ပေါ့ဗျာ၊အင်္ဂလိပ်လိပ်လိုတော့
``Development Youth Organization of Madaing Kyin Village ´´

လို့ခေါ်သပေါ့ဗျာ၊---အ ဟဲ----

မှတ်တမ်းတင်

ဘုတလင်

မောင်ညိုချော

Monday, January 14, 2008

ဇန်န၀ါရီမှတ်တမ်း






2008 ခုနှစ် ဇန်န၀ါရီလ(၄) ရက်နေ့က၊သီရိလင်္ကာနိုင်ငံတောင်ပိုင်းမြို့တော်၊ ဂေါမြို့
ရောက်စဉ် အမှတ်တရရိုက်ခဲ့တဲ့ပုံတွေပါ၊ ဒီမြို့လေးဟာ၊ သေးပေမဲ့သိတ်သာယာတဲ့
မြို့ပါ၊နိုင်ငံခြားသားတွေအများအပြားတွေ့ရပါတယ်အပန်းဖြေလာကြတယ်ထင်ပါရဲ့၊
ဦးဇင်းတို့ကလဲမြန်မာပြည်ကဆိုတော့နိုင်ငံခြားသားတွေပေါ့လေ၊သူတို့ကမြန်မာဆို
မသိကြဘူး၊သူတို့သိတာ၊ခေါ်တာက(ဘုရုမေ)တဲ့၊မြန်မာဘုန်းကြီးတွေကိုခေါ်တာက
(ဘုရုမေစာဓု)တဲ့၊ ဦးဇင်းတို့ကလဲသီရီလင်္ကာကို၊သီဟိုဠ်လို့ခေါ်သကိုး၊ ဒီမြို့က ပင် လယ်ကမ်းစပ်မှာတည်ထားတဲ့မြို့မို့၊ ပင်လယ်ရဲ့အလှကိုလဲတ၀ကြီးခံစားနိုင်ပါတယ်၊ ၊မြို့တောင်ဖက်နှင့်အနောက်ဖက်တွေဟာ၊ကမ်းမမြင်၊ လမ်းမမြင်၊ပင်လယ်ကြီးပါ၊
ဦးဇင်တို့ဗမာပြည်၊ ဧရာဝတီတိုင်းက ချောင်းသာ၊ ငွေဆောင်ကမ်းခြေလိုပါဘဲ၊
အုန်း ရည်ကလဲပေါမှပေါဘဲ၊ အမိ မြေပြန် ရောက်နေသလားအောက်မေ့မိပါရဲ့၊
အမိမြေ အလွမ်းပြေပေါ့၊ ဘယ်သူတွေဘာပဲပြောပြော၊ ဘယ်နေရာတွေဘယ်လိုလှ
လှ၊
မိထွေးရင်ခွင်မှာနေရတဲ့သား၊အမိရင်ခွင်အစစ်လောက်ဘယ်လိုမှမနွေးထွေး
နိုင်တာ ကိုတော့၊ ခံစားဘူးသူတိုင်းသိကြမှာပါလေ-------။

ဘုတလင်

မောင်ညိုချော၊

Saturday, January 12, 2008

ဇာတ်ဆရာ


ဘ၀ကံကြမ္မာ မုန်တိုင်း ၊

ခပ်ရိုင်းရိုင်းလေးမွှေ ၊

ဒို့တွေအတုန်းအရုန်းကျ ၊

အော်-----ဒုက္ခပါလား ၊

ဒုက္ခကိုအရင်းစစ်၊

အမြစ်ရှာကြံမိတော့၊

မောဟကိုအခြေခံ၊

တဏှာနဲ့ ရံထားတဲ့၊

ကံဇာတ်ဆရာဟာ၊

ငါကိုယ်တိုင်ဖြစ်နေပါရောလား ။ ။

ဘုတလင်

မောင်ညိုချော

Friday, January 11, 2008

ဘွဲ့ရ ဆရာတော် များ

ကျွန်တော်တို့ ရွာ ဇာတိနွယ်ဖွား၊သာသနအာဇာနည်ဘွဲ့ရဆရာတော်

တွေ အကြောင်းတင်ပြမလို့ ပါ၊ ဇာတိရွာနဲ့ဝေးကွာနေကြတဲ့ ကျွန်တော် တို့ရွာသားတွေဂုဏ်ယူဝင့်ကြွားနိုင်ကြစေဖို့ပါ၊ ဆရာတော်တွေရဲ့ထေ ရုပ္ပတ္တိအကျယ်ကိုတော့နောက်မှတင်ပြပါမည်၊ အခုတော့ ဘွဲ့ ရသံဃာ

