ကျွန်တော်တို့ရွာကို လာလည်သူအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ...

Tuesday, May 20, 2008

စည်ကားခြိမ့်သဲ..ဒို့ရွာ..ညောင်ရေသွန်းပွဲ

ဟာ..ညောင်ရေသွန်းပွဲတောင်လှည့်လာပြီပဲ..အမယ်..ရှေ့ဆုံးက..နိဗ္ဗာန်ဆော်ကြီး
ဦးအောင်ညိမ်းပါလား..မိုက်ကြီးတကိုင်ကိုင်နဲ့..မှန်း..ဘာတွေဟောနေ..ပြောနေပါ
လိမ့်..”ဖွားမြင်သိစံ ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ…တဲ့..ဒီကဆုန်လပြည့်
နေ့မှာ..ကျွန်တော်တို့ရဲ့အားထားကိုးကွယ်ရာ.မြတ်စွာဘုရားအလောင်းတော်ကိုဖွား
မြင်တော်မူခဲ့ပါတယ်..(၆)နှစ်တိုင်တိုင်တရားတော်ကို..ခက်ခက်ခဲခဲကျင့်ပြီး..သဗ္ဗညု တဉာဏ်ရှင်ဘုရားအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်..နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူ
တာကလဲ..ဒီကဆုန်လပြည့်နေ့မှာပါပဲခင်များ..ဒါကြောင့်၊ ကျွန်တော်တို့ဗုဒ္ဓဘာသာ
ဝင်တွေဟာ..ဒီကဆုန်လပြည့်နေ့ကိုအမွန်အမြတ်ထားပြီး..မြတ်စွာဘုရားကိုပူဇော်
သောအားဖြင့်၊ ဘုရားအမှီပြုပွင့်တော်မူခဲ့တဲ့ဗောဓိညောင်ပင်အသက်ရှင်နိုင်ရေးအ တွက်ထိမ်းသိမ်းတဲ့အနေနဲ့၊ညောင်ရေသွန်းပွဲတော်ကျင်းပရခြင်းဖြစ်ပါတယ်ခင်များ.
တဲ့…အဟား..အပြောကတော့ချောလို့ဗျာ..အင်း..သူ့နောက်မှာမောင်းကြီးတဒူဒူနဲ့ ထုလိုက်နေကြတာကတော့ဦးမောင်မြင့်နှင့်ဦးသန်းစိုးတို့ပါလား၊ဘုရားပင့်ကဦးချမ်း မြ၊ထီးတော်မိုးကအမွှာညီနောင်တို့ပါလားဟ၊ကြည့်စမ်း၊အမွှာညီနောင်တို့တောင်အ
တော်ထွားနေကြပါလား၊ အင်း.. အခုခေတ်ကလေးတွေလူဖြစ်တာတယ်မြန်သကိုး၊ ဦးဆယ်အောင်တို့ဘုရားပန်းအိုးကိုင်အဖွဲ့ကလဲအင်အားတောင့်သဗျ၊အယောက်နှစ်
ဆယ်လောက်ရှိမှာ၊..အမယ်..ဒွေးလေးဒေါ်တင်မြတို့ကလဲငှက်ပျောသီးကန်တော့ပွဲ
တွေနဲ့ပါလား၊များမှများပဲ၊တယောက်တဗန်းနဲ့၊အဖီး(၃၀)တော့အနဲဆုံးပဲ၊ဒီအတော
အတွင်းဘုန်းကြီးကျောင်းငှက်ပျောတော့ပေါပါပြီ၊နောက်ရက်ဘုန်းကြီးကျောင်းပြေး
ဦးမှ၊လက်ဖက်ခြောက်လင်ဗန်းကြီးနဲ့ဘယ်သူပါလိမ့်..အော်..ဒေါ်မိတိုးကိုးဗျ၊လက် ဖက်ခြောက်တွေနဲတာမဟုတ်ဘူး၊အင်း..လှူနိုင်မှာပလေ..သူ့သားနဲ့မြေးကမလေး
ရှားမှာကိုး၊ ဒီနှစ်ညောင်ရေသွန်းပွဲလှည့်တာလူတွေမနဲပါလား၊ ကြက်သွန်လင်ဗန်း
တွေနဲ့က..ဒေါ်မိုးတင်.ဒေါ်ရွှေစိန်.ဒေါ်ခင်ရီ.တို့ဗျ၊ ဆွမ်းဆန်တွေနဲ့ကဒေါ်တင်အေး
ဒေါ်ခင်မြင့်၊ဒေါ်မိတင်၊ ငွေပဒေသာပင်တွေနဲ့က ဒေါ်ပွဲတင်၊ ဒေါ်မိဋ္ဌေး၊ ဒေါ်ဝိုင်းဋ္ဌေး
ဒေါ်မရီ၊ဒေါ်တင်ဝိုင်း၊ လိုက်သူတွေများတော့ရေတွက်ရတာတောင်မောလာပြီ၊အ သက်ကြီးသူတွေနောက်လှန်းကြည့်လိုက်ဦးမှ၊အလှူရံပစ္စည်းတွေနောက်ကဓမ္မစ ကြာအဖွဲ့ပဲ၊အင်းဒီနှစ်တော့ထူးထူးဆန်းဆန်း(၄)သင်းလုံးပေါင်းပြီး၊တဖွဲ့ထဲအနေနဲ့ ထွက်တာကိုးဗျ၊ကောင်းပဗျာ၊စည်းစည်းလုံးလုံးရှိသွားတာပေါ့၊ ဓမ္မစကြာအသင်း
မှာက၊အပျိုတွေချည့်ပါဝင်ကြရတာ၊အိမ်ထောင်ကျတာနဲ့၊အလိုအလျှောက်ဝတ်ရွတ်စဉ်အသင်းကထုတ်ပြီး၊နှုတ်ပြီးသားဖြစ်ရောပဲ၊ဒါကရွာဓလေ့ကိုးဗျ၊ အဲဒီ
နောက်မှာ တော့လာပါပြီဗျာအလှပဂေးတွေ၊ ရေအိုးတွေကိုယ်စီရွက်လို့၊ဒီနေရာ
မှာရွာဓလေ့ လေးပြောဦးမှ၊အခုလိုညောင်ရေသွန်းလှည့်တဲ့နေရာမှာအိမ်ထောင်
ရှင်မှန်ရင်ဘယ် သူမှညောင်ရေအိုးရွက်ပြီးမလိုက်ရဘူး၊ညောင်ရေသွန်းချင်ရင်၊
နောက်မှ၊ အခမ်းအ နားပြီးမှ၊ သတ်သတ်သွားပြီးရေလှူ၊ရေသွန်းကြရတယ်ဗျ၊
ရှေးလူကြီးတွေစီစဉ်ခဲ့တဲ့ ဓလေ့လေ၊ကျုပ်အထင်တော့တခြားရွာသားတွေမြင်
ရင်အပျိုနှင့်အအိုလွဲမှာစိုးလို့ ထင်ပါရဲ့၊..ဟာ..ဒီနှစ်အပျိုတွေရဲ့ရှေ့ဆုံးကသွားရတာ
စုကြည်ပါလား၊အရပ်က ထောင်ထောင်မောင်းမောင်းဆိုတော့တယ်ပြီပေါ်
လွင်သကိုး၊ အဲ..ရှေ့ထားရမှာပ၊ သူကဂုဏ်နဲ့ဟိတ်နဲ့ကိုး၊သူကရွာရဲ့ကျက်သရေ
ဆောင်ကိုး၊ဒီနှစ်(၁၀)တန်းစာမေး ပွဲမှာရွာကမိန်းကလေးတွေ(၅)ရောက်ဖြေတာ၊
သူတယောက်ထဲအောင်ပြီးရွာ့ဂုဏ် ဆောင်ထားတာပဲ၊ရုပ်ကလဲလှ၊ပညာကလဲ
တတ်ဆိုတော့ရှေကပဲသွားရမှာပေါ့လေ၊ စုကြည်မျက်နှာကလဲရွှင်လို့ကြည်လို့၊
ရှေ့ကသွားရလို့ပဲလား၊မြတ်စွာဘုရားရည်မှန်း ပြီးရေလှူရမှာဝမ်းသာလို့လား
တော့ကျွန်တော်လဲမဝေခွဲတတ်ဘူး၊ပီတိအဟုန်နဲ့ပြုံး နေတာတော့အမှန်ပဲဗျ၊
သူနောက်က၊ မဖြူစပ်၊..အဲ..နာမည်အရင်းတော့မဟုတ်ဘူး နာမည်အရင်းက
ခင်အုန်းဆင့်၊ ဘယ်သူမှမခေါ်ကြပါဘူး၊အသားအရေကဖြူပြီး ၀င်း နေလို့၊ ဟိုး.ငယ်ငယ်ထဲကချစ်စနိုးနဲ့ခေါ်ကြတာကဖြူစပ်တဲ့၊သူဝတ်ထားတာ ကလဲ၊အသား
ရောင်ဇာဝမ်းဆက်ဆိုတော့အလှပေါ်အယဉ်ဆင့်ဆိုသလိုအသွင်တင့် ပါပေရဲ့၊
အမယ်..သူ့အလှကိုရွာသားတွေကချီးကျူးကြသေးတာ၊မြို့သူတွေရှုံးသတဲ့ သူတို့
မျက်စိထဲနေမှာပေါ့၊သူ့နောက်ကအပျိုတွေကလဲ၊တယောက်တမျိုး၊မရိုးအောင်
အပြိုင်ဝတ်ထားကြလို့လှကြပါပေရဲ့၊ဘယ်လိုထုပ်ဖေါ်ချီးကျူးရမှန်တောင်မသိ
လို့မ ပြောတော့ဘူး(သိချင်သူတွေ ကြည့်ချင်သူတွေရှိရင်ပြော၊လိုက်ပို့ပေးမယ်၊)အ
ပျိုတွေ အနဲဆုံး(၅၀)လောက်ရှိမယ်ထင်ပါရဲ့၊ရေအိုးကိုယ်စီရွက်လို့ပေါ့၊အဲဒီနောက်
မှာတော့အလှပြအဖွဲ့ကရှိသေး၊အပျိုလူပျိုဖေါ်ဝင်စ..ကောင်လေး.ကောင်မလေး၊အ
ယောက်(၂၀)၊ကောင်လေးတွေကပန်းအလှဆင်ထားတဲ့ငွေဖလားတွေပိုက်လို့ပေါ့၊
ကောင် မလေးတွေကတော့၊တဘက်ပခုံးတင်စုံချလို့.ပုသိမ်ထီးတွေဆောင်းပြီး၊
ယဉ်စစဟန်တွေနှင့်ပေါ့ဗျာ၊မြင်ရသူဘ၀င်အေးအစဉ်ငေးစရာတွေပေါ့ဗျာ၊..အဲ.ဒီ
နောက်မှာတော့လာပါပြီဗျာဦးရွှေရိုးရယ်၊ဒေါ်မိုးရယ်၊အတော်ဆိုးတယ်ဆိုတဲ့၊အများ
မျှော်လင့်တကြီး စောင့်စားနေကြတဲ့၊အိုးစည်ဝိုင်းအဖွဲ့၊ကိုမင်းအောင်ကတောင်ရှည်ပု
ဆိုးကြီးနဲ့ဦးရွှေ ရိုးလုပ်သဗျ၊ ကို တွတ်ကတော့ဒေါ်မိုးပေါ့ဗျာ၊သူတို့အတွဲကလည်းအ
တော်ညီသကိုး ဗျ၊ဒါကြောင့်ဘဲတရွာလုံးကအသည်းစွဲဖြစ်နေကြတာထင်ပ၊သူတို့
မပါရင်ပွဲမစည်ဘူးလို့ကိုအောက်မေ့နေကြတာ၊အဲအားလုံး.အားလုံး.တွေရဲ့နောက်
ကတော့၊ဗေ ဒင်အချုပ်၊ မဟာဘုတ်ဆိုသလို၊ဒီလိုစည်စည်ကားကားဖြစ်လာဖို့၊
ချွေးတလုံးလုံးနဲ့ မနားမနေကြိုးစားခဲ့ကြတဲ့၊အပျိုခေါင်းနှင့်လူပျိုခေါင်းတွေပါပဲဗျာ
သူတို့မျက်နှာတွေ ကြည့်ရတာ ပင်ပန်းပုံနဲနဲမှမပြဘူး၊ ရွှင်ကြည် ပြီးပြုံးနေလိုက်ကြ
တာ၊ သူတို့ရဲ့လုပ် ဆောင်ချက်ကိုသူတို့ဂုဏ်ယူနေကြပုံက..ပီတိကိုစား၊ အားရှိပါ၏
…ဆိုတဲ့စကားပုံကို များသက်သေပြုနေကြရောသလားဗျာ……
ဘုတလင်
မောင်ညိုချော

Sunday, May 18, 2008

ညောင်ရေသွန်းမည့်..ကျွန်တော်တို့ရွာ

မနက်ဖြန်ဆိုကဆုန်လပြည့်နေ့..ဒီနေ့ကအကြိုနေ့၊အဖိတ်နေ့၊ဒီရက်မှာတော့ကျွန်
တော်တို့ရွာရဲ့..လူပျိုခေါင်းကိုအောင်ဋ္ဌေးနှင့်ကိုမြင့်ဦးတို့..အလွန်အလုပ်ရှုပ်တဲ့နေ့
ဆိုရင်လဲမှားအံ့ မထင်ပါ၊ ဟိုနေရာလဲ သူတို့ကိုတွေ့ရ၊ ဒီနေရာမှာလဲ သူတို့အသံ
တွေချည်းပင်၊..အင်း..မလုပ်လို့ကလဲမရဘူးလေ၊ မနက်ဖြန် ရွာဦးကျောင်း၊ဗောဓိ ပင်ညောင်ရေသွန်းပွဲတော်စည်စည်ကားကားကျင်းပနိုင်ရေးအတွက်က၊သူတို့နှစ်
ဦးရဲ့တာဝန်မဟုတ်လား၊ အရင်နှစ်ကတော့။ လူပျိုခေါင်းက(၅)ယောက်တောင်
ရှိတာ၊ကိုမင်းနိုင်၊ ကိုသိန်းထူး၊ ကိုရာကျော်တို့ကဘ၀ရှေ့ရေးအတွက်ဆိုပြီးတော့ မလေးရှားသွားကြလေရဲ့၊ဒါကြောင့်ဒီနှစ်၊ နှစ်ယောက်ထဲလက်မလည်အောင်ဖြစ် နေကြတာ၊ဗောဓိပင်သန့်ရှင်းရေးအတွက်၊ရွာကျောင်းဂေါပကဖြစ်တဲ့၊ဦးကျော်မင်း တို့အဖွဲ့နဲ့တိုင်ပင်ပြီး၊လူငယ်တွေ၊ တက်ညီလက်ညီ၊ကုသိုလ်ပါဝင်အောင်၊စည်းရုံး ကြရတာကတစ်မျိုး၊ညောင်ရေသွန်းမည့်၊ညနေမှာ၊ အပျိုတွေ၊ အအိုတွေနဲ့ရွာထဲ စည်စည်ကားကား၊လှည့်နိုင်ရေးအတွက်၊အပျိုခေါင်း၊ဒေါ်လွန်းကြည်၊ဒေါ်တုတ်၊
ဒေါ်ခင်ထွေး။တို့နဲ့တိုင်ပင်ရတာကတသွယ်၊အိုးစည်အဖွဲ့ကို၊ကြီးကြပ်ပြီး၊အက တိုက်ရ၊သီချင်းတိုက်ရတာကတဖက်၊မနှစ်က၊ကခဲ့ကြတဲ့၊ကိုမင်းအောင်၊ကိုတွတ်
တို့ကိုဘဲ၊ ဒီနှစ်ဆက်ကဖို့တိုက်တွန်းကြရသေးတာ၊ သူတို့ကလဲ၊အသက်ကြီးလာ တော့၊ကရမှာရှက်သတဲ့၊လူငယ်တွေပဲခိုင်းပါတော့တဲ့၊လူငယ်တွေကိုကခိုင်းရတာ က၊မခက်ဘူး၊လူငယ်တွေထဲမှာဖိုးကချင်တွေကလဲပေါမှပေါ၊ဒါပေမဲ့၊ခက်နေတာ ကရွာလူထု၊သူတို့ကဒီလူမှဒီလူဖြစ်နေကြတာလေ၊ဒီတော့လဲသူတို့ကိုမနဲချော့ပြီး ကခိုင်းရတာ၊ဒါတောင်မှသိတယ်မဟုတ်လားတောသဘာဝ၊ဟိုဟာတိုက်ရ၊ဒါတွေ
တိုက်ရနဲ့လေ၊ ဂေါပကလူကြီးဦးကျော်မင်းနှင့်ဦးကံတင်။တို့လဲမနားရရှာပါဘူး၊သူ
တို့တာဝန်တွေကျေပွန်ဖို့ကြိုးစာနေကြတာကလား၊ရွာထဲလှည့်ရင်၊မောင်းကိုရှေ့
ကဘယ်သူထမ်း၊ နောက်ကဘယ်သူတီး၊ အဲဒီနောက်က၊ ဘုရားပင့်ပြီးဘယ်သူ လိုက်၊နိဗ္ဗာန်ဆော်ကဘယ်သူလုပ်နဲ့၊အတော်ကိုအလုပ်ရှုပ်နေကြတာကိုး၊ တော်
သေးတယ်၊ သူတို့စီစဉ်သလို ကျေးရွာကနာခံပေလို့၊ အင်း…နောက်ဆုံးတော့။
ရှေ့မောင်းထမ်းက၊ ဦးမောင်မြင့်၊ နောက်ကနေမောင်းတီးရင်းထမ်းမှာက၊ ဦးသန်း စိုး၊နိဗ္ဗာန်ဆော်ကဦးအောင်ညိမ်း၊ဘုရားပင့်ဖို့ကတော့၊ထုံးစံအတိုင်း၊ဦးကြီးချမ်းမြ ပဲဖြစ်မှာပေါ့၊ဦးလေးဆယ်အောင်တို့၊ဦးဖိုးနက်လေးတို့ကတော့၊ဘုရားပန်းအိုးကိုင်
ပဲနေမှပါ၊မနှစ်ကတော့၊ဦးလေးသန်းဆောင်တို့၊ပန်းအိုးကိုင်ကြတာပဲ၊ဒီနှစ်တော့မ ကိုင်နိုင်ရှာကြတော့ဘူး၊ဆုံးသွားရှာပြီလေ၊ဒီလိုပဲလက်ဆင့်ကမ်းအနေနဲ့၊ဦးဆယ် အောင်တို့၊ဦးဖိုးနက်လေးတို့ကတာဝန်ဆက်ယူပေးကြလို့သာပေါ့၊နို့မဟုတ်ရင် ဂေါပကအဖွဲ့လဲမလွယ်ဘူး၊ဟိုလူခိုင်းရမလို၊ဒီလူခိုင်းရမလိုဖြစ်နေကြဦးမှာ၊ရွာထဲ
လှည့်ပြီး၊ဗောဓိပင်ရောက်ရင်၊အမျိုးသမီးတွေဆီက၊ရေအိုးတွေယူ၊ဗောဓိအုတ်ခုံ ပေါ်တက်ပြီး၊ညောင်ရေသွန်းဖို့ကိုတော့၊ဦးပြူးကြီးက၊လူပျိုတွေနဲ့တာဝန်ယူဆိုပဲ
ဒီတာဝန်ကလည်းမသေးဘူး၊အတော်ကိုထိမ်းနိုင်သိမ်းနိုင်မှရယ်၊ဒီလိုပွဲမျိုးဆိုတာ က၊ရွာထဲရှိ၊အပျိုတွေအကုန်ထွက်တာကိုး၊ဒီတော့အကိုကာလာသားတွေကလဲ ဗောဓိပင်အောက်အကုန်ရောက်ကြပြီပေါ့၊အပျိုတွေရွက်လာတဲ့ရေအိုးတွေကို၊လု ပြီးလောင်းကြဖို့လေ၊ဒီအခါမှာတာဝန်ခံခေါင်းဆောင်လူကြီးက။အတော်ကြီးကြပ် ယူရတာ၊မဟုတ်လို့ကတော့လူပျိုတွေအဝေမတဲ့ဖြစ်ပြီးအကြီးအကျယ်ရန်ပွဲ၊ ဟိုး အရင်တနှစ်ကအဲလိုဖြစ်ပါရောလား၊ဗောဓိအုတ်ခုံကြီးကိုကွဲရောပဲ၊အုတ်ခုံဒကာ ဦးမှိုပဲ၊အကုန်အကျခံပြီးထပ်ပြင်လိုက်ကြရတာပေါ့၊ထပ်ပြင်ရတော့၊ငါကုသိုလ် ထပ်ရတာပေါ့တဲ့၊အပြုံးတောင်မပျက်ဘူး၊ဦးမှိုဆိုတာအဲလိုလူ၊ရွာဆိုတာဒီလိုပါပဲ၊ အမြဲမြင်နေရမည့်မျက်နှာတွေဆိုတော့သည်းခံကြရတာပ၊ ဦးတင်တို့၊ ဦးကျော်
လင်းတို့ဘုရားလူကြီတွေကလဲ၊ ရေစက်ချ တရားပွဲကျင်းကဖို့ဗောဓိညောင်ပင် အောက်မှာစီစဉ်နေကြလေရဲ့၊သူတို့တာဝန်ကတော့အေးအေးပဲဆိုရမှာပေါ့၊ရွာထဲ ကလာလှုတဲ့ပစ္စည်းတွေကို၊ဘုန်းကြီကန်တော့ပွဲပြင်၊တရားနာမည့်လူတွေကိုနေ ရာချပေး၊တရားပွဲပြီးရင်ကန်တော့ပွဲတွေကိုဘုန်းကြီးကျောင်လိုက်ပို့၊ဒီလောက်ပဲ ရှိတာကိုး၊ကံကောင်းရင်ဘုန်းကြီးစွန့်တဲ့၊ငှက်ပျောသီးတောင်စားရနိုင်သေး၊ အပျို ခေါင်းတွေလဲမနားရရှာပါဘူး၊ညောင်ရေအိုးရွက်တဲ့အပျိုတွေကလဲ၊ရှေ့ဆုံးကနေ
အတော်သွားချင်ကြတာကိုး၊ရှေ့ကသွားဖို့လုကြတာ၊အဲဒါကအပျိုကြီးခေါင်းတွေ ခေါင်းအခဲရဆုံးအလုပ်ပေါ့၊သူ့ကြတော့ဘယ်သူသမီးမို့ရှေ့ထားတာ၊ငါ့ကြတော့၊ စသဖြင့်၊အပြောခံရ၊အမုန်းခံကြရသေးတာကိုး၊အင်း..ရှေ့ကသွားရတာကိုဂုဏ်
ယူမှာပေါ့၊ လှသူကိုရှေ့ထားတာလို့ပြောသူကပြောကြသကိုး၊တကယ်တော့အား လုံးတောသူတွေချည်းပါပဲ၊ရွက်ကြမ်းရေချိုတွေချည်းပါပဲလို့များကျွန်တော်ကပြော
ရင်လွန်ရာများကျမလားပဲ၊ဘာပဲပြောပြော၊ဒီနေ့အဖိတ်နေ့မှာတော့၊လူပျိုခေါင်းက
အစ၊ဂေါပကလူကြီးအပါအ၀င်၊ အပျိုခေါင်းများအဆုံး၊ တနေ့လုံး၊ တရုန်းရုန်းနဲ့၊
မနက်ဖန်ညောင်ရေသွန်းပွဲတော်အတွက်စီစဉ်နေကြလေရဲ့၊ ကျွန်တော်တို့ရွာ
ညောင်ရေသွန်းပွဲတော်၊စည်မစည်ကတော့၊မနက်ဖန်ညနေကြမှပဲ၊သိကြရမှာပ၊

ဘုတလင်
မောင်ညိုချော

Friday, May 16, 2008

မဒိုင်ကျင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်အသင်း

တွေး...ဆွေးမပြေ


ဒီရက်တွေမှာကျွန်တော်တို့တွေဘာဆိုဘာမှမရေးနိုင်ခဲ့ဘူး၊ရေးချင်စိတ်လဲမရှိဘူး.အားလုံးသိကြတဲ့အတိုင်းဘဲလေ..ကွန်တော်တို့နိုင်ငံမှာမုန်တိုင်းဝင်မွှေသွားတာ…မနက်မိုးလင်းလို့မျက်နှာသစ်ပြီးတာနဲ့.မနက်စာတောင်မစားနိုင်ဘဲ..ကွန်ပြူတာ
ရှေ့ ထိုင်.သတင်းတွေနားထောင်..သတင်းတွေဖတ်နဲ့.အချိန်တွေကုန်မှန်းမသိ
ကုန်သွားရတယ်..ဖတ်ပြီးပြန်တော့..ဒုက္ခရောက်ပြည်သူတွေအတွက်…တစက်မှ
ရင်အေးစရာ မတွေ့ရဘူးလေ…လေကလဲ…အမုန်းတည်းတည်းနဲ့တိုက်..ရေ.က
လည်းအလုံးကြီး ကြီးနဲ့ရိုက်တာခံကြရတဲ့..ကျွန်တော်တို့ရဲ့သွေးသား..အမိဧရာ
မြေက.မချိဗျာပွေနေကြ ရတဲ့…ဒုက္ခရောက်ပြည်သူတွေအတွက်..ရတက်ဘယ်
သူအေးနိုင်ကြပါ့မလဲလေ…အင်း…သမိုင်းမှာညစ်ခဲ့ကြလို့၊ကြမ္မာရဲ့.ရိုင်းပြမှုကိုခံ
ကြရလေသလား….ကြမ္မာရိုင်းကြောင့်ဘဲ သမိုင်းညစ်ရမည့်အဖြစ်တွေ..ကြုံကြ
ရလေသလား..မတွေးတတ်နိုင်အောင်ပါဘဲဗျာ ကျန်နေသူ..ဒို့ပြည်သူတွေ..
ကံကိုပြိုင်..အနိုင်နွှဲနိုင်ကြပါစေလို့အခါခါဆုတောင်းနေမိ ပေမဲ့..ပွေနေတဲ့..
သူတို့တွေရဲ့သောက…ဘယ်လိုနည်းတွေနဲ့များဖြေသိမ့်ပေးနိုင်ကြရပါ့.....
........မလဲဗျာ….


ဘုတလင်
မောင်ညိုချော

Monday, May 5, 2008

ချစ်စရာရွာဓလေ့

ဒေသတိုင်းမှာ..ကိုယ့်ရပ်နှင့်ကိုယ်ဇာတ်..ကိုယ့်ရွာနှင့်ကိုဓလေ့..ဆိုတာရှိကြပါတယ်
ဒါဆို.ကျွန်တော်တို့ရွာမှာလဲ..ချစ်စရာရွာဓလေ့တွေရှိပေမပေါ့နော်ဒီထဲက.သိတ်ချစ
စရာကောင်းတဲ့ရွာဓလေ့.တစ်ခုတင်ပြချင်ပါတယ်.ကျွန်တော်တို့မြန်မာတွေအားလုံး
သိကြပြီးသားဖြစ်မှာပါ..တန်ဆောင်မုန်းလပြည့်နေ့အကြောင်းကို..ဒီလပြည့်နေ့ဟာ
မိုးကောင်းကင်မှာ..ဆီးနှင်း၊မြူ၊ တိမ်၊သူရိန်၊ မီးခိုး၊ ညစ်မျိုးကင်းစင်ပြီး၊ကြယ်တာရာ
နက္ခတ်တွေအစုံအညီထွက်တဲ့ အတွက်.ဆေးပေါင်းခတဲ့ည.လို့အဆိုရှိသလို.ကျီးမ
နိုးပွဲခေါ်တဲ့.အစောဆုံးနိုးလေ့ရှိတဲ့ကျီးတွေမနိုးခင်၊အရုဏ်မတက်ခင်၊အပျော်ခိုးကြ
တဲ့ညလည်ဖြစ်ပါတယ်၊ဘယ်ခေတ်ကာလက၊စတယ်လို့မသိရပေမဲ့..အပျော်ခိုးကြ
တဲ့ဓလေ့ကတော့တနိုင်ငံလုံးအတိုင်အတာကိုပျံ့နှံ့ပြီး.ပျော်ကြ.ရွှင်ကြ.ခိုးကြပါတယ်
တောရွာတွေက၊အပျို၊လူပျိုတွေကတော့အကဲဆုံးပေါ့ဗျာ၊အသီးအနှံတွေတယောက်
မျိုးခိုးလာပြီး၊စုပေါင်းချက်စားကြ၊ပြီးရင်လူတွေအိပ်ချိန်စောင့်၊လူတွေအိပ်တာနဲ့
တအိမ်ကခြံတံခါးကိုဖြုတ်.နောက်တအိမ်ကိုပို့.တအိမ်ကလှည်းကိုယူ.နောက်တအိမ်
ကလှည်းနဲ့လဲ၊စတဲ့ပျော်စရာတွေနဲ့၊သူခိုးကိုကုန်းဆုံးကြပါတယ်(ဒီအကြောင်းတွေ
ကိုနောက်မှသီးသန့်တင်ပြပါဦးမယ်)၊ကျွန်တော်တို့ရွာကတော့..အဲလိုဟုတ်ဘူးဗျ..
အများရွာ..အများရပ်တွေနဲ့တူဘူးဗျ..အဲဒီတန်ဆောင်မုန်းလပြည့်နေ့ရောက်တာနဲ့..
အပျို..လူပျိုတွေဟာခေါင်းချင်းဆိုင်တိုင်ပင်ကြတယ်၊ရွာဦးကျောင်းမှာရှိတဲ့..ရုပ်ပွား
ဆင်းတုတော်တွေကို..သူ့ထက်ငါဦးအောင်အပြိုင်ခိုးကြဖို့ပေါ့ဗျာ..လပြည့်ညရောက်
တာနဲ့ဆင်းတုတော်တွေကိုရွာဦးကျောင်းကနေခိုးပင့်ကြပါတယ်(ရွာဆရာတော်မသိ
စေရန်)ခိုးပင့်လာတဲ့ဘုရားဆင်းတုတော်တွေကို..အပျို..လူပျို..တိုင်ပင်ပြီး..လူအိပ်
ချိန်တွေမှာ..သင့်တော်မယ်ထင်တဲ့အိမ်တွေမှာ..တိတ်တဆိတ်ခိုးပြီးပို့ကြပြန်ပါတယ်
video..ပြပါ..ဘာတွေညာတွေ..အကျွေးအမွေးနဲ့ရွာဦးကျောင်းသို့ဘုရားဆင်းတု
တော်ကိုပြန်လည်ပင့်ဆောင်ပို့ပါ..စသည့်စာတွေရေးလို့ပေါ့ဗျာ၊ဘုရားအပို့ခံရတဲ့
အိမ်ကလည်း..ဒို့အိမ်ကသဒ္ဓါတရားကောင်းလို့..စေတနာရှိမှန်းသိလို့..ပို့တာဆိုပြီး
ဂုဏ်ယူလေ့ရှိကြပါတယ်၊ဒါကြောင့်မနက်မိုးလင်းတာနဲ့..ဘုရားပို့ထားမထားရှာကြ
ပါတယ်..တချို့အိမ်တွေကြတော့.ဘုရားပို့ချင်သူတွေပို့လို့ရအောင်ဆိုပြီး..စားပွဲတွေ.
အခင်းအကျင်းတွေနဲ့ဘုရားဆင်းတုတော်အတွက်ကြိုတင်ပြင်ဆင်ပြီးစောင့်နေကြ
ပါတယ်..ဘုရားပြန်လည်ပို့ဆောင်ကြွချီပွဲကိုလဲ..ခမ်းခမ်းနားနားပြုလုပ်ကြပါတယ်.
တဦးနှင့်တဦးအပြိုင်ပေါ့ဗျာ..အနည်းဆုံးနှစ်သိန်းလောက်အကုန်အကျခံပြုလုပ်ကြ
ပါတယ်၊ဒီအကြောင်းတွေနောက်မှဆက်လက်ဖေါ်ပြပါဦးမယ်..ကျွန်တော်ဆို
ချင်တာက..အများရွာ..ဒေသတွေမှာ..ကျီးမနိုးပွဲဟာ..ပျော်စရာသူခိုးညဖြစ်ပေမဲ့
ကျွန်တော်တို့ရွာကတော့..တန်ဆောင်မုန်းလပြည့်ညဟာ..ပျော်စရာ..ချစ်စရာ
ဘာသာရေး..သရုပ်ပြ..အထွတ်အမြတ်ညချမ်းတစ်ည..ဖြစ်တယ်ဆိုတာပါဘ
...ခင်ဗျ...
ဘုတလင်
မောင်ညိုချော

Sunday, May 4, 2008

ညီမောင်အတွက် ( ၁ )




ညီမောင်ရေ....

ဘ၀လမ်းကိုစမ်းတ၀ါးဝါးလျှောက်နေတဲ့..ညီ..အတွက်..ကိုကြီးစာတစ်ပုဒ်ရေးထုတ်
လိုက်တယ်ကွာ၊ဆရာကြီးလုပ်တာတော့..မဟုတ်ရရိုးအမှန်ပါ.ညီမောင်..ဘ၀ဆိုတာ
တိုက်ပွဲ..တဲ့..အမှန်ပါဘဲညီမောင်..အဲ..ဘ၀ဟာတိုက်ပွဲဆိုရင်..ကိုတို့တွေဟာ..အဲဒီ
တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေကြတဲ့.ရဲဘော်တွေပေါ့ကွာ..တိုက်ပွဲတစ်ခုမှာ..အဓိက
လိုအပ်ချက်က..စိတ်ဓာတ်ပဲ..ဒုတိယက..လက်နက်ပေါ့ကွာ..တတိယက.လူအင်
အားပေါ့..ဒီသုံးချက်ပြည့်စုံရင်..ဘယ်လိုတိုက်ပွဲမျိုးမှာမှ..မရှံးဘူးညီမောင်ရေ.....

ဒီလိုဆိုရင်..ကိုတို့တွေ..တိုက်ပွဲမှာအရှံးမများဖို့..ဘာတွေလိုသလဲဆိုတာ
ညီမောင်သိရောပေါ့..ပဓာန...ကတော့..ညီမောင်ရေ..စိတ်ဓာတ်ပဲကွ..(စိတ်
သာရှင်စော ဘုရားဟော ) ဆိုသကိုးကွ..အဲ..ဘာစိတ်ဓာတ်တွေလဲဆိုတော့..
ကိုယ့်ကိုယ်ကိုယုံကြည်တဲ့စိတ်ပေါ့ကွာ..အများတွေလုပ်လို့ဖြစ်နေ..ဖြစ်နိုင်
နေတဲ့အလုပ်မှန်သမျှညီမောင်လည်း..လုပ်နိုင်တယ်..လုပ်လို့ဖြစ်တယ်ညီမောင်..
လုပ်လို့ဖြစ်မှဖြစ်ပမလားဆိုတဲ့စိတ်..ဘယ်တော့မှ..မမွေးလေနဲ့..အများလုပ်လို့..
ဖြစ်တယ်ဆိုရင်..ငါလည်းဖြစ်ကိုဖြစ်ရစေမယ်..ဖြစ်အောင်လုပ်မယ်ဆိုတဲ့..ကိုယ့်
ကိုယ်ကို..ယုံကြည်တဲ့..စိတ်မွေးပါ၊အခက်အခဲဆိုတာကတော့..အရာရာတိုင်း..
လူတိုင်းမှာ..ရှိကြတာပါပဲ..တွေ့ကြုံကြရတဲ့အခက်အခဲကတော့..တဦးနှင့်တဦး..
မတူဘူးပေါ့ကွာ..ပင်ကိုယ်ဗီဇ..ဓာတ်ခံအပေါ်မှာမမူတည်ပြီး..လွယ်လွယ်နဲ့
ဖြေရှင်းနိုငသူရှိသလို..ခက်ခက်ခဲခဲဖြေရှင်းရသူလည်း..ရှိလိမ့်မပေါ့..ရှိတဲ့
အခက်အခဲ..တွေ့ကြုံလာတဲ့..အခက်အခဲကို..ရင်ဆိုင်ဖြေရှင်း..ကျော်လွှားပြီးမှ..
ရလာတဲ့အောင်မြင်မှုက..ပိုလို့ချိုမြိန်ပါတယ်ညီမောင်..အဲ..အချုပ်ပြောချင်
တာက...ဘ၀တိုက်ပွဲ..ဆင်နွှဲတော့မယ်ဆိုရင်..ညီမောင်ရေ....ကိုယ့်ကိုယ်ကိ
ယုံကြည်တဲ့စိတ်...လုပ်ရင်ဖြစ်တယ်ဆိုတဲ့....စိတ်...ကိုအမြဲမွေးပါ..လို့.....


ခင်တဲ့

မင်းရဲ့အကိုကြီး


Monday, February 4, 2008

ညီညွတ်ခြင်းသည်အင်အား


လူဆိုတာက၊ ကိုယ့်အမြင်၊ကိုယ့်အသိ၊ကိုယ့်အတွေးတွေနဲ့၊ကိုယ့်ဘ၀ကို၊ကိုယ်လို
သလိုပုံဖေါ်နေတတ်တဲ့သတ္တ၀ါမျိုးပါ၊ဒီတော့လူတိုင်းမှာအမြင်အမျိုးမျိုး၊အတွေးအ
မျိုးမျိုးရှိကြပေမပေါ့၊ လူတယောက်နဲ့တယောက်၊ တထပ်တည်းကြတဲ့အတွေးအ
မြင်မျိုးရှိဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စပါ၊ ကိုယ့်အမြင်နဲ့မတူလို့တဖက်လူကိုပဋိ
ပက္ခ အသွင်ဆောင်ပြီးဆက်ဆံစရာမလိုဘူးထင်ပါတယ်၊ သူ့အမြင်ကိုယ့်အမြင်
တွေကိုနှီးနှောဖလှယ်ပြီးလောကကိုအလှဆင်နိုင်အောင်ကြိုးစားကြမယ်ဆိုရင်၊
ဆန့်ကျင်ဖက်အမြင်တွေဟာလောကကြီးအတွက်၊မရှိမဖြစ်၊အလိုအပ်ဆုံး`အား´
တွေဖြစ်လာမှာမလွဲပါ၊လူသားအားလုံးအမြင်တွေ၊ အတွေးတွေတူညီနေကြမယ်
ဆိုရင် လောကကြီး အေးချမ်းမယ်လို့ထင်ရပေမယ့်၊ဖွံ့ဖြီုးမှုကတော့နှောင့်နှေးနေ
မှာလွဲပါဘူး၊လောကကြီးဘက်စုံဖွံ့ဖြိုးဖို့၊အမြင်အမျိုးမျိုးရှိကြတဲ့လူတွေက၊ရှုထောင့်
စုံကနေ၊လောကကြီးကိုအလှဆင်ဖို့လိုပါတယ်၊ကိုယ်အားသန်ရာအမြင်ရှုထောင့်
နေ၊လောကရဲ့လိုအပ်ချက်တွေကိုဖြည့်ဆီးရင်း၊အလှဆင်ကြဖို့ပါ၊အားအဖြစ်အသုံး
ချကြဖို့ပါ၊ လျှပ်စစ်ကိုရှာဖွေတွေ့ခဲ့တဲ့`Faraday” ဟာလောကကိုအလင်းနဲ့အလ
ဆင်ဖို့ကြိုးစားခဲ့ပါတယ်၊ ‘Luis Pasteur’’ဟာလဲ၊ကျန်းမာရေးအတွက်၊ပြုစုမှုနည်း
စနစ်၊ဆေးဝါးတွေနဲ့လောကရဲ့လိုအပ်ချက်တွေဖြည့်ပေးရင်း၊အလှဆင်ခဲ့ပါတယ်၊
နောက်ပြီး၊`Leonardo Da Vinci’’ရဲ့အနုပညာရသတွေကိုခံစားကြရင်းလူသား
တွေဟာ၊စိတ်ဓာတ်တွေတက်ကြွ၊ခွန်အားတွေအပြည့်နဲ့လောကကြီးကိုရဲရဲရင်ဆိုင်
နေကြပါတယ်၊ဒီလိုအမြင်မတူတဲ့တည်ထွင်ဖန်တီးသူတွေကြောင့်၊လောကကြီး
ဘက်စုံဖွံ့ဖြိုတိုးတက်နေကြတာပါ၊အမြင်တူသူတွေချည်းရှိနေကြမယ်ဆိုရင်၊ဖန်
တီးမှု၊တည်ထွင်မှုတွေတူနေတာမို့ထောင့်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာမဖြစ်နိုင်တဲ့
ကိစ္စပါ၊မှတ်မိကြဦးမှာပါ၊ကျွန်တော်တို့ငယ်ငယ်က၊သင်ခဲ့၊ ကျက်ခဲ့၊ ရွတ်ခဲ့ကြတဲ့
ကဗျာတပုဒ်ကို၊`လဲနေသူ ထူပေးပါ၊ အားငယ်သူအားပေးပါ၊ ရေထဲကလူဆယ်
ယူပါ၊ အကူအညီပေးပါ၊´`လေးလွန်း၍မတွန်းနိုင်ဘူးလားပြိုင်တူတွန်းလျှင်ရွေ့နိုင်
ပါသည်’၊ဒီကဗျာဟာညီညွတ်ရေးအင်အားပြကဗျာဆိုရင်မှားအံ့မထင်ပါ၊ဒါကြောင့်
အမြင်မတူသူတွေကိုဆံ့ကျင်ဖက်အဖြစ်၊ မရှုမြင်ပဲ၊ လူတဦးချင်းရဲ့ အ မြင်တွေကိုနှီး
နှောဖလှယ်ချင်းအားဖြင့်၊ထောင့်စုံဖွံ့ဖြိုးတိုးတက်ဖို့အားအသွင်ဖန်တီးနိုင်ပါက၊
လောကကြီးပိုမို၍လှပဝေဆာနိုင်မည်ဆိုတာကိုတင်ပြလိုက်ရပါကြောင်း။ ။




ဘုတလင


မောင်ညိုချော

Tuesday, January 22, 2008

အမေ့အလွမ်းပြေ

ပြာသိုလပြည့်နေ့ဟာမြန်မာ့အမေနေ့ပါ၊ဗုဒ္ဓဘာသာစာပေတွေအရ၊ဒီပြာသိုလပြည့် နေ့ညသန်းခေါင်ယံအချိန်ဟာ ဆောင်းဥတုရဲ့အအေးဆုံးပါ၊ ရာသီဥတုရဲ့အအေးဆုံး နေ့ကို၊အအေးမြဆုံးဖြစ်တဲ့အမေ့မေတ္တာကိုတင်းစားပြီး၊တုနှိုင်းမဲ့မိဘမေတ္တာကိုဖေါ် ကျုးသောအားဖြင့်၊ အမေနေ့ (မြန်မာ့အမေနေ့)ကျင်းပကျတာပါ၊စာရေးဆရာကြီး ဦးသုခ ပုံဖေါ်အကြံပြုခဲ့တဲ့နေ့ပါ၊ မြန်မာ့ဓလေ့နှင့်သိပ်ကိုပဏာရတဲ့ရက်မြတ်ပါ၊ ဒီ နေ့ ဒီရက်မှာကျွန်တော်တို့နိုင်ငံဒေသအသီးသီးမှာအမေနေ့တွေနေရာအနှံကျင်းပ ကျပါတယ်၊မိဘဂုဏ်ကျေးဇူးတွေအောက်မေ့တမ်းတကြရင်းနဲ့ပေါ့ဗျာ၊ကျွန်တော်တို့ ကျေးရွာဘလော့ကလဲ၊ အမေနေ့ကိုဂုဏ်ပြုသောအားဖြင့်မိဘတွေနဲ့ ဝေးနေကြတဲ့ ကျွန်တော်တို့ရွာသားတွေအတွက်အမေ့အလွမ်း ပြေကြစေဖို့၊ အဆိုတော်ဟင်္သတ ထွန်းရင်ရဲ့တေးတပုဒ်ကိုတင်ဆက်လိုက်ပါတယ်၊မိဘဂုဏ်ရည်ကိုသိပြီး၊မိဘကျေးဇူး ဆပ်နိုင်တဲ့၊ဆပ်နေတဲ့၊သားကောင်းသမီးမြတ်များဖြစ်နိုင်ကြစေဟုဆန္ဒပြုလျှက်။ ။



ဘုတလင်


မောင်ညိုချော

ပြာသိုလပြည့် အမေနေ့


ဒီနေ့က၊ မြန်မာသက္ကရာဇ် ၁၃၆၉ ခု၊ ပြာသိုလပြည့် အမေနေ့၊ ကမ္ဘာ့အမေနေ့လဲ
သီးသန့်ရှိပါရဲ့၊ကျင်းပတဲ့နေ့လဲမြန်မာပြည်နှင့်မတူဘူးဗျ၊ တနိုင်ငံနှင့်တနိုင်ငံယဉ်
ကျေးမှု၊ဓလေ့တွေကမတူကြဘူးလေ၊အယူအဆတွေမတူကြတော့၊ကျင်းပတဲ့နေ
တွေကွဲကုန်ကြတာပေါ့၊ကျင်းပကြတဲ့နေ့တွေကဘယ်လိုကွဲကွဲ၊အမေ့ကျေးဇူးတွေ၊
အမေ့ဂုဏ်တွေ၊ သတိတရ ချီးကျူးကြ၊ဖေါ်ထုတ်ကြတာမို့၊ အားရကြည်နူးစရာ
တွေချည်းပါပဲ၊ ကျွန်တော်တို့တွေရဲ့အားထားကိုးကွယ်ရာအစစ်ဖြစ်တော်မှုသော
မြတ်စွာဘုရားရှင်တောင်မှ၊တာဝတိံသာနတ်ပြည်အထိကြွရောက်ပြီး၊မယ်တော်
ဟောင်း( သန္တုသီနတ်သား) ကို၊မိဘကျေးဇူးဆပ်သောအားဖြင့်တရားရေအေး
တိုက်ကျွေးတော်မှုခဲ့သည်မို့၊ မြန်မာဗုဒ္ဓဘာသာတွေဖြစ်တဲ့ကျွန်တော်တို့တွေလဲ
မိဘကျေးဇူးအထူးသိသင့်တာပေါ့ဗျာ--နော--မြန်မာ့အမေနေ့ကိုစာရေးဆရာကြီး
ဦးသုခရဲ့လှုပ်ဆော်မှုကျေးဇူးကြောင့်စတင်ဖြစ်ပေါ်လာတယ်ဆိုရင်မှားအံ့မထင်ပါ၊
ဆရာကြီးကအမေနေ့ဟောပြောပွဲတခုမှာ၊ မြန်မာ့အမေနေ့ကျင်းပစေခြင်၊ဖြစ်ပေါ်
စေချင်ခဲ့တဲ့အကြောင်းကိုဒီလိုဟောပြောခဲ့ပါတယ်၊`တနေ့မှာကျွန်တော်သတင်း
တစ်ပုဒ်ဖတ်ရတယ်၊ဖအေကနောက်အိမ်ထောင်ပြုလို့တဲ့၊သားသမီးတွေက၊အဖေ
အဖြစ်ကစွန့်လွှတ်သတဲ့၊သတင်းစာထဲမှာထည့်ကြေငြာတာ၊ကျွန်တော်တို့ဗုဒ္ဓဘာ
သာမြန်မာပြည်မှာပါ၊ ဒီသတင်းဖတ်ပြီး၊ ကျွန်တော်သိတ်အံ့အောတုန်လှုတ်သွား
တယ်၊ ဒါဟာလုံးဝကိုမဖြစ်သင့်တဲ့ကိစ္စပါ၊ဒီလိုကိစ္စတွေနောင်မဖြစ်ပေါ်စေဖို့ကျွန်
တော်တို့တွေမှာလုံးဝတာဝန်ရှိတယ်၊မိဘကျေးဇူးတွေသိကြဖို့အထူးလှုံ့ဆော်ရမယ်၊
ဆိုပြီး၊အမေနေ့ဖြစ်ပေါ်လာဖို့ကျွန်တော်တို့တွေကြိုးစားခဲ့ကြတာပါ’’တဲ့၊ဆရာကြီးရဲ့
ကြိုးစားမှုအသီးအပွင့်တွေမညှိးခြောက်စေဖို့၊အခက်အလက်တွေဝေဖြာစေဖို့က
မျိုးဆက်သစ်လူငယ်တွေဖြစ်တဲ့ကျွန်တော်တို့တွေရဲ့မဟာတာဝန်ကြီးတရပ်ပဲမဟုတ်
ပါလားဗျာ၊ဒါကြောင့်ကျွန်တော်တို့ဘလော့ကမျိုးဆက်သစ်လူငယ်တွေမိဘကျေးဇူး
အထူးသိကြစေဖို့၊မြန်မာ့အမေနေ့ကိုအမှတ်ရကြပြီး၊အမေ့ကျေးဇူးဆပ်ကြဖို့၊တိုက်
တွန်းသောအားဖြင့်ရေးသားလိုက်ရကြောင်းပါ---ခင်ဗျ----

ဘုတလင်

မောင်ညိုချော

Monday, January 21, 2008

အသင်းနှစ်ပတ်လည်နေ့

ကျွန်တော်တို့အသင်းဟာသုံးနှစ်သားရှိပါပြီ၊ကျွန်တော်တို့တွေဟာအသင်းရည်ရွယ်
ချက်သုံးရပ်ကိုဖြည့်စည်းနိုင်ဖို့အားမာန်အပြည့်နဲ့တက်ကြွစွာလှုပ်ရှားနေကြပါတယ်၊
အခုဆိုရင်သင်းလုံးကျွတ်စည်းဝေးပွဲကြီး(ကျွန်တော်တို့ရွာသားတွေမျက်နှာစုံညီတွေ့
စုံပွဲ)ကလဲ နီးကပ်လို့လာပြန်ပါပြီ၊ တရုပ်နှစ်သစ်ကူးနေ့ဟာစည်းဝေးပွဲနေ့ပါ၊ ဒီနှစ်တ
ရုပ်နှစ်သစ်ကူးနေ့က၊ဖေဖေါ်ဝါရီလ ( ၇ ) ရက်နေ့ပါ၊ဒီအချိန်ရောက်တိုင်းကျွန်တော် တို့တွေရဲ့စိတ်တွေဝမ်းသာကြည်နူးမှု တွေနဲ့တက်ကြွလို့နေပါတယ်၊ ဝေးကွာနေကြ
တဲ့ရွာသားတွေနှင့် ကျွန်တော်တို့ တွေပြန်လည်တွေ့စုံကြရမှာမို့ပါ၊ အားလုံးက ဒီအ
ချိန်ကိုမျှော်လင့်နေကြတာမဟုတ်ပါလားဗျာ၊ အသင်းရဲ့ထိပ်ပိုင်းခေါင်းဆောင်းတွေ
ကလဲ စည်းဝေးပွဲကျင်းပမည့်နေရာတွေရွေးကြ၊ရှာကြ၊ဆွေးနွေးကြ၊ အသင်းတာဝန်
ခံတွေကလဲ နေရာထိုင်ခင်းများစီစဉ်ဆောင်ရွက်ကြ၊ အသင်းအမှုးဆောင်တွေကလဲ
ကျွေးမွေးရေးတွေပြင်ဆင်ကြ၊ နယ်မြေခံ ခေါင်းဆောင်တွေကလဲ ကြိုဆို ဧည့်ခံရေး
တွေတိုင်ပင်ကြနဲ့၊ မိမိယူရမယ့်တာဝန်တွေ မလစ်ဟင်းရအောင်လှုပ်ရှားနေကြတာ
မောရ၊ပန်းရမှန်းမသိသရောင်ကြည်နူးပျော်ရွှင်တက်ကြွနေကြပါတယ်၊အသင်းဝင်
ရွာသားတွေကလဲ၊ စုံညီပွဲတော်ကိုစုံညီစွာတက်ရောက်နိုင်ကြဖို့၊ တယောက်နှင့်တ
ယောက်၊သတိတွေပေးကြ၊ဖုန်းတွေဆက်ကြ၊ messages တွေပို့ကြနဲ့ပါ၊ဒီလှုပ်ရှား
မှုတွေဟာ အသင်းကြီးရေရှည်တည်တံ့ခိုင်မြဲရေး နှင့် အသင်းရဲ့ရည်မှန်းချက်တွေ
အောင်မြင်ရေးအတွက်အင်အားတွေဖြစ်သလို၊အသင်းသားအားလုံးရဲ့ညီညွတ်မှုသ
ရုပ်၊ချစ်ခင်ရင်းနှီးမှုသင်္ကေတတွေပဲမဟုတ်ပါလားခင်မျာ။ ။

မှတ်တမ်းတင်

ဘုတလင်

မောင်ညိုချော