ကျွန်တော်တို့ရွာကို လာလည်သူအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ...

Friday, June 20, 2008

နယုန်လပြည့် မဟာသမယနေ့

ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ၊ တနှစ်ပတ်လုံးလအလိုက်ပွဲတော်တွေ ကျင်းပလေ့ရှိကြပါတယ်၊တန်ခူးမှာသင်္ကြန်၊ကဆုန်ကြတော့ညောင်ရေသွန်း၊
ဟော..အခုနယုန်ကြပြန်တော့..မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ပွဲ။တချိ့လ
နှင့်တချို့ပွဲတော်တွေက..မြန်မာ့ရိုးရာဓလေ့ပွဲတော်..တချို့ကဘာသာရေးပွဲ၊

အခုကျင်းပတဲ့ပွဲကတော့ဘာသာရေးပွဲတော်စစ်စစ်၊ဗုဒ္ဓဘာသာပွဲတော်ပေါ့ဗျာ၊

မဟာဆိုတာက၊ကြီးမြတ်ခြင်း၊ကြီးကျယ်ခြင်း၊ထူးမြတ်ခြင်းတဲ့၊ သမယ၊ဆိုတာက

တော့၊အခါကာလ၊အချိန်တဲ့၊ ဒီတော့ကား..မဟာသမယ၊ကြီးကျယ် ထူးမြတ်တဲ့
အချိန်ကာလပေါ့ဗျာ၊ဒီနယုန်လပြည့်နေ့ဟာ၊ထူးမြတ်တဲ့နေ့လို့ဆိုလို တာပေါ့ဗျာ၊
နယုန်လပြည့်နေ့ရဲ့ကြီးကျယ်ထူးမြတ်ပုံ၊မဟာသမယလို့အမည်တွင်ပုံ၊
မဟာသမယနေ့ဖြစ်ပေါ်လာပုံတွေက၊ဒီလိုဗျ…ဒီလို…

မြတ်ဘုရားရှင်လက်ထက်က..ကပိလ၀တ်ပြည်သားတွေနှင့်၊ကောလိ ယပြည်သား

တွေပြဿနာဖြစ်ကြသတဲ့၊ ဖြစ်စကတော့နှစ်ပြည်ထောင်လယ်သ မားတွေပါ၊
သိကြတဲ့အတိုင်းပဲလေ၊ လယ်သမားတွေဖြစ်တဲ့ပြဿနာဆိုမှတော့ လယ်ယာမြေ
နှင့်စပ်တဲ့ပြဿနာပေါ့ဗျာ၊လယ်ယာမြေဆိုတာကလဲ၊လယ်သမား တွေရဲ့အသက်
ကိုးဗျ၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊၊ဖြစ်ပုံက၊လယ်ယာမြေစိုက် ချိန်မှာရေလိုကြ
သကိုး၊ ရေကလည်း၊ရောဟိနီမြစ်ကနေမှရပြန်၊ ဒီရောဟိနီမြစ် ဆိုတာကလဲ၊နှစ်
ပြည်ထောင်အလယ်ဗဟိုကနေစီးပြန်ဆိုတော့၊သူအရင်သုံးမည်၊ငါအရင်သုံးမည်၊
ဖြစ်ကုန်ကြတာပေါ့၊နှစ်စဉ်နှစ်တိုင်းတော့အစဉ်ပြေပါရဲ့၊ ဒီနှစ်မှာတော့အစဉ်မပြေ
နိုင်တော့ဘူးလေ၊မိုးကခေါင်တာကိုး၊ဒီနှစ်လယ်သမားတွေအတွက်ရေကလုံလုံ
လောက်လောက်မရနိုင်တော့ဘူးကိုး၊ဒီတော့လဲဖြစ်ပြီပေါ့ပြဿနာ၊
..အဲ..လယ်သမားတွေဖြစ်တဲ့ပြဿနာက၊လယ်သမားတွေတင်မ ပြီးဘူး၊နှစ်ပြည်
ထောင်မင်းညီမင်းသားတွေဆီရောက်ပါရော၊ဒီတော့လဲပြဿနာ ကမငြိမ်းတော့ဘူး
လေ၊ကြီးသထက်ကြီးပြီးနှစ်ပြည်ထောင်စစ်ခင်းရမယ့်အခြေအနေရောက်ကရောပဲ၊
တဖက်နှင့်တဖက်အလျှော့မပေးကြပဲ၊သွေးချောင်းစီးစစ် ပွဲကြီးစစ်ခင်းဖို့စိုင်းပြင်ကြ
ပါလေရော၊