တော်တွေရဲ့ စာရင်းပေါ့ဗျာ။။

၁။ ။ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏ

က။။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ ၊

ခ။ ။သာသနဓဇဓမ္မာစရိယ ဘွဲ့

၂။ ။ဆရာတော် ဘဒ္ဒန္တ သီရိပဏ္ဍိတ

က။ ။အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ ၊

ခ။ ။သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ ဘွဲ့၊

၃။ ။ဆရာတော် ဘဒ္ဒန္တ မဟောသဓပဏ္ဍိတ

က ။အဂ္ဂမဟာပဏ္ဍိတ ဘွဲ့၊

ခ။ ။အဂ္ဂမဟာ ဂန္ထ၀ါစက ပဏ္ဍိတ ဘွဲ့၊

ဂ။ ။သာသနဓဇဓမ္မာစရိယ ဘွဲ့၊

၎။ ။ဆရာတော် ဘဒ္ဒန္တ မာနိတာလင်္ကရ

က။ ။မဟာဂန္ထ၀ါစက ပဏ္ဍိတ ဘွဲ့၊

ခ။ ။ဒီဃဘာဏက ဘွဲ့၊

ဂ။ ။သာသနဓဇဓမ္မာစရိယ ဘွဲ့၊

၅။ ။ဆရာတော် ဘဒ္ဒန္တ ဇိနဒတ္တ

က။ ။သာသနဓဇဓမ္မာစရိယ ဘွဲ့၊

ခ။ ။ဝိနယ၀ိဒူ ဘွဲ့၊

ဂ။ ။MA။ ( Buddhism) သီရိလင်္ကာ

ဆရာတော်တွေရဲ့ ထေရုပ္ပတ္တိ ကိုတော့နောက်မှ ပြည့်ပြည့်စုံစုံဖေါ်ပြနိုင်

အောင် ကြိုးစားပါမည်၊ယခုတော့ဒီမျှဖြင့်ကျေနပ်တော်မူကြပါရန်၊

ဘုတလင်

မောင်ညိုချော၊

Thursday, January 10, 2008

သစ်ရွက်



ကိုယ့်ရဲ့ အခင်မင်ဆုံးသူငယ်ချင်းကပြောတယ်၊လေလွှင့်ငှက်ရဲ့တေးသံ
ကြားလွင့်မြောနေတဲ့ကိုယ့်ကို၊ နေမြဲနေရာမှာပဲထာဝရမြှတ်နှံဖို့ကြိုးစား
ပါတဲ့၊ သူငယ်ချင်းရေ---မင်းအမြင်၊ မင်းအတွေး၊ မင်းစေတနာကို
ကိုယ်အသေအခြာ နားလည်ခံစားမိပါတယ်၊ ဒါပေမဲ့ပေါ့ကွာ----
အဲဒီအတွက် ကိုယ့်ဆီမှာဘာမှပြန်ရှင်းပြစရာမရှိတာကို စိတ်မ
ကောင်းပါဘူး၊ကိုယ့်ရင်တွင်းဖြစ် ကဗျာတပုဒ်ကိုပဲ မင်းအတွက်
မွေးထုတ်ပေးလိုက်ပါတယ်၊

ငါဟာသစ်ရွက်၊
အကြွေစောလို့ နှမြောလှချည့်လို့၊
မင်းပြောတယ်နော်၊
လှုပ်လေရဲ့ ဆုတ်ခြွေမှုတွေ၊
ဥတုရဲ့ပြုမူမှုတွေ၊
တားဆီးမှုဝေး၊
သစ်ဆွေးရဲ့အမှန်သရုပ်၊
မင်းအဟုတ်ကော မြင်တတ်ပါရဲ့လား၊
ကြည့်ပါ၊ မြင်ပါ၊ သိပါ၊
သစ်ရွက်ကြွေ နိယာမ၊
လေထ လို့ လဲကြွေ၊
ခြွေချ လို့ လဲ ကြွေ၊
မနေရ လို့ လဲ ကြွေ ။ ။




