ကျွန်တော်တို့ရွာကို လာလည်သူအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ...

Monday, February 4, 2008

ညီညွတ်ခြင်းသည်အင်အား


လူဆိုတာက၊ ကိုယ့်အမြင်၊ကိုယ့်အသိ၊ကိုယ့်အတွေးတွေနဲ့၊ကိုယ့်ဘ၀ကို၊ကိုယ်လို
သလိုပုံဖေါ်နေတတ်တဲ့သတ္တ၀ါမျိုးပါ၊ဒီတော့လူတိုင်းမှာအမြင်အမျိုးမျိုး၊အတွေးအ
မျိုးမျိုးရှိကြပေမပေါ့၊ လူတယောက်နဲ့တယောက်၊ တထပ်တည်းကြတဲ့အတွေးအ
မြင်မျိုးရှိဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စပါ၊ ကိုယ့်အမြင်နဲ့မတူလို့တဖက်လူကိုပဋိ
ပက္ခ အသွင်ဆောင်ပြီးဆက်ဆံစရာမလိုဘူးထင်ပါတယ်၊ သူ့အမြင်ကိုယ့်အမြင်
တွေကိုနှီးနှောဖလှယ်ပြီးလောကကိုအလှဆင်နိုင်အောင်ကြိုးစားကြမယ်ဆိုရင်၊
ဆန့်ကျင်ဖက်အမြင်တွေဟာလောကကြီးအတွက်၊မရှိမဖြစ်၊အလိုအပ်ဆုံး`အား´
တွေဖြစ်လာမှာမလွဲပါ၊လူသားအားလုံးအမြင်တွေ၊ အတွေးတွေတူညီနေကြမယ်
ဆိုရင် လောကကြီး အေးချမ်းမယ်လို့ထင်ရပေမယ့်၊ဖွံ့ဖြီုးမှုကတော့နှောင့်နှေးနေ
မှာလွဲပါဘူး၊လောကကြီးဘက်စုံဖွံ့ဖြိုးဖို့၊အမြင်အမျိုးမျိုးရှိကြတဲ့လူတွေက၊ရှုထောင့်
စုံကနေ၊လောကကြီးကိုအလှဆင်ဖို့လိုပါတယ်၊ကိုယ်အားသန်ရာအမြင်ရှုထောင့်
နေ၊လောကရဲ့လိုအပ်ချက်တွေကိုဖြည့်ဆီးရင်း၊အလှဆင်ကြဖို့ပါ၊အားအဖြစ်အသုံး
ချကြဖို့ပါ၊ လျှပ်စစ်ကိုရှာဖွေတွေ့ခဲ့တဲ့`Faraday” ဟာလောကကိုအလင်းနဲ့အလ
ဆင်ဖို့ကြိုးစားခဲ့ပါတယ်၊ ‘Luis Pasteur’’ဟာလဲ၊ကျန်းမာရေးအတွက်၊ပြုစုမှုနည်း
စနစ်၊ဆေးဝါးတွေနဲ့လောကရဲ့လိုအပ်ချက်တွေဖြည့်ပေးရင်း၊အလှဆင်ခဲ့ပါတယ်၊
နောက်ပြီး၊`Leonardo Da Vinci’’ရဲ့အနုပညာရသတွေကိုခံစားကြရင်းလူသား
တွေဟာ၊စိတ်ဓာတ်တွေတက်ကြွ၊ခွန်အားတွေအပြည့်နဲ့လောကကြီးကိုရဲရဲရင်ဆိုင်
နေကြပါတယ်၊ဒီလိုအမြင်မတူတဲ့တည်ထွင်ဖန်တီးသူတွေကြောင့်၊လောကကြီး
ဘက်စုံဖွံ့ဖြိုတိုးတက်နေကြတာပါ၊အမြင်တူသူတွေချည်းရှိနေကြမယ်ဆိုရင်၊ဖန်
တီးမှု၊တည်ထွင်မှုတွေတူနေတာမို့ထောင့်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာမဖြစ်နိုင်တဲ့
ကိစ္စပါ၊မှတ်မိကြဦးမှာပါ၊ကျွန်တော်တို့ငယ်ငယ်က၊သင်ခဲ့၊ ကျက်ခဲ့၊ ရွတ်ခဲ့ကြတဲ့
ကဗျာတပုဒ်ကို၊`လဲနေသူ ထူပေးပါ၊ အားငယ်သူအားပေးပါ၊ ရေထဲကလူဆယ်
ယူပါ၊ အကူအညီပေးပါ၊´`လေးလွန်း၍မတွန်းနိုင်ဘူးလားပြိုင်တူတွန်းလျှင်ရွေ့နိုင်
ပါသည်’၊ဒီကဗျာဟာညီညွတ်ရေးအင်အားပြကဗျာဆိုရင်မှားအံ့မထင်ပါ၊ဒါကြောင့်
အမြင်မတူသူတွေကိုဆံ့ကျင်ဖက်အဖြစ်၊ မရှုမြင်ပဲ၊ လူတဦးချင်းရဲ့ အ မြင်တွေကိုနှီး
နှောဖလှယ်ချင်းအားဖြင့်၊ထောင့်စုံဖွံ့ဖြိုးတိုးတက်ဖို့အားအသွင်ဖန်တီးနိုင်ပါက၊
လောကကြီးပိုမို၍လှပဝေဆာနိုင်မည်ဆိုတာကိုတင်ပြလိုက်ရပါကြောင်း။ ။




ဘုတလင


မောင်ညိုချော