ဒီနှစ်ပြည်ထောင်ဆိုတာကလဲ၊သူစိမ်းတွေမှမဟုတ်ကြဘဲ၊၀မ်းကွဲညီကို တူရီးတွေလေ၊မြတ်ဘုရားရှင်ရဲ့ဆွေမျိုးရင်းခြာတွေလေ၊ဒီတော့မြတ်ဘုရားရှင် ကငြိမ်းချမ်းရေးတရား၊စေ့စပ်ရေးတရားတွေဟောကြားကြရတော့တာပေါ့၊ ဒီလိုဟောတဲ့နေရာမှာ၊မြတ်ဘုရားရှင်က၊သာဓကတွေအနေနဲ့၊
1။ ။ဝက်ဝံနှင့်ရုက္ခစိုး၊ရန်ငြိုးထားရာကနှစ်ဦးလုံးပျက်စီးကြရပုံ၊
2။ ။အကြာက်ကြီးပြီး၊စဉ်းစားဆင်ခြင်ဝေဘန်မှုမရှိတဲ့။ယုန်တကောင်စကား

ကြောင့်၊ ဥသျှစ်သီးကြွေတာကို၊ကမ္ဘာပြိုတယ်မှတ်ပြီပြေးကြလို့၊တိရိစ္ဆာန
တေဒုက္ခတွေ့ကြရပုံ၊
3။ ။တဖက်သားကိုအားနည်းတယ်ထင်ပြီးအထင်သေးအနိုင်ယူလိုပါကလွယ်
ကူသည့်ကိစ္စမဟုတ်၍အထင်မသေးသင့်ကြောင်းကို၊အားကြီးတဲ့ဆင်ပြောင်
ကြီးကိုနှံစုတ်ငှက အနိုင်ယူနိုင်ခဲ့သည့်သာဓကရှိပုံ၊
4။ ။ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့ပိုက်ကွန်မှာငှက်

များအမိခံ ကြရပုံ၊
5။ ။သစ်ပင်များတစုတဝေးတည်းတည်ရှိနေမှုကြောင့်၊လေဒဏ်မိုးဒဏ်ကိုမပြို
မလဲ၊ ကြံ့ကြံ့ခံနိုင်ပုံ၊
6။ ။မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်နိုင်ပုံ၊ ဥပမာ(၆)

ရပ်ပြ ပြီးတရားရေအေး၊ တိုက်ကြွေးကာ၊စေ့စပ်ရေးတရားဟောကြားခဲ့ပါ
တယ်၊ဒီတော့မှနှစ်ပြည်ထောင်သားတွေဟာ၊အမှန်မြင်၊အမှားပြင်လို့ငြိမ်းချမ်း
ရေးရခဲ့ကြပါတယ်၊အဲ..ဒါတင်ကပါရိုးလား…နှစ်ပြည်ထောင်ကမင်းသားပေါင်း
(၅၀၀)ငါးရာ၊သာသနဘောင်ဝင်ပြီးတရားအားထုတ်လိုက်တာ၊ရဟန္တာတွေ
တောင်ဖြစ်ကရောပဲဗျ၊ စင်္ကြာဝဠာကနတ်ဗြဟ္မာတွေနဲ့သတ္တ၀ါတွေကလဲလာ ရောက်တရားနာယူကြရာကတရားထူးတွေရကရောပဲဗျ၊အဲဒီနေ့ဟာ.နယုန်လ
ပြည့်နေ့ပေါ့ဗျာ၊ ဒါကြောင့်ထူးခြားတဲ့နေ့၊ထူးမြတ်တဲ့နေ့၊ကြီးကျယ်မြင့်မြတ်တဲ့
နေ့၊ မဟာသမယနေ့လို့ဆိုသပေါ့ဗျာ၊

အဲ….ဒီလိုထူးခြားတဲ့ကိစ္စတွေနှင့်ပြည့်စုံနေတဲ့နယုန်လပြည့်နေ့မှာ…ထပ် လောင်းထူးခြားစေခဲ့တဲ့အဖြစ်အပျက်တခုကတော့၊သာသနာတော်ကိုအားဖြည့်

ပေးမယ့်ဘိက္ခုနီသာသနာပေါ်လာဖို့စတင်အခြေပျိုးခဲ့တာပါပဲ...ခင်များ...

ဘုတလင်
မောင်ညိုချော