ဘုတလင်
မောင်ညိုချော၊

မှန်တစ်ချပ်

ငါတခါမှမဆိုဘူးခဲ့တဲ့ သီချင်းတပုဒ်ကို၊

ဘာကြောင့်များငါ့သမိုင်းထဲထည့်ချင်ရတာပါလိမ့်၊

သမိုင်းဟာအမှန်နည်းတယ်ဆိုတာကိုသက်သေပြချင်တာလား၊

ခွေးဟောင်တိုင်းထမကြည့်တတ်ဘူးနော်၊

မှန်လုံခန်းထဲမ၀င်လျှင်နေပါ၊

ပုံပေါ်မှန်ကိုတော့ကြည့်တတ်ဖို့လိုတယ်၊

``လွမ်းရေးထက်၊၀မ်းရေးခက်သတဲ့´´

``ခွဲရေးထက၊်တွဲရေးခက်သတဲ့´´

ဒီမှန်ဟာသူတို့အတွက်ပဲထင်ပါရဲ့၊

မိုးမလင်းခင် ပျိုးခင်းဝင်တဲ့ လယ်သမား၊

အနှုတ်မများဖို့တော့လိုလိမ့်မည်၊

ဒါဆို------

ငါတို့တွေကလဲ၊

ဆိုနေကြ ကမ္ဘာမကြေသီချင်း၊

မနားတမ်းဆိုဘို့လိုနေပြီ။ ။

ဘုတလင်

မောင်ညိုချော

Wednesday, January 9, 2008

ကျွန်ုပ်တို့ ၏ ဇာတိရွာ

8:09 PM 1/9/2008
လူတိုင်းမှာ မိမိဘ၀စတင်ရာ ဇာတိရွာဆိုတာရှိကြပါတယ်၊မမေ့အပ်တဲ့
အရာငါးမျိုးထဲမှာတစ်ခုပေါ့၊ ဘယ်သူမှလည်းမမေ့ကြပါဘူး၊ မေ့နိုင်ကောင်းတဲ့
အရာမှမဟုတ်ဘဲလေ၊ကျွန်တော်လဲမမေ့ဘူး၊ ကျွန်တော်တို့ ရွာရဲ့ သာယာပျော
်ရွှင်ကြည်နူးစရာတွေကြောင့်လည်းပိုပြီးမမေ့ခဲ့တာပါ၊ ကျွန်တော်တို့ ရွာလေးရဲ့ 
အမည်က``မဒိုင်ကျင်း´´ရွာတဲ့၊ စစ်ကိုင်းတိုင်း၊ဘုတလင်၊မြို့ နယ်ထဲကရွာလေး
ပေါ့၊ သမိုင်းထဲမှာထင်ရှားပြီး၊ သမိုင်းအတင် အတင်မခံရပေမဲ့၊သမိုင်းတွင်သင့်
တဲ့ရွာလေးပါ၊ သမိုင်းတွင်သင့်ကြောင်းကိုအလျှင်းသင့်မှပြောပြရဦးမယ်၊
---အဟဲ--ကြွားတယ်လဲမထင်ကြပါနဲ့ ။ကျွန်တော်တို့ ရွာလေးဟာ ဘုတလင်မြို့
နှင့် ဒီပဲယင်းမြို့ နယ်တို့ ရဲ့ နယ်စပ်မြို့ ကလေးဖြစ်တဲ့ ဆိုင်ပြင်မြို့ ရဲ့  အနောက်
ဘက်လေးမိုင်လောက်ဝေးတဲ့ ဘုတလင်မြို့ နယ်အဆုံးက ရွာလေးပါ၊ မြောက်
ဘက်မှာ ဒီပဲယင်း မြို့နယ်အဆုံး ရှမ်းတော+ကန်းလမ်း ရွာရှိပါတယ်၊ အရှေ့
ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တွေမှာတော့ ဘုတလင်နယ်ရွာတွေပါ၊
ဂေါစရဂါမ် ကောင်းတဲ့ရွာ ဆိုရင်လဲ မမှားပါဘူး၊ အရှေ့ဆယ်ကြီး၊ တောင် ရဲထွက်
အနောက် နှောပင်ကြီးရွာတွေရှိကြပါတယ်။ ရဲထွက်ရွာဆိုတာက နယ်ချဲ.တွေကို
တော်လှန်ခဲ့တဲ့ တော်လှန်ရေးခေါငိးဆောင်``ဗန္ဓကရသေ့´´ဆိုတဲ့ မျိုးချစ် ခေါင်း
ဆောင်ကြီးရဲ့ မွေးရပ်မြေပါ၊ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဗန္ဓက ရဲ့ ဇာတိရွာနဲ့ နီးတော့
