ကျွန်တော်တို့ရွာကို လာလည်သူအားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ...

Saturday, January 19, 2008

မဒိုင်ကျင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း

ဒီအသင်းကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မျာအခြေစိုက်ပါတယ်၊မလေးရှားရောက်
ကျွန်တော်တို့ရွာသားလူငယ်တွေ ဖွဲ့စည်းတည်ထောင်ထားတာပါ၊ သက်တမ်းသုံးနှစ်
ကျော်လာပါပြီ၊ ကျွန်တော်တို့ရွာသားတွေဟာ(၂၀၀၂)ခုနှစ်လောက်ကစပြီး၊ မလေး ရှားမြေကိုစတင်အခြေချနေထိုင်ခဲ့ကြပါတယ်၊ရေခြားမြေခြား စွန့်စားဝမ်းစာရှာဖို့ပေါ့
ဗျာ၊ဘ၀အတွက်၊ မိသားစုအတွက်ဆိုပါတော့၊မျှော်လင့်ချက်ရည်မှန်းချက်၊တနင့်တ ပိုးနဲ့ဆိုတော့လဲကြိုးစားရုန်းကန်ရတာနေ့မအားညမနားပါပဲ၊ မလေးရှားရောက်ကျွန်
တော်တို့ရွာသားတွေတစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံကြဖို့အတော်ကိုမလွယ်တဲ့
အဖြစ်ပါ၊ကျွန်တော်တို့ရွားသားတွေရဲ့ရင်ထဲတူညီနေတဲ့ဆန္ဒတစ်ခုက၊အားလပ်ရက်
တွေမှာရွာသားတွေတစုတဝေးတည်း တွေ့နိုင်ဖို့ပါ၊ဒီလိုနဲ့ပဲ၊သူငယ်ချင်းတွေဆုံကြ
တော့၊ရွာသားတွေတစုတဝေးတည်းတွေ့နိုင်မည့်ရက်သတ်မှတ်ဖို့ဆုံးဖြတ်ခဲ့ကြပါ
တယ်၊ အဲဒီနေ့ကတော့တရုပ်နှစ်သစ်ကူးနေ့ပါ၊ ဒီတရုပ်နှစ်သစ်ကူးနေ့မှာမလေးရှား
နိုင်ငံမှာရှိတဲ့၊ ရုံးတွေ၊ ဈေးဆိုင်တွေ၊ အလုပ်ရုံတွေအတော်များများပိတ်ပါတယ်၊အဲဒီ နေ့ဟာရွာသားတွေမျက်နှာစုံညီတွေ့ဆုံကြဖို့အကောင်းဆုံးနေ့ပါပဲ၊ပထမနှစ်မျက်
နှာစုံညီတွေ့စုံပွဲရဲ့ရလာဒ်ကတော့ကျွန်တော်တို့မဒိုင်ကျင်းကျေးရွာလူငယ်အသင်းဖွဲ့
စည်း နိုင်ခဲ့တာပါပဲ။အဖွဲ့ဝင်ဦးရေ(၉)ယောက်နဲ့စတင်ခဲ့တာပါ၊ သက်တမ်းကြာလာ
တာနှင့် အမျှ၊အဖွဲ့ဝင်ဦးရေဟာလည်း၊ တနှစ်ထက်တနှစ်တိုးပွားလို့လာပါ တယ်၊ဒီ
လိုနှင့်ပဲ ``မဒိုင်ကျင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း´´ဟာမလေးရှား နိုင်ငံမှာကြွားကြွားဝင့်ဝင့်ငွါးငွါးစွန့်စွန့်ပေါ်ထွန်းခဲ့တယ်ပေါ့ဗျာ၊အင်္ဂလိပ်လိပ်လိုတော့
``Development Youth Organization of Madaing Kyin Village ´´

လို့ခေါ်သပေါ့ဗျာ၊---အ ဟဲ----

မှတ်တမ်းတင်

ဘုတလင်

မောင်ညိုချော

No comments: