ကျွန်တော်တို့ရွာကို လာလည်သူအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ...

Tuesday, May 20, 2008

စည်ကားခြိမ့်သဲ..ဒို့ရွာ..ညောင်ရေသွန်းပွဲ

ဟာ..ညောင်ရေသွန်းပွဲတောင်လှည့်လာပြီပဲ..အမယ်..ရှေ့ဆုံးက..နိဗ္ဗာန်ဆော်ကြီး
ဦးအောင်ညိမ်းပါလား..မိုက်ကြီးတကိုင်ကိုင်နဲ့..မှန်း..ဘာတွေဟောနေ..ပြောနေပါ
လိမ့်..”ဖွားမြင်သိစံ ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ…တဲ့..ဒီကဆုန်လပြည့်
နေ့မှာ..ကျွန်တော်တို့ရဲ့အားထားကိုးကွယ်ရာ.မြတ်စွာဘုရားအလောင်းတော်ကိုဖွား
မြင်တော်မူခဲ့ပါတယ်..(၆)နှစ်တိုင်တိုင်တရားတော်ကို..ခက်ခက်ခဲခဲကျင့်ပြီး..သဗ္ဗညု တဉာဏ်ရှင်ဘုရားအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်..နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူ
တာကလဲ..ဒီကဆုန်လပြည့်နေ့မှာပါပဲခင်များ..ဒါကြောင့်၊ ကျွန်တော်တို့ဗုဒ္ဓဘာသာ
ဝင်တွေဟာ..ဒီကဆုန်လပြည့်နေ့ကိုအမွန်အမြတ်ထားပြီး..မြတ်စွာဘုရားကိုပူဇော်
သောအားဖြင့်၊ ဘုရားအမှီပြုပွင့်တော်မူခဲ့တဲ့ဗောဓိညောင်ပင်အသက်ရှင်နိုင်ရေးအ တွက်ထိမ်းသိမ်းတဲ့အနေနဲ့၊ညောင်ရေသွန်းပွဲတော်ကျင်းပရခြင်းဖြစ်ပါတယ်ခင်များ.
တဲ့…အဟား..အပြောကတော့ချောလို့ဗျာ..အင်း..သူ့နောက်မှာမောင်းကြီးတဒူဒူနဲ့ ထုလိုက်နေကြတာကတော့ဦးမောင်မြင့်နှင့်ဦးသန်းစိုးတို့ပါလား၊ဘုရားပင့်ကဦးချမ်း မြ၊ထီးတော်မိုးကအမွှာညီနောင်တို့ပါလားဟ၊ကြည့်စမ်း၊အမွှာညီနောင်တို့တောင်အ
တော်ထွားနေကြပါလား၊ အင်း.. အခုခေတ်ကလေးတွေလူဖြစ်တာတယ်မြန်သကိုး၊ ဦးဆယ်အောင်တို့ဘုရားပန်းအိုးကိုင်အဖွဲ့ကလဲအင်အားတောင့်သဗျ၊အယောက်နှစ်
ဆယ်လောက်ရှိမှာ၊..အမယ်..ဒွေးလေးဒေါ်တင်မြတို့ကလဲငှက်ပျောသီးကန်တော့ပွဲ
တွေနဲ့ပါလား၊များမှများပဲ၊တယောက်တဗန်းနဲ့၊အဖီး(၃၀)တော့အနဲဆုံးပဲ၊ဒီအတော
အတွင်းဘုန်းကြီးကျောင်းငှက်ပျောတော့ပေါပါပြီ၊နောက်ရက်ဘုန်းကြီးကျောင်းပြေး
ဦးမှ၊လက်ဖက်ခြောက်လင်ဗန်းကြီးနဲ့ဘယ်သူပါလိမ့်..အော်..ဒေါ်မိတိုးကိုးဗျ၊လက် ဖက်ခြောက်တွေနဲတာမဟုတ်ဘူး၊အင်း..လှူနိုင်မှာပလေ..သူ့သားနဲ့မြေးကမလေး