ကျွန်တော်တို့ရွာကကော တော်လှန်ရေးပုဂ္ဂိုလ်တွေမထွက်ဘူးလားလို့မေးစရာပေါ့၊
ထွက်ခဲ့တာပေါ့၊ တော်လှန်ရေးဆိုတာ တစ်ဦး၊ တစ်ယောက်ထဲနဲ့ အောင်မြင်နိုင
်တဲ့အလုပ်မှမဟုတ်တာ၊ ``တစ်ယောက်အားနှင့်ယူသော်မရ၊ တစ်သောင်းအား
နှင့်ယူသော်ရ၏´´ဆိုတဲ့စကားဟာ အဲဒီတော်လှန်ရေးအတွက်အင်အားစု,စည်း
ရုံးရေးအတွက်ပေါ့၊ လူအင်အား၊ ငွေအင်အား၊ လက်နက်အင်အား တွေနဲ့ပေါင်း,
မျိုးချစ်စိတ်ကိုအရင်းတည်, ညီညွတ်ရေးကိုဦးထိတ်ထားပြီးတော်လှန်ရေးလုပ
်ကြရတာပေါ့၊ အဲဒီတော်လှန်ရေးလုပ်နေစဉ်က၊ ကျွန်တော်တို့ရွာကကော ဘာမို့
လို့လဲ၊ မြန်မာတွေဘဲ၊ ဗမာတွေဘဲ၊ နိုင်ငံနှင့်လူမျိုးကို၊အမျိုးမျိုးဖိနှိပ်ချုပ်ချယ်
ခံနေရတဲ့အချိုန်မှာ ဘယ်သူလက်ပိုက်ကြည့်နေနိုင်မလဲ၊ တော်လှန်ကြမှာပေါ့၊
ကျွန်တော်တို့ရွာသားတွေ တော်လှန်တာကို သမိုင်းမှာအထင်ကရမရှိ
ပေမဲံ့ သမိုင်းတကွက်၊ စာတမျက်နှာမှာတော့ အထင်အရှားပါ၊စာရေးဆရာ
မြတ်ထွန်းသစ်ရေးတဲ့တော်လှန်ရေးနောက်ခံဝထ္ထုထဲ နှင့် တိုးတက်ရေးမဂ္ဂ
ဇင်းထဲမှာတွေ့နိုင်ပါတယ်၊ဒီအကြောင်းကိုနောက်မှသီးသန့်ရေးပါဦးမယ်၊
အခုတော့အကျဉ်းပေါ့၊ ဒီပဲယင်းမြို့ကနယ်ချဲ့စခန်းတခုကိုဝင်စီးဖို့ လက်နက
်သယ်ယူရေးတာဝန်ထမ်းဆောင်ခဲ့တာ ကျွန်တော်တိုရွာသားအစစ်တွေပေါ့ဗျာ၊
ကဲယုံကြပြီလား၊ ကျွန်တော်ပြောသားပဲ၊ သမိုင်းတင်သင့်တဲ့ရွာပါလို့၊ တော်
လှန်ရေးမှာအဓိကအခန်းကမဟုတ်ပေမဲ့ ကျရာနေရာကနေပါဝင်ခဲ့တဲ့ ကျွန်
တော်တို့ဇာတိရွာကမျိုးချစ်ပုဂ္ဂိုလ်ကျော်တွေပေါ့ဗျာ
ကျွန်တော်တို့ရွာဟာ ရေခံမြေခံ သိတ်ကောင်းတဲ့ရွာပေါ့ဗျာ၊ ရွာပတ်
ဝန်းကျင်ဟာသိတ်ကိုသာယာလှပတာပေါ့ဗျာ၊ တခါလာပြီးရင်ထပ်လာချင်
စရာကောင်းပါတယ်၊ရွာအရှေ့ဘက် တဖာလုံလောက်မှာ`ကင်းတပ်´ဆည်
ကနေလွှတ်တဲ့မူးရှိပါတယ်၊ အဲဒီမူးရေဟာသိတ်ကိုအေးမြကြည်လင်လှပါတယ်၊
ရွာကပိုင်နက်လယ်ယာမြေတွေတော့ရေမရဘူးပေါ့ဗျာ၊ လူ၊ နွား၊တွေအတွက်
တော့ကြိုက်သလောက်ပေါ့၊ ဆယ့်နှစ်ရာသီအမြဲလွှတ်မေတာပါ၊ ကျွန်တော
်တို့ရွာသူရွာသားတွေဟာ၊ အဲဒီ မူးမှာပဲ ရေချိုး ရေခပ်ကြတာပေါ့၊ အဲဒီမူးဟာ
ကျွန်တော်တို့ ရွာ ရေဖူလုံရေးအတွက်တော့သိတ်ကိုအားကိုးရတာပေါ့၊
အရင်ကဆိုရင်၊ကျွန်တော်တို့ ရွာဟာ၊ ရေမရှားပေမဲ့၊ ပေါတဲ့ရွာတော့မဟုတ်
ဘူးဗျ၊ ဘေးရွာတွေကကြည့်ရင် ကျွန်တော်တို့ ရွာဟာ အတော်လေးကိုမြင
့်နေတယ်၊ကုန်းမြင့်နေတာကြောင့်ရေတွင်းတူးဖို့ သိတ်ခက်ခဲရတယ်၊ပေရှစ်ရာ
ကျော်မှရေထွက်တယ်ခင်ဗျ၊၊ ရွာပိုင်ရေစက်တလုံးကိုပဲအားကိုးအားထားပြူရ
တယ်ပေါ့၊ရေကိုလည်းအလှည့်ကျခပ်ရတာမို့ တရွာလုံးမလုံလောက်ကြဘူး၊
လိုသလောက်မရကြဘူးပေါ့ဗျာ၊ ၀ယ်ရတဲ့ဈေးကလဲကြီးသဗျ၊ အဲဒီတော့-သိတ်
မခပ်နိုင်ကြဘူးလေ၊သိတ်မခတ်နိုင်ကြတော့ မသုံးနိုင်၊ မသုံးနိုင်တော့ ချွေတာ၊
ချွေတာတော့ ရေရှားသလိုဖြစ်နေတာပေါ့၊ ရေရှားပြီဆိုတော့လူတွေဟာ ရေကို
`၀´အောင်မချိုးရလို့ ၊မျက်စိနာ၊ မျက်ခမ်းစပ်၊ မျက်စိကျိမ်း ရောဂါတွေရကြရ
တယ်၊ အပူမလယ်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိတွေပျက်ကြ၊ ရောဂါဘယ
တွေထူပြောကြတာပေါ့၊ ဒါတွေကဟိုတုန်းကပါ၊ အခုတော့အဲဒီဘ၀ကအားလူံး
လွတ်မြောက်နေကြပါပြီ၊ မူးရေအမြဲလွှတ်နေတာကြောင့် အချိန်မရွေးရေကို၀၀
လင်လင်ချိုးခွင့်ရနေပြီလေ၊``သောက်သုံးရေဖူလုံရင် ဘ၀ရဲ့ လိုအပ်ချက်လိုအင်
တ၀က်တိတိပြည့်သတဲ့´´ရှေးလူုကြီးသူမတွေပြောတာပဲ၊ ဒါဆိုကျွန်တော်တို့ 
ရွာဟာ ဘာများလိုသေးလဲနော---အားလုံးပြည့်စုံနေတဲ့ရွာလေးပေါ့ဗျာ၊ ဒါကြောင့်
ကျွန်တော်ကပြောတာ၊ ကျွန်တော်တို့ ရွာလေးကသာယာလွန်းလှတယ်၊ ရောက်
ဖူးသူတွေထပ်ရောက်ခြင်ကြတယ်လို့ ၊အဲ-ဒါပေမဲ့-တခုတော့ကြိုတင်တောင်းပန်
ထားပါရစေ၊အကယ်၍ ကျွန်တော်တို့ ရွာကိုသွားမယ်ဆိုရင်ရေမချိုးဘဲနှစ်ရက်သုံး
ရက်နေနိုင်အောင်လေ့ကျင့်ခဲ့ပါလို့ ၊ဘာဖြစ်လို့ လဲဆိုတော့၊မူးက
ရေမလွှတ်တာနဲ့ ကြုံနေမှာစိုးရိမ်မိလို့ ပါဗျ၊-----အဟဲ----


ဘုတလင်၊ မောင်ညိုချော

Tuesday, January 8, 2008

ရွာဦးစေတီ

++--သူငယ်ချင်းရေ---
အေးချမ်းငြိမ်သက်၊
ရွာအရှေ့ ဘက်ကစေတီလေး၊
ထုံးဖွေးဖွေးနဲ့ ပေါ့၊
မြို့ ပေါ်ကစေတီတွေလို၊
ရွှေရောင်မလွှွှမ်း၊
စခန်းမသာယာ၊
ပန်းမာလာမရှိ၊
လွမ်းစရာအတိနဲ့ လေ၊
သို့ ပေမဲ့----------------
ဆည်းလည်းသံတချွင်ချွင်၊
ဓမ္မတေးသံတလွင်လွင်နဲ့ မို့ ၊
ဒို့ ရွာသူတွေရဲ့ စိတ်အစဉ်မှာ၊
ထာဝရ အေးချမ်းစေတာကတော့၊
အမှန်ပါဘဲ သူငယ်ချင်း။

ဘုတလင်
မောင်ညိုချော