ရှားမှာကိုး၊ ဒီနှစ်ညောင်ရေသွန်းပွဲလှည့်တာလူတွေမနဲပါလား၊ ကြက်သွန်လင်ဗန်း
တွေနဲ့က..ဒေါ်မိုးတင်.ဒေါ်ရွှေစိန်.ဒေါ်ခင်ရီ.တို့ဗျ၊ ဆွမ်းဆန်တွေနဲ့ကဒေါ်တင်အေး
ဒေါ်ခင်မြင့်၊ဒေါ်မိတင်၊ ငွေပဒေသာပင်တွေနဲ့က ဒေါ်ပွဲတင်၊ ဒေါ်မိဋ္ဌေး၊ ဒေါ်ဝိုင်းဋ္ဌေး
ဒေါ်မရီ၊ဒေါ်တင်ဝိုင်း၊ လိုက်သူတွေများတော့ရေတွက်ရတာတောင်မောလာပြီ၊အ သက်ကြီးသူတွေနောက်လှန်းကြည့်လိုက်ဦးမှ၊အလှူရံပစ္စည်းတွေနောက်ကဓမ္မစ ကြာအဖွဲ့ပဲ၊အင်းဒီနှစ်တော့ထူးထူးဆန်းဆန်း(၄)သင်းလုံးပေါင်းပြီး၊တဖွဲ့ထဲအနေနဲ့ ထွက်တာကိုးဗျ၊ကောင်းပဗျာ၊စည်းစည်းလုံးလုံးရှိသွားတာပေါ့၊ ဓမ္မစကြာအသင်း
မှာက၊အပျိုတွေချည့်ပါဝင်ကြရတာ၊အိမ်ထောင်ကျတာနဲ့၊အလိုအလျှောက်ဝတ်ရွတ်စဉ်အသင်းကထုတ်ပြီး၊နှုတ်ပြီးသားဖြစ်ရောပဲ၊ဒါကရွာဓလေ့ကိုးဗျ၊ အဲဒီ
နောက်မှာ တော့လာပါပြီဗျာအလှပဂေးတွေ၊ ရေအိုးတွေကိုယ်စီရွက်လို့၊ဒီနေရာ
မှာရွာဓလေ့ လေးပြောဦးမှ၊အခုလိုညောင်ရေသွန်းလှည့်တဲ့နေရာမှာအိမ်ထောင်
ရှင်မှန်ရင်ဘယ် သူမှညောင်ရေအိုးရွက်ပြီးမလိုက်ရဘူး၊ညောင်ရေသွန်းချင်ရင်၊
နောက်မှ၊ အခမ်းအ နားပြီးမှ၊ သတ်သတ်သွားပြီးရေလှူ၊ရေသွန်းကြရတယ်ဗျ၊
ရှေးလူကြီးတွေစီစဉ်ခဲ့တဲ့ ဓလေ့လေ၊ကျုပ်အထင်တော့တခြားရွာသားတွေမြင်
ရင်အပျိုနှင့်အအိုလွဲမှာစိုးလို့ ထင်ပါရဲ့၊..ဟာ..ဒီနှစ်အပျိုတွေရဲ့ရှေ့ဆုံးကသွားရတာ
စုကြည်ပါလား၊အရပ်က ထောင်ထောင်မောင်းမောင်းဆိုတော့တယ်ပြီပေါ်
လွင်သကိုး၊ အဲ..ရှေ့ထားရမှာပ၊ သူကဂုဏ်နဲ့ဟိတ်နဲ့ကိုး၊သူကရွာရဲ့ကျက်သရေ
ဆောင်ကိုး၊ဒီနှစ်(၁၀)တန်းစာမေး ပွဲမှာရွာကမိန်းကလေးတွေ(၅)ရောက်ဖြေတာ၊
သူတယောက်ထဲအောင်ပြီးရွာ့ဂုဏ် ဆောင်ထားတာပဲ၊ရုပ်ကလဲလှ၊ပညာကလဲ
တတ်ဆိုတော့ရှေကပဲသွားရမှာပေါ့လေ၊ စုကြည်မျက်နှာကလဲရွှင်လို့ကြည်လို့၊
ရှေ့ကသွားရလို့ပဲလား၊မြတ်စွာဘုရားရည်မှန်း ပြီးရေလှူရမှာဝမ်းသာလို့လား
တော့ကျွန်တော်လဲမဝေခွဲတတ်ဘူး၊ပီတိအဟုန်နဲ့ပြုံး နေတာတော့အမှန်ပဲဗျ၊
သူနောက်က၊ မဖြူစပ်၊..အဲ..နာမည်အရင်းတော့မဟုတ်ဘူး နာမည်အရင်းက
ခင်အုန်းဆင့်၊ ဘယ်သူမှမခေါ်ကြပါဘူး၊အသားအရေကဖြူပြီး ၀င်း နေလို့၊ ဟိုး.ငယ်ငယ်ထဲကချစ်စနိုးနဲ့ခေါ်ကြတာကဖြူစပ်တဲ့၊သူဝတ်ထားတာ ကလဲ၊အသား
ရောင်ဇာဝမ်းဆက်ဆိုတော့အလှပေါ်အယဉ်ဆင့်ဆိုသလိုအသွင်တင့် ပါပေရဲ့၊
အမယ်..သူ့အလှကိုရွာသားတွေကချီးကျူးကြသေးတာ၊မြို့သူတွေရှုံးသတဲ့ သူတို့
မျက်စိထဲနေမှာပေါ့၊သူ့နောက်ကအပျိုတွေကလဲ၊တယောက်တမျိုး၊မရိုးအောင်
အပြိုင်ဝတ်ထားကြလို့လှကြပါပေရဲ့၊ဘယ်လိုထုပ်ဖေါ်ချီးကျူးရမှန်တောင်မသိ
လို့မ ပြောတော့ဘူး(သိချင်သူတွေ ကြည့်ချင်သူတွေရှိရင်ပြော၊လိုက်ပို့ပေးမယ်၊)အ
ပျိုတွေ အနဲဆုံး(၅၀)လောက်ရှိမယ်ထင်ပါရဲ့၊ရေအိုးကိုယ်စီရွက်လို့ပေါ့၊အဲဒီနောက်
မှာတော့အလှပြအဖွဲ့ကရှိသေး၊အပျိုလူပျိုဖေါ်ဝင်စ..ကောင်လေး.ကောင်မလေး၊အ
ယောက်(၂၀)၊ကောင်လေးတွေကပန်းအလှဆင်ထားတဲ့ငွေဖလားတွေပိုက်လို့ပေါ့၊
ကောင် မလေးတွေကတော့၊တဘက်ပခုံးတင်စုံချလို့.ပုသိမ်ထီးတွေဆောင်းပြီး၊
ယဉ်စစဟန်တွေနှင့်ပေါ့ဗျာ၊မြင်ရသူဘ၀င်အေးအစဉ်ငေးစရာတွေပေါ့ဗျာ၊..အဲ.ဒီ
နောက်မှာတော့လာပါပြီဗျာဦးရွှေရိုးရယ်၊ဒေါ်မိုးရယ်၊အတော်ဆိုးတယ်ဆိုတဲ့၊အများ
မျှော်လင့်တကြီး စောင့်စားနေကြတဲ့၊အိုးစည်ဝိုင်းအဖွဲ့၊ကိုမင်းအောင်ကတောင်ရှည်ပု
ဆိုးကြီးနဲ့ဦးရွှေ ရိုးလုပ်သဗျ၊ ကို တွတ်ကတော့ဒေါ်မိုးပေါ့ဗျာ၊သူတို့အတွဲကလည်းအ
တော်ညီသကိုး ဗျ၊ဒါကြောင့်ဘဲတရွာလုံးကအသည်းစွဲဖြစ်နေကြတာထင်ပ၊သူတို့
မပါရင်ပွဲမစည်ဘူးလို့ကိုအောက်မေ့နေကြတာ၊အဲအားလုံး.အားလုံး.တွေရဲ့နောက်
ကတော့၊ဗေ ဒင်အချုပ်၊ မဟာဘုတ်ဆိုသလို၊ဒီလိုစည်စည်ကားကားဖြစ်လာဖို့၊
ချွေးတလုံးလုံးနဲ့ မနားမနေကြိုးစားခဲ့ကြတဲ့၊အပျိုခေါင်းနှင့်လူပျိုခေါင်းတွေပါပဲဗျာ
သူတို့မျက်နှာတွေ ကြည့်ရတာ ပင်ပန်းပုံနဲနဲမှမပြဘူး၊ ရွှင်ကြည် ပြီးပြုံးနေလိုက်ကြ
တာ၊ သူတို့ရဲ့လုပ် ဆောင်ချက်ကိုသူတို့ဂုဏ်ယူနေကြပုံက..ပီတိကိုစား၊ အားရှိပါ၏
…ဆိုတဲ့စကားပုံကို များသက်သေပြုနေကြရောသလားဗျာ……
ဘုတလင်
မောင်ညိုချော

3 comments:

Anonymous said...

ကျွန်မဟိုဘက်အိမ်က အနုပညာနဲ့ ပါစင်နယ် ပဲထားမလားလို့ပါ..
ဒီဘက်အိမ်ကတော့ စက်တင်ဘာသွေးတွေကော မေလမျက်ရည်မိုးတွေပါ စွန်းထင်းနေပါပြီ…

အကိုတို့ အမတို့ဘလော့ဂ်က သီချင်းတွေကလဲ အနှစ်သာရပြည့်ဝ…
ညောင်ရေသွန်းပွဲ စာစုထဲက
“လာပါပြီဗျာအလှပဂေးတွေ၊ ရေအိုးတွေကိုယ်စီရွက်လို့၊ အိုးစည်ဝိုင်းအဖွဲ့” စတဲ့..
စာသားတချို့ကလဲ..
ဝေးကွာနေပြီဖြစ်တဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာနေရာလေးတစ်ခုကို ခေါ်ဆောင်သွားတော့…
လတ်တလော ဖြစ်နေတဲ့ မြန်မာပြည်ရဲ့နာကျင်ကြေကွဲစရာအဖြစ်တွေအတွက် ခံစားချက်တွေနဲ့အတူ… အရင်က လုံးဝခံစားလို့ မတတ်တဲ့ သီချင်းတွေကို အစအဆုံး ရင်နှင့်အမျှခံစား တန်ဖိုးထားလို့…. မြန်မာပြည်ကို အလွန် ကြေကွဲနာကျင်စွာနဲ့ လွမ်းဆွတ်လို့ ပြန်သွားပါပြီရှင်…

mgthonnya said...

ရွာကိုပြန်ရောက်သွားသလိုခံစားရတယ်ဗျ..ဒီရွာလေးကိုတွေ့ဖူးသလိုပဲ
ညောင်ကန်ဘက်ကိုကားနဲ့သွားရင်လမ်းရဲ့ဘယ်ဘက်မှာလား ညာဘက်မှာလားပဲ ။ဟုတ်လားမသိဘူး မေးကြည့်တာပါ။

madaka said...

ကိုသုညခင်များ..ဟုတ်နိုင်ပါတယ်..ကျွန်တော်တို့ရွာနဲ့
ညောင်ကန်ရွာဟာ..တမြို့နယ်ထဲပါခင်မျ..နီးလည်းနီးပါတယ်..ကိုသုညသွားတာကဘယ်ကနေ..ဘယ်လမ်းကနေသွားတာမသိရလို့.ဟုတ်မဟုတ်အတိအကျတော့မပြောနိုင်ပါ..ကျွန်တော်တို့ ရွာက..ဘုတလင်မြောက်မှာပါ..ဘုတလင်ကနေရွာသွားမယ်ဆိုရင်..ဆိုင်ပြင်မှာဆင်းရပါတယ်ခင်မျ..ညောင်ကန်က.အနောက်မြောက်မှာပါခင်များ..
ကျေးဇူးပါခင်များ